DIGICEL - TopicsExpress



          

DIGICEL အကြောင်း ကမ္ဘာ့ရှေ့ဆောင် ဆက်သွယ်ရေး ပေးသော Digicel Group Limited ကုမ္ပဏီ ဟာ ကာရီဘီယန် ၊ အမေရိကတိုက်အလယ်ပိုင်း၊ အာရှ ပိစိဖစ် ရှိ ဈေးကွက်ပေါင်း ၃၁ခု လုပ်ဆောင် လည်ပတ်လျှက်ရှိပါသည်။ နှစ်ပေါင်း ၁၂နှစ်ကြာ လုပ်ငန်းသက်တမ်းအပြီး ယနေ့အချိန်ထိ ကမ္ဘာနှင့်တ၀ှမ်း ရင်းနှီးမြှပ်နှံ မှုပေါင်း ယူအက်စ်ဒေါ်လာတန်ဖိုးငွေ ၄.၅ ဘီလျံရှိပါသည်။၎င်း၏ အကောင်းဆုံး တန်ဖိုး၊ အကောင်းဆုံး ၀န်ဆောင်မှု နှင့် အကောင်းဆုံး ကွန်ရက် ချိတ်ဆက် နိုင်မှု တို့ကြောင့် နာမည်ကျော်ကြားပါသည်။ လူထုအကျိုးပြု ဦးတည် စွမ်းဆောင်မှု တွေကို လုပ်ငန်းရှိရာ ဈေးကွက်တွေမှာ တာဝန်ခံ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ နှင့် လူမှုဘ၀ အထောက်အကူ တိုးတက်ရေး အစီအစဉ်များ ကို အဓိကထားပြီး Digicel Foundations ကို ဂျမေကာနိုင်ငံ၊ ဟေတီနိုင်ငံ၊ ပါပူးဝါး နယူးဂီနီနိုင်ငံ နှင့် ဒရီနီဒက် အင် တိုဘားကိုး နိုင်ငံများမှာ အကျိုးပြုထားပါသည်။ ကာရီဘီယျံ၊ အမေရိကတိုက်အလယ်ပိုင်း နှင့် ပိစိဖစ် စသော ဒေသများမှာ Digicel ဟာ အားကစားအသင်းများ၊ မသန်မစွမ်းသူများ ပါဝင်သော အိုလံပစ်အသင်း အပြင် ကမ္ဘာ့အမြန်ဆုံးလူသား ဟုအမည်ပေးခံရတဲ့ Usain Bolt တို့၏ အဓိက ပံ့ပိုးသူဖြစ်ပါသည်။ ၀စ်အင်ဒီးနိုင်ငံ၏ ခရစ်ကတ်အသင်းကို လည်း ပံ့ပိုးလျှက်ရှိပါသည်။ ထို့အပြင်၂၀၁၂ မှစတင်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နှင့် မြန်မာ့ မသန်မစွမ်းသူများ အိုလံပစ်အသင်း ၏ အဓိက ပံ့ပိုးသူဖြစ်ပါသည်။ အခြားသီတင်းအချက်အလက်များ ပိုမိုသိရှိလိုလျှင် ဆက်သွယ်ရန် Thiri Kyar Nyo Public Relations Manager Digicel Myanmar thirikyarnyo@gmail ++95 511 7204
Posted on: Thu, 13 Jun 2013 03:24:06 +0000

Trending Topics



Recently Viewed Topics




© 2015