World Economic Forum (WEF) brings many lucrative transactions - TopicsExpress



          

World Economic Forum (WEF) brings many lucrative transactions for propitious tourism in Myanmar 5 of June( 1 of 3 Days / WEF) ၁ ။ WEF အနေဖြင်. စန်ထနေသော မြန်မာ.ခရီးသွားအတွက် အကျိုးရှိသော လုပ်ငန်းစုတွေဖြစ်ပေါ်လာအောင် ပြုလုပ်ပေးနိုင်ကြောင်း အေဒီဘီက မြန်မာ့ ခရီးသွားလုပ်ငန်း အတွက် ဒေါ်လာ သန်း ၅၀၀ ကူညီလိုက်ခြင်းဖြင်. သက်သေထူလိုက်သည်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ နောက် နော်ဝေနဲ့မြန်မာအစိုးရကြားမှာ သဘောတူညီချက် ရတယ်လို့သိရပါတယ်။ အခုဒီမှာ ထွက်လာတဲ့ သတင်းတွေ အရကတော့ မြန်မာအစိုးရရယ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရယ်၊ နော်ဝေအစိုးရရယ် ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံအတွက် Tourism Master Plan ပေါ့လေ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းကြီးပေါ့လေ။ အဲဒီစီမံကိန်းကြီးကနေပြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းပေါင်း ၃၈ ခုအတွက် တန်ဘိုးငွေအားဖြင့်ဆိုရင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ နီးပါး ပါဝင်တဲ့ စီမံကိန်းတခုကို သူတို့ သဘောတူလိုက်ကြတယ်ဆိုပြီး သတင်းထွက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဋ္ဌေးအောင် ကိုကိုးကားပြီး သတင်းမှာ ရေးသားထားတာကတော့ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ ပိုပြီးတော့ ၀င်ရောက်လာဖို့အတွက် လမ်းဖွင့်ပေးလိမ့်မယ်၊ မြန်မာနိုင်ငံရဲ့ အနှိုင်းမဲ့တဲ့ သူမတူတဲ့ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိန်းသိမ်းမယ်၊ တခါ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပဲနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာအောင် အထောက်အကူ ဖြစ်စေလိမ့်မယ် ဆိုပြီးတော့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဋ္ဌေးအောင် ကိုကိုးကားပြီးတော့ သတင်းတွေမှာ ရေးကြပါတယ်။ REF: VOA အထက်ပါ ကောင်းသတင်းများကြောင်. မြန်မာ.ခရီးသွားလာရေး အကျိုးရှိလာနိုင်သည်.အတွက် Tourism Fields ထဲရှိ All 11 sectors of Tourism Boards များမှကြိုဆိုကြပါသည်။အများသူငှာ ၀မ်းသာကြမည်။ မြန်မာနိုင်ငံအတွက် Tourism Master Plan ကို လွန်ခဲ.သည်.လ အတန်ကြာကပင် ကမ္ဘာ့စီးပွားရေး ညီလာခံကြီးမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်မီတင်ပြနိုင်ရန် ရေးဆွဲခဲ.ကြခြင်းဖြစ်သည်။ Tourism Master Plan သည် စာရေးသူ အကြမ်းဖတ်ရှုမိသလောက် မူအရ အတော်ကောင်းမွန်ပါသည်။ စတင်ရေးဆွဲစဉ်ကတည်းက အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ညီလာခံတွင် မြန်မာ့ ခရီးသွားလုပ်ငန်း အတွက် ဒေါ်လာ သန်း ၅၀၀ ကူညီနိုင်ရန် Tourism Master Plan ကြိုတင်ရေးဆွဲစေခြင်းဖြစ်သည်။ သို.သော်အထက်ပါ ကူညီငွေ ဒေါ်လာ သန်း ၅၀၀ ကို မြန်မာ့ ခရီးသွားလုပ်ငန်း အတွက် မည်သည်.နေရာမှာ မည်ကဲသို.အကျိုးရှိရှိသုံးဆွဲကြလိမ်.မည်ကို ခရီးသွား လုပ်ငန်းစုတိုင်းစိတ်ဝင်တစားသိချင်နေကြလိမ်.မည်။ ကူညီငွေ ဒေါ်လာ သန်း ၅၀၀ ကိုမည်ကဲ.သို. စီမံကိန်းပေါင်း ၃၈ ခုအတွက်စီမံခန်.ခွဲ သုံးစွဲမည်ကိုဖော်ပြသည်. Master Plan for Finance consumption ကိုလည်း အများသူငှာ သိရှိစေရန် တစ်ချိန်ချိန် ဖော်ပြကြမည်ထင်ပါသည်။ အထက်ပါ ကူညီငွေ ဒေါ်လာ သန်း ၅၀၀သည်ADB မှထုတ်ချေးသော ချေးငွေသာဖြစ်သည်။ ၂။ ကမ္ဘာ့စီးပွားရေး ညီလာခံကြီးမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်နဲ့ အာဆီယံနိုင်ငံတွေကြားမှာ လွတ်လွတ်လပ်လပ် ခရီးသွားလာနိုင်တဲ့ ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ သဘောတူညီချက်တွေကို ချမှတ်နိုင်လိုက်သည်။ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား ၄ နိုင်ငံတို့ဟာ အာဆီယံဒေသတွင်းမှာ လွတ်လပ်စွာ သွားလာခွင့် ဗီဇာအတွက် ဒီကနေ့မှာပဲ ၂၀၁၃ ခုနှစ် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ သဘောတူညီမှုရခဲ့တယ် ဆိုပြီးတော့ သတင်းထုတ်ပြန်ပါတယ်။ ဒီ ၄ နိုင်ငံ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားလာရေးဆိုင်ရာ ၀န်ကြီးတွေဟာ ဒေသတွင်းမှာ လွတ်လပ်စွာသွားလာခွင့်၊ ဒီမှာရေးထားတာကတော့ Smart Visa စနစ်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့ အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပချိန်မှာ သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးတယ် ဆိုပြီးတော့ ၄ နိုင်ငံ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်ထဲမှာပဲ ခုနက ကျနော်ပြောခဲ့တဲ့ ဟော်တယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဋ္ဌေးအောင် ကိုကိုးကားပြီး ရေးထားတာမှာ သဘောတူညီမှု စာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းအားဖြင့် ခရီးသွားလာမှုဆိုင်ရာ ၀န်ကြီးတွေ၊ တာဝန်ရှိသူတွေဟာ ဒီစနစ် အကောင်အထည် ဖော်နိုင်ဖို့အတွက် အခက်အခဲတွေကို ဖြေရှင်းဖို့ အတူတူလက်တွဲ ကြိုးစားသွားကြမယ်လို့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်တဲ့။ AI အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ် တဦးဖြစ်တဲ့ Mr Salil Shetty ကို သီးခြားတွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ အဲဒီနေရာမှာ သူကနိုင်ငံတကာ စီးပွားရေး အသိုင်းအ၀ိုင်းပေါ့လေ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေကို AI ကပြောချင်တဲ့ သတင်းစကားကို သူကပြောခဲ့ပါတယ်။ “မြန်မာနိုင်ငံနဲ့ မြန်မာလူထုကို ပံ့ပိုးကူညီဖို့ စိတ်ဝင်စားကြတယ်ဆိုတာက သိပ်ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်း၊ ကြွယ်ဝချမ်းသာတဲ့ လူ့အဖွဲ့အစည်း ဖြစ်ချင်တယ်ဆိုရင် တခုတည်းသောနည်းလမ်းက မြန်မာနိုင်ငံက လူတိုင်းကို တန်းတူအခွင့်အရေးပေးတဲ့ လူ့အခွင့်အရေးမူဘောင်တွေကို အသုံးပြုတာပါပဲ။ စီးပွားရေးလုပ်ငန်းတွေကို ကျနော်တို့ပေးတဲ့အကြံကတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် လူ့အခွင့်အရေးအပေါ် ဘယ်လိုသက်ရောက်တယ်ဆိုတာကို နားလည်ရမယ်ဆိုတာပါ။ အဲဒါကို သူတို့ စိတ်ထဲထည့်ထားသရွေ့ ဒီနိုင်ငံက လူတိုင်းရဲ့ အခွင့်အရေးတွေကို လေးစားသရွေ့ အဲဒါဟာ နှစ်ဘက်လုံး အနိုင်ရတဲ့အခြေအနေ ဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။” အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (AI) အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်တစ်ဦးဖြစ်သူ Salil Shetty က ဗွီအိုအေကိုပြောခဲ့တာ ဖြစ်ပါတယ်။REF: THIT HTOO LWIN, VOA Thursday, June 6, 2013 Master Plan သည် ပြီးပြည်.စုံကောင်းမွန်ပါသည်။ ထိုအထဲမှ စာရေးသူ ကြိုက်သော အချို.ကိုဆွေးနွေးတင်ပြထောက်ခံပါမည်။ Respect the Culture, Traditions and Beliefs Myanmar encompasses a vast diversity of ethnic groups. Within each ethnic group, there is further cultural differentiation as each person is being raised differently and grows up in a unique way. The culture, traditions and beliefs of every individual can contribute to a person’s well-being, in other words: culture shapes and determines how a person develops and manifests as a human being. Tourists – as well as the private and the public sector – need to respect the cultural heritage, traditions and beliefs of every individual in Myanmar. အထက်ပါ အပိုဒ်သည် လာရောက်လည်ပတ်သော သူများ၊ အားလုံးသောဒေသခံလူများအပြင်အားလုံး လိုက်ပါလေးစားလုပ်ဆောင်သင်.ပါသည်။ need to respect the cultural heritage, traditions and beliefs of every individual in Myanmar. စာသားအရ ဆိုလျင် အောက်ပါ လုပ်ဆောင်ချက်တစ်ချို. စဉ်းစားသင်.သည်ဟု ယူဆမိပါသည်။ ၁။ အင်းလေးကန်ဝန်းကျင် hotel zone တည်ဆောက်နေမှု သည် need to respect the cultural heritage, traditions ဆိုသည်. စကားနှင်. ကိုက်ညီ ပါသလား၊ အဆိုပါHotels များ အင်းလေးကန်ရှေ့ပိုင်းတည်ဆောက်ပြီးပါက တနေ. ရေဂါလန်ပေါင်း မည်မျှ ကန်အတွင်းမှ ထုတ်ယူသုံးစွဲလိမ်.မည်နည်း။ Toilet များ Master tanks များမှလာသော polluted water ကိုမည်ကဲ.သို. စွန်.ထုတ်မည်နည်း စဉ်းစားကြည်.မိသည်။ ဆိုရိုးစကား ကြားဘူးသည် စက်မှုနိုင်ငံထူထောင်ဖို. လယ်ယာမြေသိမ်းစီးရန်မလို၊ နေရာကွက်သစ်ရှာဖွေဖော်ထုတ်ရန်သာလိုသည်။ (အီတလီ၊ ၈ျာမဏီ၊ပြင်သစ် စသည်.နိုင်ငံတို.တွင် စက်မှုနိုင်ငံထူထောင်ဖို. လယ်ယာမြေသိမ်းစီးခြင်း မလုပ်ခဲ.ကြပါ။) ခရီးသွားတိုးတက်ရန်အတွက် နေရာတိုင်း Hotel များဆောက်ရန်မလို၊ ဆောက်သင်.သောနေရာသာ ဆောက်တက်ဖို.ရန်လိုသည်။ တခြားဖွံ.ဖြိုးပြီးနိုင်ငံများသည် အများသူငှာ များအနှာက်အရှက် မဖြစ်စေသည်.နေရာ၊ သဘာဝဂေဟစနစ်မထိခိုက်နိုင်သော နေရာတို.တွင် သာ Hotels များဆောက်ကြသည်။ သက်ဆိုင်ရာ ၀န်ကြီးဌာနများအနေဖြင်.လည်း ယခုကဲ.သို. ပြီးပြည်.ကောင်းမွန်သော Master Plan ရေးဆွဲ ပြီးသော်လည်း၊ အန၈ါတ်တွင် ဖြစ်ပေါ်လာနိုင်သော Internal and External Impacts များ Tourism fields အတွင်း ဖြစ်ပေါ်လာပါက မည်ကဲ့သို. ပြုလုပ်ရမည် ဆိုသည်. Plan များလည်း ရေးဆွဲဖို. လိုအပ်မည်.အကြောင်းနှင်.၀န်ကြီးဌာနများအနေဖြင်.လည်း need to respect the cultural heritage, traditions ဆိုသည်. စကားကို လည်းကောင်းတို.ကိုယ်တိုင် လက်ကိုင်ထားဆောင်ရွက်ဖို.ရန်လိုမည်ဟုတွေးဆမိပါသည်။ ဥပမာ ၊ ။။။။ နာဂစ်လိုမျိုး ။။။။။ ဆူနာမီ ။။။။။ Terrorist attacks and Religious Violence ။။။။။ Earth Quakes ( will hits Bagan Temples ) ။။။။။ SARS and other fatal Flu အစဉ်လေးစားလျက် သက်ထွန်းအောင် Writer and Private Tourism Researcher since 2008
Posted on: Sun, 09 Jun 2013 16:01:55 +0000

Recently Viewed Topics




© 2015