Pyithu Hluttaw - - TopicsExpress



          

Pyithu Hluttaw - ပြည်သူ့လွှတ်တော် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ်[၄-၇-၂၀၁၃] (ကြာသပတေးနေ့)တွင် အောက်ပါ မေးခွန်းများကို မေးမြန်းသွားမည်ဖြစ်ပါသည်။ (က) ဦးကျော်မြင့်၊ နောင်ချို မဲဆန္ဒနယ်၏ လုံရုံးအုပ်စု၊ လောက်ဖန်း ကျေးရွာအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် နှင့် မည်သည့်အချိန်ကာလတွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ခ) ဦးတင်မောင်ဝင်း၊ မင်္ဂလာဒုံ မဲဆန္ဒနယ်၏ ထောက်ကြန့်မြို့တွင် ခုတင်(၂၀၀)ဆံ့ ဆေးရုံကြီး ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိ နှင့် မည်သည့်ကာလတွင် စတင်ဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဂ) ဦးစိုးစိုး၊ ထီးချိုင့် မဲဆန္ဒနယ်၏ လူငယ်အချို့ “ကော်” ရှူသုံးစွဲခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနက ဥပဒေပေါ်ထွက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။ (ဃ) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်၏ ၁၉၉၄ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့သော သူနာပြုတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်တို့ကို ယနေ့အထိ တက်ရောက် အောင်မြင်ခဲ့သည့် အရေအတွက် နှင့် ရာထူးတာဝန်များဖြင့် ခန့်ထားမှု နှင့်စပ်လျဉ်းသည့် မေးခွန်း။ (င) ဦးခင်မောင်မြင့်၊ ရပ်စောက် မဲဆန္ဒနယ်၏ ရပ်စောက်မြို့နယ်၊ အင်းတော မြို့နယ်ခွဲ၊ ကျောက်ကူကျေးလက်ကျန်းမာရေးဌာနကို ကျောက်ကူ တိုက်နယ် ဆေးရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက် နိုင်ရေးအတွက် ခွင့်ပြုရန်ပုံငွေ ရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန် နှင့် စပ်လျဉ်းသည့် မေးခွန်း။ (စ) ဦးသိန်းထွန်းဦး၊ အမရပူရ မဲဆန္ဒနယ်၏ မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေအခက်အခဲတို့အား ပြုပြင်ပြောင်းလဲရန် မည်ကဲ့သို့ စီမံဆောင် ရွက်မည်နှင့် မည်သည့်အချိန်တွင် ကောင်အထည်ဖော် ဆောင်ရွက်မည်တို့ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဆ) ဦကိုကြီး၊ အောင်မြေသာစံ မဲဆန္ဒနယ်(ကိုယ်စား) ဦးသန်းစိုး၊ သာစည် မဲဆန္ဒနယ်၏ အဆင့်မီသော မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဝယ်ယူ ရရှိရေး နှင့် အဆင့်မမီသော မြွေဆိပ်ဖြေဆေးများ ဝယ်ယူမသုံးစွဲမိအောင် မည်ကဲ့သို့ ကာကွယ်တားဆီး သင့်သည်တို့ နှင့်စပ်လျဉ်းသည့် မေးခွန်း။ (ဇ) ဒေါက်တာမောင်မောင်ဝင့်၊ ဗဟန်း မဲဆန္ဒနယ်၏ လှည်းကူးမြို့နယ်၊ ရွာသာကြီးရှိ အသည်းရောင်ဘီရောဂါ ကာကွယ်ဆေးထုတ် စက်ရုံ၏ လက်ရှိ လည်ပတ် နိုင်မှုနှင့် ကာကွယ်ဆေးထုတ်လုပ် နိုင်မှုစွမ်းအားတို့အား မည်သို့ ဆက်လက် ဆောင်ရွက်ရန် အစီအစဉ် ရှိသည် နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဈ) ဦးတင်မောင်ဦး၊ ရွှေပြည်သာ မဲဆန္ဒနယ်၏ လွှတ်တော်များအနေဖြင့် နှစ်စဉ် ဘဏ္ဍာရေးအသုံးစရိတ်များအထဲမှ လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက် ရှိရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လွှတ်တော်မှတစ်ဆင့် ပြည်သူသို့ ပြောကြားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ည) ဦးမြင့်စိုး၊ ပျော်ဘွယ် မဲဆန္ဒနယ်၏ ၂၀၁၅ ခုနှစ်၊ AFTA သို့ ဝင်ရောက် တော့မည်ဖြစ်ရာSME လုပ်ငန်းများအနေဖြင့် အထောက်အကူ ဖြစ်ရန်အတွက် ဘဏ်ချေးငွေများကို တစ်နှစ်လျင် တစ်ရာခိုင်နှုန်း ကောက်ခံမှုအား ပယ်ဖျက် ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်းတို့ကို မေးမြန်းပြီး ပြန်ကြားရေးဝန်ကြီးဌာနက တင်သွင်းသော “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းထားသည့် တစ်ပိုဒ်ချင်းစီ အလိုက် ဆွေးနွေး၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။ တို့ဖြစ်ပါသည်။ Download file --------------------------- pyithuhluttaw.gov.mm/meeting/ပထမအကြိမ်ပြည်သူ့လွှတ်တော်-သတ္တမပုံမှန်အစည်းအဝေး-သတ္တမနေ့-၄၇၂၀၁၃
Posted on: Thu, 04 Jul 2013 04:13:43 +0000

Trending Topics



Recently Viewed Topics




© 2015