Window Phone - TopicsExpress



          

Window Phone တစ်လုံးကိုသုံးစွဲသူတွေအတွက် မိမိတို့ရဲ့အရေးကြီးတဲ့ Data တွေနဲ့ အခြားဓါတ်ပုံ Movie ဖိုင်တွေ၊ Application တွေကိုအကြောင်း အမျိုးမျိုးကြောင့် ပျက်စီးမှုမှကာကွယ်ဖို့အတွက် Backup ပြုလုပ်ထားသင့်ပါတယ်။ အကြောင်းအမျိုး မျိုးကြောင့် Backup ပြုလုပ်ထားတဲ့ဖိုင်တွေဟာ Backup လုပ်ထားပေမဲ့ ပျက်စီးသွားပါက အလွယ် တကူ Restore ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါမှသာကိုယ်လုပ်ကိုင်လိုတဲ့လုပ်ငန်းကိုပြီးဆုံးအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ပြုလုပ်ပုံကိုလဲ မိတ်ဆွေများကိုဖော်ပြပေးလိုက်ပါတယ်။ မိတ်ဆွေတို့အသုံးပြုတဲ့ Window Phone တစ် လုံးထဲမှာရှိတဲ့ Data တွေ၊ Application တွေနဲ့ အခြားသော Data တွေကို Backup ပြုလုပ်ဖို့ အတွက် Microsoft ပေးထားတဲ့ Cloud Storage Server မှာပဲသိမ်းသိမ်းဒါမှမဟုတ် ကွန်ပျူတာ နဲ့ Micro SD Card ထဲမှာပဲသိမ်းသိမ်း သိမ်း ဆည်းပြီးပြန်လည်အသုံပြုနိုင်မှာဖြစ်ပါတယ်။ Backup ပြုလုပ်ဖို့အတွက်ကတော့ App list အောက်က setting ကိုသွားရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Backup ကိုရွေးချယ်ရမှာပါ။ Backup ဆိုတဲ့နေရာမှာ Turn on ပြုလုပ်ပေး လိုက်တာနဲ့ Backup ပြုလုပ်တဲ့လုပ်ငန်းစဉ် ကိုပြုလုပ်မှာဖြစ်ပါတယ်။ ဖိုင်တစ်ဖိုင်ကို Backup လုပ်ထားပြီးပြန်လည်အသုံးမပြုလိုတဲ့အခါမှာ Backup ဖိုင်ကိုဖျက်ဖို့အတွက် App-list> Setting > Advanced > Delete ကိုရွေးချယ် နိုင်မှာဖြစ်ပါတယ်။ Restore ပြန်လည်လုပ်ကိုင်လိုတယ်ဆိုရင် သင်ဖုန်းမှာအသုံပြုတဲ့ Microsoft Account ကိုအသုံးပြုပြီးဖုန်းရှဲ့Setting အောက်က Restore ကနေအဆင့်လိုက်ပြန်လည်လုပ် ဆောင်နိုင်မှာဖြစ်ပါတယ်။ App & Message File တွေကိုသိမ်းဆည်းထားဖို့အတွက်က တော့ Micro SD Card ကိုအသုံးပြုပြီး Backup လုပ်ဆောင်သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ အဓိကမှာကြားလိုတာကတော့ အထက်ပါလုပ်ဆောင်ချက်တွေလုပ်ဖို့အတွက် ဆိုရင်တော့ Internet Connection လိုအပ်မှာ ဖြစ်ပါတယ်ခင်ဗျာ
Posted on: Wed, 25 Sep 2013 16:50:24 +0000

Trending Topics



Recently Viewed Topics




© 2015