SSEAYP ရဲ့ အရှည်ကတော့ The Ship For - TopicsExpress



          

SSEAYP ရဲ့ အရှည်ကတော့ The Ship For Southeast Asian Youth Program ဖြစ်ပြီး ဂျပန်အစိုးရက အဓိက ပံ့ပိုးပေးထားတဲ့ program ဖြစ်ပါတယ်။SSEAYP ဟာ ၁၉၇၄ ကတည်းက စတင်ပေါ်ပေါက်ခဲ့ပြီး အခု ဆိုရင်တော့ အကြိမ် ၄၀မြောက်ထိရှိသွားပါပြီ။ သို့ပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ၁၉၉၈ ခုနှစ်မှသာ စတင်ပါဝင်ခဲ့ပါတယ်။ ထိုအချိန်က ဤ Program ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးကောင်စီက တာဝန်ယူခဲ့ပြီး ၂၀၁၁ ခုနှစ် ရောက်မှ သာ ပညာရေးဝန်ကြီးဌာနမှ စတင်တာဝန်ယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ SSEAYP ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ASEAN နိုင်ငံများနှင့် ဂျပန် နိုင်ငံကြား အချင်းချင်း နားလည်မှုနှင့် ရင်းနှီးမှုပိုမို တိုးတက်လာစေရန်ဖြစ်ပြီး ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုတည်ဆောက်ရန်ဖြစ်ပါတယ်။ဤ Program ဟာ နှစ်စဉ် အာဆီယံနိုင်ငံ နိုင်ငံများနှင့် ဂျပန် နိုင်ငံ ကို ခရီသည် သင်္ဘောဖြင့် ရက်ပေါင်း ၅၀ ကျော်ကြာ လှည့်လည်ကာ သွားလာသောခရီးစဉ်ဖြစ်ပါတယ်။
Posted on: Wed, 16 Oct 2013 07:35:27 +0000

Trending Topics



Recently Viewed Topics




© 2015