VLC to convert video formats & play DVD from ISO - TopicsExpress



          

VLC to convert video formats & play DVD from ISO image… ကွန်ပျူတာပေါ်မှာ DVD video disc တွေရဲ့ ISO disc image တွေကို တစ်ကယ့် DVD အချပ်ပေါ်ကို burn မလုပ်ပဲနဲ့ ကြည့်လို့ရမယ့် software တစ်ခု လိုက်ရှာတာ ကျွန်တော့အတွက်တော့ VLC Media Player က လောလောဆယ်မှာ အဆင်အပြေဆုံးပါပဲ။ တစ်ခြား multimedia software တွေလည်းရှိတယ် ဆိုပေမယ့် ကျွန်တော့အတွက်တော့ VLC က လက်တွေ့သုံးကြည့်တာလည်း အဆင်ပြေနေ ပါတယ်။ VLC ကို Windows, Mac OS X, Linux တို့လို OS မျိုးစုံအတွက် ရနိုင်တဲ့အပြင် source codes ပါ ရနိုင်ပါသေးတယ်။ VLC media player ကို အခမဲ့ download လုပ်ယူလို့လည်း ရပါတယ်။ FREE ရတဲ့ Power ISO လို virtual CD/DVD drive လုပ်ပေးတဲ့ program တွေကိုသုံးပြီး DVD disc တွေရဲ့ ISO image file ကို hard disk ထဲကနေပဲ virtual DVD drive အနေနဲ့ ဖွင့်လို့ရပါတယ်။ ပြီးရင်တော့ လွယ်လွယ်ကူကူပဲ VLC Media Player ကိုသုံးပြီး တစ်ကယ့် physical DVD drive ထဲကနေ ဖတ်သလိုမျိုး ဖတ်လို့ရပါတယ်။ အရမ်းလည်း အဆင်ပြေပါတယ်။ နောက်တစ်ခု VLC Media Player ကို ကျွန်တော် သဘောကျမိတာက video file တွေကို format ပြောင်းဖို့လည်း သုံးနိုင်ပါတယ်။ FREE ပေးထားတဲ့ အပြင် convert လုပ်ရတာ အရမ်းလည်း အဆင်ပြေ လွယ်ကူတာကို တွေ့ရပါတယ်။ ဥပမာ- MP4 video file ကို AVI ပြောင်းတာမျိုးဖြစ်ဖြစ်၊ video file တွေကနေ raw data တွေ ဆွဲထုတ်တာမျိုးလည်း ရတယ်လို့ ပြောပါတယ်။ ကျွန်တော်က တစ်ခါတစ်လေ MP4 video file တွေကို AVI ပြောင်းတာမျိုး လုပ်ချင်တော့ VLC ကို ပဲ သုံးဖြစ်ပါတယ်။ အဲလိုပဲ audio file တွေကိုလည်း format ပြောင်းဖို့အတွက် သုံးနိုင်ပါတယ်။ FREE ပေးထားတဲ့ media software တစ်ခုမှာ ဒီလိုမျိုး feature တွေ ထည့်ပေးထားတာ တော်တော်လေး သဘောကျစရာ ကောင်းပါတယ်။ Download ရယူရန် လင့်ခ် videolan.org/vlc/index.html (Credit - thihaoo) Admin - NTS
Posted on: Fri, 31 Jan 2014 09:52:07 +0000

Trending Topics



Recently Viewed Topics




© 2015