TODAY MY - TopicsExpress



          

TODAY MY NEW ------------------- လောင်းလုံမြို့နယ် ရမ္မဇူဒေသတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် ဒေသခံများနှင့် ည§ိနှိုင်းရာ လက်မခံကြောင်း ပြသသည့်အနေဖြင့် ဒေသခံများ အစည်းအဝေးမပြီးမီ ထွက်ခွာ Published on: November 11, 2014 Written by: ဖြိုးဇင် (ထားဝယ်) တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် သကျက်တောကျေးရွာ အနီး ရမ္မဇူဒေသတွင် 24 Hour Mining & Industry CompanyLimitedမှ တည်ဆောက် မည့် ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း (၅ဝဝ မဂ္ဂါဝပ်)အတွက် ဒေသခံများနှင့် ပထမအကြိမ်ညှိနှိုင်း တိုင်ပင်မှုအစည်းအဝေးကို နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက သကျက်တောရွာရှိ ရွာလယ် ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့ရာ ဒေသခံများမှ စီမံကိန်းအားလက်မခံနိုင်ကြောင်း ပြောဆိုကာ အစည်းအဝေးမပြီးမီထွက်ခွာခဲ့ကြောင်း သိရသည်။ ယင်းည§ိနှိုင်းအစည်းအဝေးသို့ တိုင်းဒေ သကြီး လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးဝင်းဆွေ နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက် တာဝင်းအောင်တို့တက်ရောက်ခဲ့ပြီး 24 Hour Mining & Industry Company Limited မှ မန်နေဂျင်းဒါရိုက်တာနှင့် စီမံကိန်းတာဝန်ရှိ သူများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များမှ တက်ရောက်ကာ စီမံကိန်းဆောင် ရွက်မည့်အချက်အလက်များနှင့်စီမံကိန်းမှ ထွက်ရှိလာမည့် အညစ်အကြေးသန့်စင်မှုတို့ ကို ရှင်းလင်းခဲ့ပြီး ဒေသခံများက ကုမ္ပဏီ ဘက်မှ ဒေသခံများအား မတင်ပြခဲ့သည့် အချက်များကို ပြန်လည်တင်ပြခဲ့ကာ စီမံ ကိန်းအချက်အလက်များ ထိမ်ချန်မှုများရှိသဖြင့် လက်မခံနိုင်ကြောင်းပြောကြားပြီး အစည်း အဝေးမပြီးခင် ဒေသခံများထပြန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ “လူကြီးပြောသွားတဲ့အချက်တွေထဲမှာ ထိမ်ချန်ထားတာရှိတယ်။ အဲဒါ ဘာလို့ထိမ် ချန်ထားရတာလဲ။ စက်ရုံကထွက်လာတဲ့ မီးခိုးနဲ့ ရေတွေကို သန့် စင်မယ်လို့ပဲပြောတယ်။အဲဒီသန့်စင်ပြီးကျန်ခဲ့တဲ့ပစ္စည်းတွေကို ဘယ် မှာစွန့်ပစ်မှာလဲ။ ကြံစားရင်တောင် ကြံရည် ကဗိုက်ထဲဝင်သွားပြီး ကြံဖတ်ကတော့ အပြင် မှာကျန်ခဲ့တာပါ။ စက်ရုံကထွက်လာတဲ့ မီး ခိုးတွေကို ထုံးနဲ့ဖမ်းမယ်လို့ သူတို့ပြောတယ်။ အဲဒီထုံးနဲ့ သူတို့ နှစ် ၃ဝ လုပ်မယ်ဆို ပိဿာ ချိန်နဲ့တွက်ရင် ငါးကုဋေလောက် သုံးဖို့ရှိ တယ်။ ဒါတွေကို ဘယ်မှာစွန့်ပစ်မှာလဲ။ နောက် လျှပ်စစ်ဝန်ကြီးကပြောသွားတာရှိ တယ်။ ဒီဒေသကလူတွေမှာ အလိုအပ်ဆုံးက လျှပ်စစ်လို့၊ အဲဒီစကားကမှားတယ်။ ဒေသခံ တွေ ရေနံဆီမီးပုံးနဲ့နေလာတာကြာပြီ ဘာ ရောဂါမှမဖြစ်ဘူး။ လျှပ်စစ်မီးဆိုတာက လည်း မြင်ရတာ ၁ဝ နှစ်လောက်ပဲရှိသေး တယ်။ မီးမရှိရင်နေလို့ရတယ်။ ကျွန်တော်တို့ လိုချင်တာက ကျန်းကျန်းမာမာ သန့်သန့် ရှင်းရှင်းနဲ့ စားဝတ်နေရေးပြေလည်ဖို့ပဲ လို တာပါ။ သူတို့မီးခိုးတွေကို စစ်မှာ ၈ဝ ရာနှုန်း ပဲသန့်စင်မှာဖြစ်တော့ ကျန်တဲ့ ၂ဝ ရာနှုန်းက ရှိနေမှာ။ ရောဂါဖြစ်ရင် ဘယ်သူတာဝန်ယူ ပေးမှာလဲ။ ဒီ ၂ဝ ရာနှုန်းနဲ့ နှစ် ၃ဝ လောက်ခံ ရမှာ။ ပြောချင်တာကတော့ ကုမ္ပဏီနဲ့ ဒေသ ခံတွေက စာချုပ်ချုပ်သင့်တယ်ထင်တယ်။ ကျန်းမာရေးထိခိုက်မှု စတင်ထိခိုက်ခံစားရ တာနဲ့ ဒီစီမံကိန်းကိုချက်ချင်းရပ်ပေးမယ်လို့ သဘောတူညီချက်ကို စာချုပ်ထဲမှာ ထည့်သွင်း သင့်တယ်”ဟု တက်ရောက်ဆွေးနွေးခဲ့သူ သကျက်တောရွာမှ ဦးစစ်ထွန်းကပြောကြား သည်။ တိုင်းဒေသကြီးလျှပ်စစ်နှင့် စက်မှုဝန် ကြီးက ယခုဒေသတွင်းစီမံကိန်းကို ပြုလုပ် ရန်အတွက် ပြည်ထောင်စုလျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့ည§ိနှိုင်းပြီး ယခုနေ ရာတွင် ဆောင်ရွက်ရန် ဦးစားပေးအနေဖြင့် ရွေးချယ်လျာထားခဲ့ခြင်းဖြစ်ပြီး အခြားနေရာ များတွင်လည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ပြည်သူတွေထိတ်လန့်စိုးရိမ်နေသလို မဟုတ် ဘဲ ကမ္ဘာတွင်လက်ခံထားသည့် နည်းပညာ တွေကို အသုံးပြုသွားမည်ဖြစ်ပြီး စီမံကိန်း ဆောင်ရွက်ပါက ဒေသတွင်းရှိလမ်းများကို အကောင်းအဆုံးဖြစ်အောင် လုပ်ပေးမည်ဟု ကုမ္ပဏီက ပြောကြားထားကြောင်း၊ စီမံကိန်း နှင့်ပတ်သက်၍ သေချာစဉ်းစားရန်လိုကြောင်း လက်မခံပါက အခြားနေရာသို့ ပြောင်းလုပ် မည်ဖြစ်ကြောင်း၊ ထို့အပြင် စီမံကိန်းပြုလုပ် ပါက နှစ် ၃ဝ ဆက်တိုက် တစ်နှစ်လျှင် ကျပ် သိန်းတစ်သောင်းအား ကျေးရွာအတွက်ဖွံ့ ဖြိုးရေးလုပ်ပေးမည့် အခွင့်အရေးလည်းရှိ ကြောင်း၊ ဂျာမနီအဖွဲ့များ လာရောက်မေး မြန်းသောအခါတွင် လွတ်လပ်စွာပြောဆိုနိုင် ကြောင်း၊ ဒေသခံအများစုက လက်မခံပါက စီမံကိန်းအားလုပ်မည်မဟုတ်ကြောင်းပြော ကြားခဲ့သော်လည်း ဒေသခံများက ဝန်ကြီး ပြောကြားနေစဉ်အတွင်း ခန်းမအတွင်းမှထွက် ခွာသွားခဲ့ကြသည်။ 24 Hour Mining & Industry Com-pany Limited မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်အောင်ဇော်က “အခုကသဘောထား ပေးခိုင်းတာမဟုတ်ဘူး။ အခုက ထောက်ခံ ခိုင်းတာမဟုတ်ဘူး။ ကန့်ကွက်ခိုင်းတာလည်း မဟုတ်ဘူး Project ကိုပဲ မိတ်ဆက်တာပါ။ ကျွန်တော်တို့ ရွေးထားတဲ့နေရာက ရွာယာမြေ တွေမပါတဲ့နေရာ၊ လူတွေထိခိုက်မယ့်နေရာ မျိုးကိုရှောင်ပြီးတော့ နည်းနည်းအလှမ်းဝေး တဲ့နေရာမှာ ရွေးထားတယ်။ သို့သော်အနီးဆုံး ငါးမိုင်ဝေးတဲ့ ဒီရွာမှာ အခုလိုအသိပေးတယ်။ ဒီအပေါ်မှာ သူတို့ရဲ့တုံ့ပြန်မှုကို စောင့်ကြည့် မယ်”ဟု ပြောကြားသည်။ စီမံကိန်းမှာ ထားဝယ်မြို့မှ တောင်ဘက် ၄၈ ကီလိုမီတာအကွာတွင် တည်ရှိပြီး မြေ ဧက ၇၅၉ ဧက ပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း၊ ၂၅ဝ မဂ္ဂါဝပ်စက်နှစ်လုံးဖြင့် မဂ္ဂါဝပ် ၅ဝဝ ထုတ်လုပ်မည်ဖြစ်ပြီး ကိုရီးယား နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအလွန် နည်းပါးသောနည်းပညာဖြင့် တည်ဆောက် ထုတ်လုပ်မည့် စက်ရုံအသစ်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို မြန် မာနိုင်ငံအတွင်းသို့သာ ရာနှုန်းပြည့်ဖြန်ဖြူး မည်ဖြစ်ပြီးစက်ရုံအတွက်လိုအပ်သည့်ကျောက် မီးသွေးကို ပြည်တွင်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ ပင်လယ်ရေကြောင်းဖြင့် တိုက်ရိုက်တင်သွင်း မည်ဖြစ်ကာ တစ်နှစ်လျှင် ကျောက်မီးသွေးတန် ချိန်နှစ်သန်းကျော်အသုံးပြုမည်ဟုသိရသည်။ ထို့အပြင် စီမံကိန်း၏သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု (EIA/SIA)အစီ ရင်ခံစာအတွက် ဂျာမနီနိုင်ငံမှFitchner Consultant Company မှ ပညာရှင်များက ဆောင်ရွက်မည်ဖြစ်ပြီး အစီရင်ခံစာအားသက် ဆိုင်ရာစိစစ်ရေးကော်မတီသို့တင်ပြပြီး ခွင့်ပြု ချက်ရရှိမှသာ စီမံကိန်းလုပ်ငန်းကိုဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းကိုလျှပ် စစ်စွမ်းအားဝန်ကြီးဌာန၊24 Hour Mining & Industry Company Limited၊Turben Investment Co.,Ltd (ကိုရီးယား)နှင့်Global Power Generating limited (စင်ကာပူ)တို့မှ တည်ဆောက်မည်ဖြစ်ကာ နှစ် ၃ဝ သက်တမ်း ရှိမည့် ယင်းစီမံကိန်းအတွက် ရင်းနှီးမြ§ုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁၅ဝ သန်း ဖြစ်ကြောင်း စီမံကိန်းဆိုင်ရာအချက်အလက် များအရ သိရသည်။
Posted on: Tue, 11 Nov 2014 07:46:32 +0000

Trending Topics



Recently Viewed Topics




© 2015