Be Peaceful World ! ငြိမ်းချမ်းပါစေ - TopicsExpress



          

Be Peaceful World ! ငြိမ်းချမ်းပါစေ ကမ္ဘာမြေ ...................... အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ရည်ရွယ်ချက် - နိုင်ငံတစ်ဝှမ်းလုံးတွင် စစ်ပွဲများ၊ ဖိနှိပ်မှုများ၊ အကြမ်းဖက်မှုများ ပပျောက်စေရေး။ - ပြည်သူများအကြားတွင် ငြိမ်းချမ်းရေးအနှစ်သာရများ ပြန့် ပွားစေရေးနှင့် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် အားလုံးပူးပေါင်းပါဝင်လာစေရေး။ - အမျိုးသား ပြန်လည် သင့်မြတ်ရေး။ Theme တစ်နိုင်ငံလုံး ပြန်လည် သင့်မြတ် ။ လွတ်လပ်ငြိမ်းချမ်းမျှတလမ်းသို့ မတူလက်များ တွဲကြစို့ ။ Agenda နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ အောက်ပါ အစီအစဉ်များကို ကျင်းပမည်ဖြစ်ပါသည်။ ၁။ ငြိမ်းချမ်းရေး ပြခန်းများ - ကဗျာပြခန်းနှင့် ကဗျာရွတ်ဆိုပွဲများ။ - သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြခန်း။ - နာရေး ကူညီမှုအသင်း (ရန်ကုန်) ၏ ငြိမ်းချမ်းရေး ပြခန်း။ - ကာတွန်းပြခန်း။ - ပန်းချီပြခန်း။ ၂။ ငြိမ်းချမ်းရေး ပညာပေး ဖျော်ဖြေတင်ဆက်မှုများ။ - Graffiti Performance - Caricature ရေးဆွဲပေးခြင်းများ - တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်းများ နှင့် အကပဒေသာများ။ - မျက်လှည့်ပွဲများ။ - ပြည်သူများ ပါဝင်နိုင်သော ပျော်ရွှင်ဖွယ်ကစားနည်းများ။ ၃။ စင်တင်တေးဂီတ ဖျော်ဖြေပွဲများ။ - နေ့ လည် ၂နာရီမှ ၄ နာရီအထိ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့ လမ်း ငြိမ်းချမ်းရေး ဂီတအဖွဲ့ နှင့် ရွှေသံစဉ် တေးဂီတ အဖွဲ့ တို့ ၏ ငြိမ်းချမ်းရေး ဂီတတင်ဆက်မှု။ - ညနေ ၅ နာရီမှ ၆ နာရီ ခွဲအထိ လူငယ်တေးဂီတ အဖွဲ့ များ၏ ဖျော်ဖြေတင်ဆက်မှုများ။ ၄။ ငြိမ်းချမ်းရေး ဆုတောင်းပွဲ။ -ညနေ ၄ နာရီမှ ၅ နာရီအတွင်း မြန်မာ့ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ၂ မိနစ် ငြိမ်သက်ဆုတောင်းခြင်း။ - ငြိမ်းချမ်းရေး သ၀ဏ်လွှာများ ဖတ်ကြားခြင်း။ - ငြိမ်းချမ်းရေး စကားများ ပြောကြားခြင်း။ - ငြိမ်းချမ်းရေးအတွက် ရည်ရွယ်၍ ငြိမ်းချမ်းရေး ငှက်လွှတ်ခြင်း။ ငြိမ်းချမ်းရေးလိုလားသူများ အရပ်ဖက် လှုမှုအကျိုးပြု အဖွဲ့ အစည်း ၆၀ ခန့် 
Posted on: Wed, 18 Sep 2013 07:37:57 +0000

Trending Topics



Recently Viewed Topics




© 2015