Google က Lenovo တွင် ဒေါ်လာ သန်း - TopicsExpress



          

Google က Lenovo တွင် ဒေါ်လာ သန်း ၇၅၀ ရင်းနှီးသွားမည် ( မဇ္စို့မ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် ) အင်တာနက် ၀က်ဘ်ကုမ္ပဏီတစ်ခုဖြစ်သော Google က တရုတ်အခြေစိုက် ကွန်ပျူတာကုမ္ပဏီတစ်ခု ဖြစ်သည့် Lenovo မှ ဒေါ်လာသန်း ၇၅၀ တန်ဖိုးရှိ ရှယ်ယာများ ၀ယ်ယူကာ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ် သည်။ ရိုက်တာသတင်းဌာန၌ ဖော်ပြခဲ့သော သတင်းများအရ Google က Lenovo ၏ရှယ်ယာ ၅ ဒသမ ၉၄ ရာခိုင်နှုန်းကို ဇန်န၀ါရီ ၃၀ ရက်တွင် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ Google က Lenovo ၏ ရှယ်ယာပေါင်း ၆၁၈ ဒသမ ၃ သန်းကို ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ရှယ်ယာတစ်ခုလျှင် ၁ ဒသမ ၂၁၃ ဒေါ်လာ ပေးဝယ်ခဲ့ ခြင်း ဖြစ်သည်။ Google က Lenovo အတွင်း ရှယ်ယာထည့်သွင်းမှုမှာ လွန်ခဲ့သော ဇန်န၀ါရီ ၂၉ ရက်တွင် Motorola Mobilityကို Lenovo သို့ ရောင်းချခဲ့သည့် ဒေါ်လာ ၂ ဒသမ ၉၁ ဘီလီယံငွေကြေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ Motorola Mobility ကိုဝယ်ယူမှုတွင် Lenovo က Google အား ဒေါ်လာ သန်း ၆၆၀ လက်ငင်း ပေးချေခဲ့ရပြီး နောက်ထပ် သုံးနှစ်အကြာတွင်ကျန်ရှိသည့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအားပေးချေရမည် ဖြစ်သည်။ CNet| လန်ဒန်၊ ဖေဖော်ဝါရီ ၉
Posted on: Mon, 10 Feb 2014 05:22:06 +0000

Trending Topics




© 2015