The recent violence in Meikhtila, Buddhist 969 terrorist strike in - TopicsExpress



          

The recent violence in Meikhtila, Buddhist 969 terrorist strike in front of local police against local Muslims 40+ young children death .. မိထ္တီလာကိစ္စစဖြစ်ကတည်းက video clips တွေအများကြီးတက်လာပါတယ်။ ဒါပေမယ့် အကောင်းထက် ဒေါသတွေ မခံချင်စိတ်တွေနဲ့ အဆိုးဖြစ်ဖို့ပိုများလို့ အကြမ်းဖက်မူတွေအားပေးရာမရောက်အောင် ကျနော့်wall ပေါ်မှာမshare ခဲ့ဘူး။ ကိုယ်တိုင်တောင် အစအဆုံးထိုင်မကြည့်ဖြစ်ခဲ့ဘူး။ အခု မလေးကိစ္စမှာ မတရားအကြမ်းဖက်ခံရသူတွေ အတွက်စာနာမူ ပြကြတဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး အမှောင်ထဲက အလင်းတစ်ခုမြင်လိုက်ရတယ်။ မိထ္တီလာမှာ မြန်မာမွတ်ဆလင်တွေ အကြမ်းဖက်ခံရတာတွေ ဒီသူငယ်ချင်းတွေမြင်ရင် သူတို့ကိုလဲဒီလိုစာနာသနားပြီး နိုင်ငံသားအချင်းချင်း တယောက်နဲ့တယောက် နားလည်ခွင့်လွှတ် မေတ္တာထားနိုင်ကြမယ် လို့ယူဆလို့ အခု share လိုက်ပါတယ်။ ဒီ video clips တွေကြည့်ပြီး အကြမ်းဖက်သူတွေ အကြမ်းဖက်အောင်လူမျိုးရေး ဘာသာရေးမုန်းတီးမူတွေ လုပ်ဆောင်နေသူတွေကို အတူတကွ ဆန့်ကျင်ပြီး ငြိမ်းချမ်းတဲ့နိုင်ငံတော်ကို လက်တွဲတည်ထောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ (ဒီ video clips ထဲမှာ အသေမရှင်ဖြစ်နေတဲ့လူတယောက်ကို ရဲတွေပါ ပါတဲ့လူအုပ်ကြီးက အကူအညီမပေးကြတဲ့အပြင် အကြမ်းဖက်သမားတွေက ဆဲဆိုနေပုံတွေ ( video clip 2)၊ ထွက်ပြေးလာတဲ့ လူငယ်တစ်ယောက်ကို ဝိုင်းရိုက်ကြတဲ့ပုံတွေ (video clip 2)၊ လက်မြောက်ပြီး မြို့ထဲကထွက်ပေးလိုက်ရတဲ့ မွတ်ဆလင်ထုကို အကြမ်းဖက်သမားတွေကပိတ်ဆို့၊ သူတို့လက်ခံထားတဲ့ဘာသာတရားနဲ့ဆန့်ကျင်တဲ့အမူကို အတင်းအကြပ်ခိုင်းစေနေပုံ (video clip 4 နောက်ဆုံးပိုင်း)၊ လူတွေကိုရိုက်သက် မီးပုံရှို့ထားပုံ (video clip 3)တွေ ပါပါတယ်။ ရက်စက် ကြမ်းကျုတ်တာတွေကို မကြည့်ချင်သူတွေ ရှောင်နိုင်အောင် ကြိုပြောထားတာပါ။) https://youtube/watch?v=GhVG2CL0oIg&list=PLYip2yVkkyEzpOQe6zQGSonmJH0sQf4pB
Posted on: Wed, 12 Jun 2013 02:55:12 +0000

Trending Topics



Recently Viewed Topics




© 2015