IFA 2013 ကုန်စည်ပြပွဲ - TopicsExpress



          

IFA 2013 ကုန်စည်ပြပွဲ မတိုင်မီ G Pad 8.3 tablet ၏ အသေးစိတ် အချက်အလက်များ LG ထုတ်ပြန် ယခု သီတင်းပတ်အတွင်း ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ကျင်းပမည့် IFA 2013 ကုန်စည်ပြပွဲ မတိုင်မီ G Pad 8.3 tablet ၏ အသေးစိတ် အချက်အလက်များကို LG မှ ထုတ်ပြန်ခဲ့သည်။ LG ၏ G Pad 8.3 tablet သည် Full HD display ပါဝင်သော ပထမဦးဆုံး (၈) လက်မအရွယ် tablet တစ်ခုဖြစ်သည်။ တစ်လက်မလျှင် (၂၇၃) ပီဇယ် ပါဝင်ပြီး 1,920 x 1,200 display ကို အထောက်အပံ့ ပေးနိုင်သည်။ အနောက်ဖက် ကင်မရာသည် 5-megapixel အထောက်အပံ့ ပေးနိုင်ကာ ဗီဒီယိုချက်တင် အတွက် အသုံးပြုနိုင်မည့် အရှေ့ဖက် ကင်မရာသည် 1.3-megapixel အထောက်အပံ့ ပေးနိုင်သည်။ G Pad ကို အဓိက မောင်းနှင်ပေးမည့် ပရိုက်ဆက်ဆာမှာ 1.7GHz မြန်နှုန်းရှိ quad-core Qualcomm Snapdragon 600 processor ဖြစ်ပြီး၊ Android 4.2.2 Jelly Bean လည်ပတ်စနစ် အသုံးပြုထားသည်။ RAM 2GB ပါရှိကာ အချက်အလက် သိုလှောင်မှု 16GB နှင့် 4,600mAh ဘက်ထရီတို့ဖြင့် ပံ့ပိုးပေးထားကြောင်း သိရသည်။ itproportal/2013/09/02/lg-teases-g-pad-83-tablet-details-... credit to : MRTV-4 mrtv4.mm/news/international/science-tech/detail/item%3A19694
Posted on: Wed, 04 Sep 2013 11:29:14 +0000

Trending Topics



Recently Viewed Topics




© 2015