Sim Card အတွက် - TopicsExpress



          

Sim Card အတွက် တန်းစီစရာမလို၊ Electronic ကြိုတင်ငွေဖြည့်ကတ်၊ ဆွဲဆောင်မှုရှိသော Sim Card ဈေးနှုန်းများဖြင့် ဝန်ဆောင်မှုပေးမည်ဟု Ooredoo က ပြောကြား ============================ မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးဝန်ဆောင်မှု ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သောOoredoo အနေဖြင့် လုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီး ၆ လ အကြာတွင် စတင်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း Ooredoo Myanmar ၏ အကြီးတန်းကိုယ်စားလှယ်အရာရှိ Ross Cormack က ပြောကြားသည်။ ဝန်ဆောင်မှုပေးရာတွင် Sim Card အား တန်းစီဝယ်ယူစရာမလိုဘဲ မိမိတို့နေထိုင်ရာနှင့် အနီးစပ်ဆုံးနေရာတွင် ဝယ်ယူနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အီလက်ထရောနစ် ကြိုတင် ငွေဖြည့်ကတ်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ Sim Card ဈေးနှုန်းများအား ဆွဲဆောင်မှုရှိသောဈေးနှုန်းများအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ဈေးနှုန်းအတိအကျကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ Electronic ကြိုတင်ငွေဖြည့်ကတ်မှာ ဟန်းဆက်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းပေးနိုင်မည်ဖြစ်ကြောင်း၊ နေရာတိုင်းတွင် 3G ကွန်ရက်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ “လာမည့် ၁၅ နှစ်မှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၅၀၀၀ကို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်” ဟု Mr. Ross Cormack က ပြောကြားခဲ့သည်။ မြန်မာကုမ္ပဏီအနေဖြင့် အခြေခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၅ နှစ်အတွင်းတွင် ကုမ္ပဏီ၏ ဝန်ထမ်း ၉၉ ရာခိုင်နှုန်းအား မြန်မာလူမျိုး ဝန်ထမ်းများအဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လုပ်ငန်းများကိုလည်း ရွေးချယ်ကာ ပြည်ပရှိ Ooredoo ကုမ္ပဏီသို့ အလုပ်လုပ်ကိုင်နိုင်ရန်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ Ooredoo ကုမ္ပဏီအနေဖြင့် နောင်လာမည့် ၁၀ နှစ်အတွင်းတွင် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အမေရိကန် သန်းပေါင်း ၆၀ ရင်းနှီးမြှုပ်နှံသွားမည်ဟုလည်း ကတိပြုထားပြီးဖြစ်သည်ဟု သိရသည်။ ၎င်းဖွံ့ဖြိုးရေးလုပ်ငန်းများသည် နိုင်ငံတကာနှင့်ဆက်သွယ်နိုင်ရေး တိုးမြှင့်ခြင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များအား ပညာသင်ကြားပေးခြင်းနှင့် နိုင်ငံတဝှမ်းရှိ ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများအား ကူညီထောက်ပံ့ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးရာတွင် အသံဝန်ဆောင်မှုသာရှိသည့် နေရာများသို့ DATA ဝန်ဆောင်မှုများပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောက်ငါးနှစ်နောက်ပိုင်း တစ်နိုင်ငံလုံး လူဦးရေ၏ ၉၇ ရာခိုင်နှုန်းအား အသံနှင့်အင်တာနက်စနစ် နှစ်မျိုးစလုံး လွှမ်းခြုံနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထွန်းထွန်း credit to:Internet Journal
Posted on: Tue, 20 Aug 2013 14:55:53 +0000

Trending Topics



Recently Viewed Topics




© 2015