Marvel ရဲ့ Avengers ဇာတ်ကား ကို - TopicsExpress



          

Marvel ရဲ့ Avengers ဇာတ်ကား ကို အားကျမခံဘဲ DC ကလည်း သူ့ရဲ့ ကိုယ်ပိုင် စူပါဟီးရိုးတွေကို ရုပ်ရှင် တစ်ကားထဲမှာ ထည့်သွင်း ဖန်တီးဖို့ ကြိုးစားလာပါတယ်။ 2016 March လမှာထွက်ရှိလာမယ့် DC Entertainment ရဲ့ စူပါဟီးရိုး ဇာတ်ကားတစ်ကား ဖြစ်တဲ့ Men of Steel နံပါတ် 2 မှာ Batman ပါဝင်လာမယ်လို့ သိခဲ့ပြီးသားဖြစ်ကြမှာပါ။ အဲ့ဒီနေရာမှာ သရုပ်ဆောင်ဖို့ကိုလည်း မင်းသား Ben Affleck ကို ဝေဖန်မှုတွေ များစွာကြားက ရွေးချယ်ခဲ့ကြပါတယ်။ Super Man နေရာကိုတော့ အရင် Man of Steel မင်းသား Henry Cavill ကပဲ ဆက်လက် ပါဝင်သွားမှာပါ။ ထပ်မံ အားဖြည့်လိုက်တဲ့ စူပါဟီးရိုးကတော့ Wonder Woman ဖြစ်ပြီး သရုပ်ဆောင် အနေနဲ့ ကတော့ Fast and Furious 5 မှာ ပါဝင် ခဲ့တဲ့ Gal Gadot ဆိုတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ Now You See Me ဇာတ်ကားနဲ့ ရင်းနှီးခဲ့ကြဖူးမယ့် မင်းသား Jesse Eisenberg ကတော့ Super Man ဇာတ်ကားတွေရဲ့ စူပါဗီလိန် Lex Luthor နေရာကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။ Super Man ရဲ့ ချစ်သူ သတင်းထောက်မလေး Louis Lane နေရာကိုတော့ American Hustle မင်းသမီး Amy Adam က သရုပ်ဆောင်သွားမှာပါ။ Batman နေရာမှာသရုပ်ဆောင်မယ့် Ben Affleck နဲ့ Wonder Woman, Gal Gadot တို့က သူတို့ကာရိုက်တာ တွေ နဲ့ လိုက်ဖက်တဲ့ ခန္ဓာကိုယ် အချိုးအစားရအောင် တစ်နေ့ကို နှစ်နာရီ training တွေပြုလုပ် နေချိန်မှာတော့ ကျွန်တော်တို့ ရဲ့ မင်းသားကြီး Dwyane Johnson : The Rock ကတော့ Green Lantern ဟီးရိုး John Stewart နေရာမှာ သရုပ်ဆောင်ဖို့အတွက် သေချာရေရာမှုတွေ ပျောက်ဆုံးနေဆဲပါ။ DC ပရိသတ် အားလုံးကတော့ The Rock ကြီးကို မျှော်လင့်နေကြပါတယ်။ အခြား အငြင်းပွားမှုတွေကတော့ Men of Steel မှာ DC ဟီးရိုးတွေဖြစ်တဲ့ Justice League ကို ထည့်သွင်းရိုက်ကူးသွားမယ်လို့ သတင်း အချို့ထွက်ပေါ်လာတာပါပဲ။ ဒါမှမဟုတ် Justice League ကို Men of Steel ရဲ့ နောက်မှာ သီးသန့် စူပါဟီးရိုးဇာတ်ကားတစ်ကား အနေနဲ့ဆက်လက် ပြသသွားမယ်လို့လည်းဆိုကြပါတယ်။ ဒါပေမယ့် Men of Steel ဟာ Super Man ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် Justice League ကိုထည့်သွင်းမရိုက်ကူးသင့်ဘူး ရိုက်မယ်ဆိုရင်လည်း ဇာတ်ကားအတွက် ခေါင်းစဉ် အသစ်တစ်ခု စဉ်းစားထားသင့် တယ်လို့လည်း ရုပ်ရှင်ဝေဖန်ရေးသမားတွေက ပြစ်တင်နေကြပါပြီ။ ခုချိန်ထိတော့ သေချာ ရေရာတဲ့ ဇာတ်ကောင် အရေအတွက် ဟာ ၈ ခုခန့်ပဲ ရှိပါသေးတယ်။ DC ကတော့ လျှို့ဝှက်စွာနဲ့ Men of Steel နောက်တစ်ကားကို ဖန်တီးနေပါပြီ။ စူပါဟီးရိုးချစ် ပရိသတ်တွေကို ဘယ်လိုအံ့သြမှုတွေနဲ့ တင်ဆက်ပေးမလဲ ဆိုတာကိုတော့ official trailer ထွက်မလာသေးခင်ထိ ရင်ခုန်နေကြရဦးမှာပဲ ဖြစ်ပါတယ်။ Admin : Diligo
Posted on: Tue, 18 Feb 2014 03:01:14 +0000

Trending Topics



Recently Viewed Topics




© 2015