honey - TopicsExpress



          

honey ကိုယ်တိုင်ခံစားရေးစပ်ထားတဲ့ ရူးကြောင်ကြောင် ကဗျာတွေပါ မျှဝေခံစားပေးကြပါနော် နှလုံးသားယုံကြည်ချက် သန်းခေါင်ညလယ်မှာ အလွမ်းမိုးစက်တွေ ရင်ဘတ်ထဲမှာ ရွာနေပြီ မချစ်တတ်သေးတဲ့နှလုံးသားကို ချစ်တတ်အောင်သင်ပေးခဲ့သူ ချစ်တတ်သွားပြီဆိုမှ အဝေးကိုထွက်သွားခဲ့သူ အခုတော့ငါက နင်စွန့်ကျဲခဲ့တဲ့ ချစ်ခြင်းအစအနလေးတွေ လိုက်ကောက်ရင်း နင့်ကိုလွမ်းနေရပြီလေ နင်ကောငါ့ကို လွမ်းနေမလားလို့ တွေးမိတာတွေလဲရှိနေတယ် ဒါပေမဲ့ ငါ့ကိုမလွမ်းပါနဲ့ ချစ်သူ အလွမ်း ဆိုတဲ့အရသာကို နင်မခံစားပါနဲ့ ရင်နင့်နေအောင်ခံစားရလို့ပါ တိုက်ဆိုင်မှုရှိရင် ခဏလေးသတိရပေး မဝေးသေးဘူးလို့ ငါ့နှလုံးသားက ယုံကြည်ထားမှာပါ
Posted on: Fri, 30 Aug 2013 05:07:06 +0000

Trending Topics



Recently Viewed Topics




© 2015