**Joke of the - TopicsExpress



          

**Joke of the day** ••ဖိနပ်တစ်ဖက်•• Emirates Stadiumရှေ့ရှိအမှတ်တရပစ္စည်းရောင်းသော ဆိုင်သို့ ကြီးမားကြံ့ခိုင်ထွားကြိုင်းသောလူကြီးတစ်ယောက် ရောက်လာပြီးအရောင်းဝန်ထမ်းအားပြောလိုက်သည်။ "ဖိနပ်တစ်ဖက်လိုချင်တယ်" "တစ်ဖက်မရောင်းပါဘူးခင်ဗျာ။ တစ်ရံ လုံးပဲရောင်းပါတယ်။" "မလိုချင်ဘူး။ တစ်ဖက်ပဲလိုချင်တယ်။ မင်းရောင်းမှာလား မရောင်းဘူးလား" "ဒါဆို ခဏစောင့်ပါဦးဗျာ။ မန်နေဂျာကိုသွားမေးလိုက်ဦးမယ်" ကုန်များကိုဈေးနှုန်းတပ်နေသော မန်နေဂျာထံ သွား၍အရောင်းဈေးသည်ကပြောလိုက်သည်။ "အပြင်မှာ ဘယ်လိုငနဲ ကြီးလည်းမသိဘူး။ ကြည့်ရတာလည်း ကျက်သရေကမရှိနဲ့ ဖိနပ်တစ်ဖက်ရောင်းပါဆိုပြီး ဂျီကျနေတယ်။" မန်နေဂျာဖြစ်သူလည်း ထိုအရောင်းဝန်ထမ်း၏နောက်သို့ မျက်လုံးပြူး မျက်ဆံပြူး နှင့်ကြည့်နေသည်ကို အရောင်းဝန်ထမ်းကသတိထားမိ၍နောက်သို့လှည့်ကြည့်ရာ သူ့နောက်မှ ဝင်လာသောထိုလူကြီးသည် သူပြောသမျှအားလုံးကြားသွားသည်ကိုသိလိုက်သဖြင့် ချက်ချင်းပင်မန်နေဂျာဘက်သို့လှည့်ကာစကားကိုပြင်ပြော လိုက်သည်။ "အဲ အဲ ဒီကလူကြီးမင်းကလည်း ကျန်တဲ့ တစ်ဖက်ကိုလိုချင်လို့တဲ့။" #AD LALIGA.
Posted on: Fri, 04 Oct 2013 09:38:10 +0000

Trending Topics



Recently Viewed Topics




© 2015