House & - TopicsExpress



          

House & HOME အင်္ဂလိပ်စကားပြောတဲ့အခါ ဝေါဟာရ ကြွယ်ဝမှသာပြောချင်တဲ့စကားကိုထိထိရောက်ရောက် တစ်ဖက်သားနားလည်အောင် ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝေါဟာရ ကြွယ်ဝဖို့ အတွက် Listening, Reading တွေကတဆင့် စကားလုံးအသစ်အသစ်တွေကိုလေ့လာဖတ်ရှု မှတ်သားကြရ ပါတယ်။ စကားလုံးအသစ်တွေ စုဆောင်းဖို့ လိုအပ်သလိုသိပြီးသားစကားလုံးတွေကိုလည်းတိတိကျကျ သေသေချာချာသုံးတတ်ဖို့ လိုပါတယ်။ နေ့စဉ်တွေနေရတဲ့ စကားလုံးတွေ ဖြစ်တဲ့ House နဲ့ Homeတို့ရဲ့ အသုံးအနှုန်းများကိုရေးသားလိုက်ပါတယ်။ House (n) – အိမ် He went into the house. (သူအိမ်ထဲကိုဝင်သွားခဲ့တယ်) House (n) – တဲ၊ ရုံ၊ ရုံး၊ တင်းကုတ်၊ ဂေဟာစသည် A hen house (ကြက်တဲ) An opera house (ပြဇာတ် ရုံ) A public house (ဘုံဆိုင်) A guest-house (ဧည့်ရိပ်သာ) House (n) – စားသောက်ဆိုင်၊ ဆိုင် A coffee house (ကော်ဖီဆိုင်) A steak house (အမဲကင်ဆိုင်) House (n) – (လုပ်ငန်း) အဆောက်အဦ၊ တိုက် A fashion house (ဖက်ရှင်ဆိုင်) A banking house (ဘဏ်လုပ်ငန်းဆိုင်ရာအဆောက်အဦ) A publishing house (ပုံနှိပ်တိုက်) House (n) – လွှတ်တော် The upper house of Japanese parliament (ဂျပန်နိုင်ငံပါလီမန် အထက်လွှတ်တော်) House (n) – ဆွေးနွေးပွဲတက်ရောက်သူများ I urge the house to vote against the motion. ( အစည်းအဝေးတွင် အဆိုပြုချက်ကိုကန့်ကွက်မဲထည့်ကြဖို့ တက်ရောက်သူတွေကို ကျွန်တော်ကတိုက်တွန်းတယ်။) House (n) – ပွဲကြည့်ပရိတ်သတ် This football match is full of houses. (ဒီဘောလုံးပွဲကပွဲကြည့်ပရိတ်သတ်တွေ ပြည့်နေတယ်) *************************************************************************** House (v) – နေရာထိုင်ခင်းပေးသည်၊ အိမ်စီစဉ်ပေးသည်။ The council should house the homeless people. ( အိမ်ခြေမဲ့တွေကိုကောင်စီကအိမ် စီစဉ်ပေးသင့်တယ်။) House (v) – ထည့်ထားသည်။ The books are housed in the showcase. (စာအုပ်တွေကို ရှိုးကေ့(စ်)ထဲမှာထည့်ထားတယ်။) *************************************************************************** Houseboat (n) - လှေပေါ်အိမ် Housebound (adj) - ခြေချုပ်မိသော Housebreaking (n) - ဖောက်ထွင်းမှု ကျူးလွန်ခြင်း Household (n) - အိမ်ထောင်စု၊ အိမ်သူအိမ်သားများ Housekeeper (n) - အိမ်ဖော်၊ အိမ်စေ Housekeeping (n) - အိမ်မှုကိစ္စ ထိန်းသိမ်းမှု၊ အိမ်အသုံးစရိတ်၊ ဈေးဖိုး Housemaid (n) - အိမ်ဖော် Houseman (n) - အလုပ်သင်ဆရာဝန် Housemaster (n) - အဆောင်မှူး Housetops (n) - အိမ်ခေါင် Housewife (n) - အိမ်ရှင်မ Housework (n) - အိမ်မှုကိစ္စ၊ အိမ်တွင်းမှု အလုပ် Home (n) – နေအိမ်၊ အိမ် He left home. (အိမ်ကထွက်သွားတယ်) House ကိုအိမ်ဟုအသုံးပြုရာတွင် ယေဘုယျ သဘောတရားနေရာ/ အဆောက်အဦးအဖြစ် ဆိုလိုပြီး Home သည်နေထိုင်သည့်အိမ်ကိုညွှန်းဆိုခြင်း ဖြစ်သည်။ Home (n) – ထားစရာနေရာ I must find a home for these books. (ဒီစာအုပ်တွေထားဖို့ နေရာရှာရမယ်) Home (n) – ဇာတိချက်ကြွေ မွေးရပ်မြေ (မြို့၊ ရွာ၊ တိုင်း၊ နိုင်ငံစသည်) I was born in Mandalay, but I now regard Yangon as my home. (ကျွန်တော့်ကို မန္တလေးမှာမွေးတယ်၊ ဒါပေမဲ့ ခုတော့ ရန်ကုန်ကိုပဲဇာတိလိုသဘောထားတယ်။) Home (n) – ရှင်သန်ရာဇာတိ/နေရာ၊ စတင်ရာနေရာ The tiger’s home is (in) the jungle. (ကျားတွေ ရှင်သန်ရာနေရာကတောပါ) Greece is the home of democracy. (ဂရိဟာဒီမိုကရေစီစတင် ရှင်သန်ရာနေရာပါ) America is the home of Jazz. (အမေရိကန်သည် ဂျက်(ဇ်)ဂီတစတင်ပေါ်ပေါက်တဲ့ နေရာပါ) *************************************************************************** Home (v) – (အိမ်၊ ပစ်မှတ်စသည်ကို) ဦးတည်သည်။ *************************************************************************** Home (adj) – မိသားစုနှင့် သက်ဆိုင်သော Home comforts (မိသားစုအရိပ်အာဝါသ) Home (adj) – မိမိဒေသနှင့် ဆိုင်သော Home product (ဒေသထွက်ကုန်) Home (adj) – အိမ်ရှင်ဖြစ်သော Home team (အိမ်ရှင်အသင်း) Home (adj) – အိမ်လုပ်၊ လက်ဖြစ် Home cooking (အိမ်မှာကိုယ့်ဟာကိုယ် ချက်ပြုတ်ခြင်း) Home movie Home (adj) – ပြည်တွင်းနှင့် ဆိုင်သော Home market (ပြည်တွင်းဈေးကွက်) Home news (ပြည်တွင်းသတင်း) Home affairs (ပြည်တွင်းအရေးကိစ္စ) Ministry of Home Affairs (ပြည်ထဲရေးဝန်ကြီးဌာန) *************************************************************************** Home (adv) – အိမ်မှာ၊ အိမ်သို့ Are you home yet? (မင်းအိမ်မှာပဲလား?) I got home at 7:30 PM. (ကျွန်တော် အိမ်သို့/ကို ည ၇နာရီခွဲမှာ ရောက်တယ်) I am on my way home. (ကျွန်တော် အိမ်အပြန်လမ်းမှာ) Home (adv) – ထိထိမိမိ၊ အဆုံးတိုင် He drives a nail home. (သူကသံကိုအဆုံးထိ ရိုက်သွင်းလိုက်တယ်) Few of his punches go home. (သူ့လက်သီးချက်များကထိထိမိမိသိပ်မရှိပါ) The photos of the war brought home to me the suffering of the soldiers. ( စစ်သားတွေရဲ့ ပင်ပန်းဆင်းရဲမှုတွေကိုစစ်အတွင်းက ရိုက်ထားတဲ့ ဓါတ်ပုံတွေက ကျွန်တော့်ကိုကွက်ကွက်ကွင်းကွင်း မြင်စေတယ်။) Homeless (n/adj) - အိုးမဲ့အိမ်မဲ့၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသော Home-made (adj) - အိမ်လုပ်/ လက်ဖြစ် (e.g. home-made jam) Home rule (n) - ကိုယ်ပိုင် အုပ်ချုပ်ရေး Home Secretary (n) - ပြည်ထဲရေးဝန်ကြီး (ဗြိတိန်တွင် သုံးသည်) Home straight/stretch (n) - ပြီးခါနီးအပိုင်း၊ ပန်းဝင်ခါနီးအပိုင်း Home truth (n) - အမှန်အတိုင်းအားမနာတမ်းပြောသည့်စကား Homeland (n) - မိမိဇာတိဒေသ၊ မွေးရပ်ဌာနေ၊ တောင်အာဖရိက နိုင်ငံမှ လူမည်းများအတွက် သီးသန့် နေရာ Homely (adj) - ကိုယ့်အိမ်လို၊ ရိုးစင်းသော (homely place/homely woman) Homesick (adj) - အိမ်ကိုလွမ်းသော Homesickness (n) - အိမ်လွမ်းနာ Homestead (n) - အိမ်ရာ ခြံမြေ၊ ဓါးမဦးချမြေ Homework (n) - အိမ်စာ Homey (adj) - ကိုယ့်အိမ်ကိုယ့်ရာလိုသဘောထားနိုင်သော (အလျင်းသင့်ရင် Types of house - အိမ်အမျိုးအစားများအကြောင်းကိုလည်းဆက်လက် ရေးပါဦးမယ်) အောင်ကိုဦး (UMK
Posted on: Tue, 29 Oct 2013 02:23:56 +0000

Trending Topics



Recently Viewed Topics




© 2015