Android Touch - TopicsExpress



          

Android Touch ဖုန်းတော်တော်များရဲ့Battery့အားနည်းချက်ကြောင်း~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Android Touch ဖုန်းတော်တော်များရဲ့အားနည်းချက်က Battery ခံနိုင်မှုသက်တမ်းလို့ ပြောရင်ရနိုင်ပါတယ်။ ဒါကလည်း LCD Display ရဲ့အဓိကသုံးစွဲနေမှု့အပိုင်းပါပဲ၊ အဲဒီတော့ ဒီ Post မှာ ဘယ်အပိုင်းတွေကြောင့် Battery စားနေသလဲဆိုတာကို ကိုယ်ဘာသာကိုယ် Monitor လုပ်တဲ့အပိုင်းရယ် အားခံအောင် ဘယ်လိုအချက်မျိုးတွေကိုရှောင်သင့်တယ်ဆိုတဲ့အချက်တွေ ကိုပြောပြပေးသွားပါမယ်။ *-:*-:ဘယ်အပိုင်းတွေကြောင့် / ဘယ် App တွေကြောင့် Battery ပိုကုန်နေသလဲ? :-*:-* တကယ်တော့ Android ဖုန်းတွေရဲ့ Setting ထဲမှာဘယ်အပိုင်းကဘယ် လောက်အတိုင်းအတာအထိ Battery စားနေလဲဆိုတာကို အမြဲတမ်းစောင့် ကြည့်ပေးနေတဲ့ Function တစ်ခုပါဝင်ပါတယ်။ ကိုယ်တိုင်လေ့လာကြည့် မယ်ဆိုရင် Setting ထဲကိုသွားပါ Battery ဆိုတဲ့အပိုင်းမှာ Battery Information အပိုင်းရှိပါတယ်။ အဲဒီနေရာမှာကြည့်လိုက်ရင် Screen က Battery ကို ဘယ်လောက်ရာခိုင်နှုန်းသုံးထားတယ် Voice Call ကဘယ်လောက် ရာခိုင်နှုန်းသုံးထားတယ် စသည်ဖြင့်ဖေါ်ပြနေပါလိမ့်မယ်။ အပေါ်ဆုံးမှာရာခိုင်နှုန်းအများဆုံးနဲ့သုံးနေတဲ့ App တစ်ခုရှိနေတယ် ဆိုရင်တော့ Uninstall လုပ်ပစ်လိုက်တာအကောင်းဆုံးပါပဲ :*-:*-Battery အားခံအောဘင်ယ်လိုထားကြမလဲ? -*:-*: Battery အားကိုတတ်နိုင်သမျှခံနိုင်ဖို့ကို ထိမ်းသိမ်းပေးတာကလွဲရင် ခံနိုင်တဲ့ အရည်အသွေးထက်ပိုပြီးစွမ်းဆောင်နိုင်အောင် လုံးဝလုပ်လို့မရပါဘူး၊ ရခဲ့လျှင် လည်း ၁နှစ်ခံမဲ့ Battery က ၅ လနဲ့ပျက်ပါပြီ။ အဲဒီတော့ အခုသုံးနေတဲ့ Battery Widget တွေ Battery App တွေက ပြောရရင်ပိုပြီးတော့တောင် မိမိဖုန်းကိုအားကုန်စေပါတယ်၊ ဘာကြောင့်လဲဆိုတော့ အချိန်နဲ့အမျှဘယ် လောက်အတိုင်းအတာကျန်သေးလဲဆိုတာကို Notification Bar မှာ Update ဖြစ်အောင်စောင့်ကြည့်ပေးနေရလို့ပါပဲ၊ ဒါဟာ CPU ကိုပိုမိုသုံးစွဲစေပြီး အားကိုပိုကုန်စေတယ်ဆိုတာ ကျိန်းသေပါတယ်။ မည်သည့်ဖုန်းမဆို ၀ယ်တည်းက Battery အတိုင်းအတာဘယ်လောက်ရှိလဲဆိုတာကို ပြသပေးတဲ့ဟာကပါထားပြီးသားပါ ဒါကိုမှထပ်တိုးပြီးနောက်ထပ် App ထည့်တယ်ဆိုကတည်းက Battery ကိုပိုခိုင်းနေပြီဆိုတဲ့သဘောပါပဲ။ နောက်တစ်ခုက Battery Widget တွေတင်တာ ရှင်းလင်းရေး App တွေတင်တာဟာ CPU ကိုပိုပြီးတော့ ခိုင်းစေနေတာဖြစ်တဲ့အတွက် Battery Performance ကိုကျစေပါတယ်။ ဒီတော့ တတ်နိုင်သမျှမိမိ ဖုန်းကိုအားခံအောင်ဘယ်လိုသုံးမလဲ ဆိုတာကတော့ အားသုံးစေမဲ့ အပိုင်းတွေကိုပိတ်ထားစေတဲ့နည်းပါပဲ။ အပေါ်ကပြောခဲ့သလိုဘယ် အပိုင်းကြောင့် Battery စားနေလဲဆိုတာကိုကြည့်ပါ၊ ပြီးရင် အဲဒီအပိုင်း တွေကိုပိတ်သင့်တဲ့အချိန်ပိတ်ထားပါ၊ ကျွန်တော်အနေနဲ့ကတော့အောက်ကအပို င်းလေးတွေကိုအကြမ်းဖျင်း ထိန်းသိမ်းနိုင်မယ်ဆိုရင် Battery အားခံနိုင်ရည်ကိုပိုမိုကောင်းမွန်လာ မယ်လို့ယူဆပါတယ်။ ၁။ GPS ကိုအမြဲဖွင့်မထားပါနဲ့ GPS ဆိုတာက Connection ကိုအမြဲလိုက်ဖမ်းနေတာဖြစ်တဲ့အတွက်ကြောင့် GPS ကိုအမြဲဖွင့်ထားမယ်ဆိုရင် ဖုန်း Battery ပိုစားစေမှာဖြစ်ပါတယ်။ ၂။ Wifi ကိုမသုံးရင်ပိတ်ထားပါ Wifi ကိုချိတ်ပြီးသုံးနေတယ်ဆိုရင်တော့ ဖွင့်ထားရမှာဖြစ်ပေမဲ့၊ Wifi ကိုချိတ်သုံး နေခြင်းမဟုတ်ဘဲ ဖွင့်ထားမယ်ဆိုရင်တော့ Wifi ဆိုသည့်အတိုင်းအနီးနားမှာရှိတဲ့ Connection တွေကိုနောက်ကွယ်မှာ လိုက်လံဖမ်းယူနေတာဟာလဲ Battery အားကိုပိုကုန်စေပါတယ်။ ၃။ Bluetooth ကိုမသုံးရင်ပိတ်ထားပါ တစ်ချို့သော User တွေကအမှတ်မထင်ဖွင့်ထားမိတတ်တာမျိုးရှိပါတယ်။ သဘော ကတော့ Wifi နဲ့အတူတူပါပဲ အနီးမှာရှိတဲ့ Bluetooth တွေနဲ့ Connection အနေအထားကို အလိုလျောက် Scan ဖတ်နေတာမို့ Battery ကိုသုံးနေမှာဖြစ်ပါတယ်။ ၄။ Screen Brightness ကိုအဆုံးထိတင်မထားသင့်ပါ အပေါ်ဆုံးမှာပြောခဲ့သလိုပဲ Touch ဖုန်းတစ်လုံးရဲ့အဓိကသုံးစွဲတဲ့အပိုင်းဟာ Screen ပဲဖြစ်ပါတယ်။ ဒါကြောင့် Screen အလင်းအမှောင်ကိုအဆုံးထိတင် ထားမယ်ဆိုရင်တော့ Battery ကိုပုံမှန်ထက်ကိုပိုစားစေမှာဖြစ်ပါတယ်။ ၅။ Live Wallpaper များသုံးခြင်း ဒါကတော့မိမိဖုန်းကို အလှဆင်မှုအပိုင်းဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့တော့ ပြောလို့မရပါဘူး၊ ဒါမဲ့ ပြောလို့ရတာကတော့ Live Wallpaper ဟာ Battery ကိုပိုသုံးစေတဲ့အထဲမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ တစ်ချို့ Live Wallpaper တွေ က Animation ကိုသိပ်သုံးမထားခဲ့ရင်တော့ပြသနာမကြီးပေမဲ့ တစ်ချို့ Live Wallpaper တွေက animation ကိုတော်တော်များများကြီးသုံးတတ်ပါတယ်။ အဲလိုသုံးထားပြီးဆိုရင်တော့ Battery Information ထဲမှာဝင်ကြည့်လိုက် အားသုံးသည့် ရာခိုင်းနှုန်း ကိုအများဆုံးမဟတ်ရင်တောင် ဒုတိယနေရာ၊တတိယနေရာလောက်မှာကျိန်းသေရှိနေပါလိမ့်မယ်။ ၆။ အားကုန်ခမ်းအောင်အသုံးပြုခြင်း ဒီအပိုင်းကတော့ Battery ပိုကုန်စေတာမဟုတ်ပါဘူး၊ Battery ရဲ့သက်တမ်းကို တိုစေတာပါ။ Battery ရဲ့သက်တမ်းကိုကုန်ခမ်းသွားအောင်သုံးပြီးမှ အားပြန်သွင်း တာကို ၁၀ ကြိမ်မှာ တစ်ကြိမ်သက်သက်လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့်အမြဲတမ်းဖြစ် နေမယ်ဆိုရင်တော့ Battery သက်တမ်းကကျိန်းသေကျဆင်းသွားပါလိမ့်မယ်။ (၁) နှစ်ကြာအောင်သုံးနိုင်တဲ့ Battery သက်တမ်းက ၅ လနဲ့ပျက်ဆီးပြီးလဲရတာ မျိုးရှိသလို၊ အားသွင်းလိုက်ရင်လည်းအရင်က ၁ နာရီခံတဲ့ဖုန်းက နာရီဝက်ပဲခံတော့ တာမျိုးပြသနာတွေကြုံလာရမှာဖြစ်ပါတယ်။ ၇။ Connection မရနိုင်တော့တဲ့နေရာ Airplane Mode ON ထားသင့်သည် ဒါကတော့တစ်ခါတရံမှကြုံရမှာပါ၊ အများဆုံးအဖြစ်များတာကတော့ ခရီးသွားတဲ့အခါမျိုးတွေမှာပေါ့၊ လိုင်းကမမိတော့ဘူးဆိုတဲ့အချိန်မှာ ဖုန်း Radio ကလိုင်းဆွဲအားကိုပိုသုံးနေရပါတယ်။ လိုင်းလဲမိရောဖုန်းပြောစရာအားမရှိတာ မျိုးကြုံတတ်ပါတယ်။ ဒါကြောင့်လိုင်းလုံးဝမမိတော့ဘူးဆိုရင် Airplane Mode ON ထားလိုက်တာမျိုးပဲဖြစ်ဖြစ်၊ Power ပိတ်ပစ်လိုက်တာမျိုးပဲဖြစ်ဖြစ်လုပ်ထားရင်အားကုန်သက်သာစေမှာဖြစ်ပါတယ်။ ၈။ Battery သုံးမဲ့ App တွေကိုလေ့လာစောင့်ကြည့်ခြင်း တစ်ချို့တွေကမိမိဖုန်းထဲမှာ App များပြီးရောဆိုပြီးထည့်ထားတတ်ကြပါတယ်။အဲလိုထည့်ထားလိုက်ရင်လည်း ဘယ် App တွေကဘာမှန်းမသိဘဲနောက်ကွယ်မှာ Run နေတတ်တာမျိုးတွေရှိပါတယ်။ တစ်ချို့ App တွေဆိုနောက်ကွယ်မှာအမြဲ တမ်း Run နေပြီးတော့ ဖုန်းတစ်လုံးရဲ့အခြေအနေကိုစောင့်ကြည့်နေတာမျိုး တွေရှိပါတယ်။ ဥပမာ ရှင်းလင်းရေး လို App မျိုးပေါ့ သင့်ဖုန်းကိုအပြည့်အ၀ ကာကွယ်ပေးနေပါသည်ဆိုပြီး အပြည့်အ၀ Battery သုံးနေတာပါ။ သိသိသာသာကြီး ဆွဲယူသုံးဆွဲနေတာမျိုးမဟုတ်ပေမဲ့ Battery အားကိုအသုံးပြုနေတာကတော့ အမှန်ပါပဲ။ အဲဒါတွေသုံးမှဖုန်းပိုလေးသွားတတ်ပါတယ်။ Android OS မှာကိုက Memory Management တွေ Cache Management တွေပါပြီးသားပါ ဒါကို App သုံးပြီးရှင်းတာဟာ မလိုအပ်တဲ့အချိန်မှာရှင်းရင်ပို ပြီးတော့လေးလံစေပါတယ်။ ဆိုလိုချင်တာက ဘယ် App ကြောင့်ရယ်တော့တိုက်ရိုက်စွဲဆိုပြီး List ထုတ်ပေး လို့မရပါဘူး၊ ကိုယ် Phone ထဲက Battery Information မှာဝင်စစ်ကြည့်လိုက်ရင် ဘယ် App တွေက အားပိုစားစေတဲ့ဆိုတဲ့အချက်ကိုတွေ့ရပါလိမ့်မယ်။ ကောင်းပါပြီ ... အကြမ်းဖြင်းအားဖြင့် ဒီအချက်တွေကိုသေချာအမြဲတမ်းသတိထားမယ် ဆိုရင်တော့ မိမိ Android ဖုန်းမှာ Battery အားသုံးစွဲမှု့ကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ တကယ်တော့ Factory Default ထက်ပိုမိုပြီးအားကိုသုံးလို့မရနိုင်ပါဘူး၊ အဲလိုရနိုင်တဲ့ App တွေဆိုတာကလည်း အေပ်ါကပြောတဲ့အချက်တွေကို Setting ထဲမှာအလို လိုလိုက်ပြင်ပေးတဲ့အဆင့်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိဘာသာ Manage လုပ်မယ် ဆိုရင်တော့ အကောင်းဆုံးနဲ့စိတ်အချရဆုံးဖြစ်မယ်လို့ပြောချင်ပါတယ်။ အဆင်ပြေနိုင်ပါစေ Credit To Lamin Maung
Posted on: Thu, 07 Nov 2013 23:46:15 +0000

Trending Topics



10

Recently Viewed Topics




© 2015