Geekamania Burma back !! more will come !! World of Warcraft - TopicsExpress



          

Geekamania Burma back !! more will come !! World of Warcraft expansion အသစ်ဖြစ်တဲ့ Warlords of Draenor ရဲ့ cinematic ထွက်ပါပြီ။ Expansion ကတော့ နိုဝင်ဘာ ၁၁ ရက်နေ့မှာထွက်မှာ ဖြစ်ပါတယ်။ Cinematic ကတော့ လုံးဝ epic ပါဘဲ Pre-cinematic comic၊ Guldan နဲ့ Garrosh တွေ့တဲ့အကြောင်း ဖြစ်တဲ့ Guldan and the Stranger ကို ဒီမှာ Download ရယူနိုင်ပါတယ်: t.co/SyIwVZNF79 Minor spoilers: Siege of Orgrimmar အပြီး Garrosh Hellscream ဟာ စစ်တရားခံအနေနဲ့ စစ်ခုံရုံးအတင်ခံရပါတယ်။ စီရင်ချက်မချမှီမှာ Kairoz (Timeless Island မှာ quest ပေးတဲ့တစ်ယောက်။ Bronze Dragon) ရဲ့အကူအညီနဲ့ အတိတ် (လွန်ခဲ့တဲ့ ၃၅ နှစ်) ကို ပြန်သွားပြီး Orc တွေ demon blood မသောက်မိအောင် ပြန်တားတာဖြစ်ပါတယ်။ အချိန်မှီ တားမြစ်နိုင်ခဲ့တာကြောင့် Orc တွေဟာ Burning Legion ရဲ့ ကျွန်ပြုခြင်းမခံရတော့ဘဲ Garrosh ဟာ သူ့အဖေ Grom Hellscream ကို ခေါင်းဆောင်အဖြစ်တင်မြှောက်ပြီး Draenor မှာရှိတဲ့ Orc Clan တွေကို စုစည်းကာ Iron Horde အဖြစ်ဖွဲ့စည်းပါတော့တယ်။ ဒီ expansion မှာ Alliance နဲ့ Horde တို့ဟာ Hellscream သားအဖဦးဆောင်တဲ့ Iron Horde နဲ့တိုက်ခိုက်ရမှာဖြစ်ပါတယ်။
Posted on: Thu, 14 Aug 2014 18:29:06 +0000

Trending Topics



Recently Viewed Topics




© 2015