REAL TEAM WORK since 1989. . . လောက်က - TopicsExpress



          

REAL TEAM WORK since 1989. . . လောက်က အတွေ့အကြုံတစ်ခုပါ။ ကျွန်တော်ဘွဲ့ရတော့ ၁၉၈၇ ၀န်းကျင်လောက်ဖြစ်မယ်။ ပထမဆုံး အလုပ်အတွေ့အကြုံအဖြစ် ကမ်းလွန်ရေနံစတိုဌာနမှာ အလုပ်စ၀င်ဖြစ်ခဲ့ပြီး လက်နှိပ်စက် အင်္ဂလိပ်၊ မြန်မာ ရိုက်တတ်လာခဲ့တယ်။ ကမ်းလွန်မှာ အဖေ့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေက ၀ိုင်းဂရုစိုက်တာခံရတော့ အဖေ့ကိုကျေးဇူးတင်မိတယ်။ နောက်ပိုင်း ၁၉၈၉ ၀န်းကျင်လောက်မှာ ပဲခူးရိုးမတောထဲမှာ ကျွန်တော်နဲ့ ပဲခူးမြို့ဝန်းကျင်က ရောင်းရင်းတစ်သိုက် Recording Cable တွေ Battery တွေ Geo-phone pin cable တွေနဲ့ Seismic Survey လုပ်တဲ့ လူတစ်သိုက် လူမသိသူမသိတောထဲမှာ နေ့စဉ် Recording Line တစ်လျောက် Lloyd ရဟတ်ယဉ်တွေ အကူအညီနဲ့ သွားလာ လှုပ်ရှားနေခဲ့ပါတယ်။ M.O.G.E နဲ့ B.H.P ဖက်စပ် Block ထင်တာပဲ။ Halliburton Geophysical Service Inc. အဖွဲ့နဲ့ Recording Line ပေါင်းမြောက်များစွာကို လူသူမရှိ တောထူထပ်တဲ့ ပဲခူးရိုးမတစ်လျောက် တောနက် ထဲမှာ တောခုတ် တောရှင်းလုပ်တဲ့ လူကလုပ်၊ Survey အဖွဲ့က Recording Line တစ်လျောက်မှာ Short Points တွေသတ်မှတ်ပြီး နံပါတ်တွေကို တိုင်တွေမှာရေး တိုင်းပြီး အကွာအဝေးအလိုက် တစ်ဖြောင့်တည်း တိုင်စိုက်သူကစိုက်၊ တွင်းတူးတဲ့အဖွဲ့က တွင်းတူး၊ ပြီးရင် Vibrate လုပ်ပြီး ရေနံ ရှိမရှိ တိုင်းဖို့ ငလျင်အတုတွေ ဖန်တီးဖို့အတွက် တွင်းတွေထဲကို မိုင်းတွေထည့်၊ Recording (Front) Crew အဖွဲ့ က ငလျင်ကိုတိုင်းမဲ့ Recording Cable တွေ၊ ငလျင်တိုင်းမဲ့ အပ်တွေ Geo-phone တွေနဲ့ Line တစ်လျောက် Cable တွေကို အားဖြည့်ပေးမဲ့ Battery တွေကို ရဟတ်ယဉ်တွေက တောထဲမှာ နေရာအနှံ့ လိုက်လံ ပို့ဆောင် ပေး သလို တိုင်းတာပြီးတဲ့နေရာတွေက Recording Cable တွေနဲ့ ဆက်စပ် Materials တွေကို Recording (Back) Crew အဖွဲ့ကသိမ်းဆည်းပြီး ရဟတ်ယဉ်ပေါ်ပြန်တင် ထပ်တိုင်းတာမဲ့ Recording Line အသစ်တွေဆီကို ရဟတ်ယဉ်တွေက ပြန်ပို့။ Lloyd Helli service က တစ်နေ့ကို ရဟတ်ယဉ် ၄ ကြိမ်နှုန်း ကျွန်တော်တို့လိုအပ်တဲ့ Materials တွေ၊ အစားအသောက်တွေနဲ့ နေ့စဉ် Recording Line တစ်လျောက် တစ်ရက်ကို ၁၅ မိုင်နှုန်းလောက် ရွေ့လျားလည်ပတ်နေစေတယ်။ ဒီနေ့ဒီမှာအိပ် ပြီးရင် နောက်တစ်နေ့ နောက်တစ်နေရာမှာ အိပ်၊ နောက်နေ့နောက်တစ်နေရာပေါ့။ ဘ၀မှာ အံ့မခန်းအတွေ့အကြုံတွေရလိုက်တယ်။ တောထဲမှာ ၉ လကျော်လောက် နေနိုင်တဲ့ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်ကို နိုင်ငံခြားသား ကျွမ်းကျင် ပညာရှင်တွေက အံ့သြကြတယ်။ ဆရာဝန်တစ်ယောက်က ကျွန်တော်တို့အဖွဲ့ရဲ့ ကျန်းမာရေးကို အနီးကပ်စောက်ရှောက်ဖို့ လိုက်ပါလာပြီး အားလုံးကျန်းမာနေတဲ့ အချိန်မှာ ဆရာဝန်ကလည်းအဖွဲ့နဲ့ တစ်သွေးတစ်သားတည်း ဖြစ်နေခဲ့ပါတယ်။ Myint Associates က ထမင်းချက်၂ ယောက်က ကျွန်တော်တို့အဖွဲအတွက် ရောက်ရာအရပ်မှာ စားစရာမျိုးစုံ မရိုးရအောင်လိုက်ဖန်တီးပေးနေတယ်။ တောထဲမှာ မီးမရှိတော့ လပြည့်ညဟာ တောထဲမှာ အလင်းဆုံးအချိန်တွေပါပဲ။ မီးပုံလေးဖိုပြီး ညစဉ်ရောက်ရာအရပ်မှာ စုထိုင်ပြီး နောက်နေ့လုပ်ငန်းစဉ်တွေကို စဉ်းစားနေရတာ - ပဲခူးရိုးမဟာ သိပ်ကိုသာယာတဲ့တောကြီးတစ်ခုပါ၊ နေရာ အနှံ့ရောက်ဖြစ်အောင် BHP နဲ့ HGS က ကျွန်တော်တို့ကို နေ့စဉ် လမ်းလျှောက်ခိုင်းနေခဲ့တာဖြစ်ပါတယ်။ လမ်းတစ်လျောက် Cable တွေစစ်၊ Battery တွေ Install လုပ်၊ Geo-phone pin တွေကို တိုင်းတာမဲ့ လမ်းကြောင်းတစ်လျောက်မှာ စိုက်၊ ပြီးရင် မိုင်းခွဲပြီး ငလျင်တိုင်းရတယ်၊ ရေနံရှိတဲ့နေရာဆိုရင် ငလျင်တိုင်းစက်က မြေအောက်က ဆီတွေ လှုပ်ရှားမှူကို အသေးစိတ်ထုတ်ပေးနိုင်တဲ့Instrument တွေကိုတောကြီးမျက်မဲထဲမှာ လှည့်ပတ်ဆင်ပြီး တိုင်းတာနေခဲ့တာပါ။ TEAM ရဲ့ output ကို BHP နဲ့ HGS က ညနေတိုင်းမှာ လမ်းလျှောက်စကားပြောစက် နဲ့ဒါမှမဟုတ်ရင် Cable တစ်လျောက် ဆက်သွယ်ထားတဲ့ စကားပြောစက်ကနေ ချီးမွမ်းတာကလည်း ချစ်စရာ ဓလေ့ကလေးတစ်ခုဖြစ်နေခဲ့ပါတယ်။ တောထဲမှာ ငှက်ဖျားဖြစ်တာကိုကာကွယ်နိုင်ဖို့ နေ့စဉ်ဆေးစား၊ ဆေးလိမ်းကြဖို့ အဓိကလိုအပ်နေပါတယ်။ ရက်မမှန်တာနဲ့ ဆေးသောက်ဖို့ ပျက်ကွက်တဲ့သူတွေ ဟာ ညောင်လေးပင်ဆေးရုံမှာ ဂိတ်ဆုံးကြတယ်။ သူငယ်ချင်းတစ်ယောက်တော့ ဆေးရုံရောက်တဲ့အဆင့်ဖြစ်ခဲ့ပေမဲ့ ဆေးကျတဲ့ အဆင့်တော့ တစ်ယောက်မှ မရောက်သွားခဲ့တာ ကံကောင်းတာတွေထဲက တစ်ခုပါပဲ။ အဖွဲ့ ၈ ယောက်ထဲမှာ နောက်ဆုံးမှ ကျွန်တော်ငှက်ဖျားဖြစ်ခဲ့တယ်။ ဆေးရုံမတက်ပဲနဲ့ နေ့စဉ် ရွေ့လျားနေတဲ့တောထဲက Recording Line တစ်လျောက်မှာ ရဟတ်ယဉ်ပေါ်မှာ ၄ ရက်ဆက်တိုက် စီးစေပြီး ဖြစ်ပွားနေတဲ့ ငှက်ဖျားကိုပျောက်အောင် ကုပေးလိုက်တဲ့ အခွင့်အရေးကို ကျွန်တော်တစ်ယောက်တည်း ရရှိခဲ့တဲ့အခွင့်အရေးလို့ Party Chief ကပြောပါတယ်။ တစ်ချို့နေရာတွေမှာ ရေမရှိတော့ ရဟတ်ယဉ်တွေက ဂါလံ ၅၀၀ ဆန့်တဲ့ ရေအိတ်တွေကို ရဟတ်ယဉ်တွေက Sling နဲ့ဆွဲပြီး တောထဲမှာ ချပေးတယ်။ နေ့စဉ်ရေချိုးဖို့ဆိုတာတော့ မစဉ်းစားနိုင်ပါဘူး။ တစ်ခါတစ်လေ ၃ ရက်တစ်ခါ လောက်မှ ရေချိုးရတဲ့ တောထဲက လုပ်ငန်းခွင်ကြီးတစ်ခုပါ။ လူ့အခွင့်အရေးတွေ ဘာတွေဆိုတာ သိပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်နားလည် တက်ကြွစွာနဲ့ အလုပ်လုပ်ကြတဲ့ TEAM တစ်ခုကိုဖန်ဆင်းပေးနိုင်တဲ့ Party Chief နဲ့ M.O.G.E က လူကြီးတွေကို လေးစားမိပါတယ်။ တကယ်တန်းကျတော့ အဲဒီအချိန် ပဲခူးရိုးမတောကြီးထဲက Operation က ကျွန်တော့်ကို TEAM WORK နားလည်တတ်လာအောင် ကိုယ်ချင်းစာတရားရှိအောင် အဖွဲ့သားတွေ အချင်းချင်း ရိုင်းပင်းကူညီတတ်လာအောင်နဲ့ လောကဓံကို ရင်ဆိုင်တတ်လာအောင် အများကြီး သင်ကြားပေးခဲ့တာပါ။ နောက်ကြုံရင် တောထဲက အတွေ့အကြုံတွေ ဆင်ရိုင်းတွေ အကြောင်း၊ တောနက်ကြီးအကြောင်း၊ ကြောက်စရာကောင်းတဲ့ ကြပ်ကုန်းနဲ့ ရဟတ်ယဉ်ပျက်ကျတဲ့ အကြောင်းတွေ ရေးဖို့ ကြိုးစားကြည့်အုံးမယ်။ ပဲခူးရိုးမမှာ အတူ အလုပ်လုပ်ခဲ့ကြတဲ့ အောင်နိုင်၊ တင့်လွင် နဲ့ Recording အဖွဲ့သား အားလုံးကို ကျွန်တော့်ဘ၀တစ်လျောက်လုံး အမြဲတန်း အမှတ်တရ ရှိနေဆဲပါ။ Alex - ကိုသက် (Recording / Shooting Crew)
Posted on: Tue, 04 Mar 2014 08:21:12 +0000

Trending Topics



Recently Viewed Topics




© 2015