2 men, 2 cities and a - TopicsExpress



          

2 men, 2 cities and a poem ဒီလမ်းမှာ အောင်ပန်းလွန်မှ လွိုင်ကော် အကြောင်း ပြောကြေးက စလို့ ကဗျာကို ရေးပြီ ခရီးမဆုံးခင် ကဗျာပြီးရမယ် ဒီလမ်းမှာ ရေနီ ရေကို သောက် ကျွဲပေါက် လေးတွေနဲ့ ကျောက်တောင်စောင်း တလျှောက် မြေမညီ လှေကားထစ်စိုက်ခင်း အားလုံး ပါးအို့နီလို့…. တိမ်နဲ့တောင် ထိသလို မုန့်ညှင်းနဲ့ ဂေါ်ဖီ စိုက်ခင်း ဆက်သလို မတူတဲ့ ခရီးမှာ ဆုံတုန်းခဏ ဒီကဗျာထဲ တွေ့တယ်... ဒီလမ်းမှာ လူမှုကွန်ယက်စာမျာက်နှာကို သာလာယံဇရပ် နံရံလို မှတ်သူတွေအကြောင်း တက္ကသိုလ်တွေကို လူတွေနဲ့ ဝေးလေ ကောင်းလေ ပို့ခဲ့ သူကြီး လူတွေက ဝေးလေ ကောင်းလေ မေတ္တာ ပို့ခဲ့ ကြကြောင်းနဲ့ ကိုရာဂျူးဆိုင်မှာ ၉၆၉ တံဆိပ်ကပ်ထားတာလည်း ပါတယ်…. ဘယ်မှာဆုံးရမယ် မရှိတဲ့ ခရီး ဘယ်လိုပြီးရမယ် မသိတဲ့ ကဗျာ ကဗျာအရင်ပြီးမှာလား ခရီးအရင် ဆုံးမှာလား... ဒီလမ်းမှာ ဥာဏ်ပညာကို ခဏချင်း ဓာတ်ဆီလို အမြန်ညှစ်သွင်းလို့ မရလို့ ပင်းဒယလှိုဏ်ထဲ ကျောက်ခက်ပန်းဆွဲလို အချိန်ယူရတာလည်း ပါတယ်… ကဗျာမဆုံးဘူး မဆုံးတဲ့ ကဗျာကို ထားခဲ့မယ် လမ်းမဆုံးဘူး မဆုံးတဲ့ လမ်းကို ဆက်ရမယ်… Min Ko Naing and Min Htin Ko Ko Gyi 28th Oct 2013
Posted on: Sun, 10 Nov 2013 06:12:53 +0000

Recently Viewed Topics




© 2015