ကိုရီးယားနိုင်ငံအတွင်း - TopicsExpress



          

ကိုရီးယားနိုင်ငံအတွင်း ရက်ပေါင်း ၉၀ကျော်ကြာနေထိုင်ပြီး နိုင်ငံခြားသားစီစစ်ရေးကပ်ပြား (Alien Registration Card) ကိုင်ဆောင်ထားသူ နေထိုင်ခွင့်(Stay) ကျန်ရှိနေသေးသည့် နိုင်ငံခြားသားများသည် နေထိုင်ခွင့်ရှိနေစဉ်အတွင်း ပြည်ပြန်ဝင်ခွင့်ဗီဇာ(Re-entry Visa) မယူဘဲ ကိုရီးယားနိုင်ငံအတွင်းသို့ လွတ်လပ်စွာ ပြည်ပြန်ဝင်ခွင့်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိကြီး တစ်ဦးက ပြောသည် ။ အဆိုပါ ဥပဒေမှာ ဥပဒေပြင်ဆင် ထုတ်ပြန်ထားချက် အသစ် ဖြစ်သဖြင့် သိရှိသူနည်းပါးနေသေးကြောင်း ၊ အချို့ အီးပီအက်စ် လုပ်သားများ စိုးရိမ်မှုများရှိနေသည်ဟုလည်း သိရကြောင်း ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနများနှင့် လေကြောင်းလိုင်းများသို့ တရားဝင်အကြောင်းကြားထားပြီးဖြစ်သဖြင့် ထိုသို့စိုးရိမ်စရာမလို ကြောင်း ၊ စိုးရိမ်မှုရှိသူများအဖို့ ပြည်ဝင်ခွင့်ဗီဇာကို သီးသန့်လျှောက်ထားရယူလိုသည်ဆိုလျင်လည်း လျှောက်ထားရယူနိုင်ပါကြောင်း ၊ ထို့ပြင် မိမိတို့ လုပ်ငန်းရှင်များထံမှ ပြည်ပြန်ဝင်ခွင့် သဘောတူညီချက် (재입국 동의서 )ကိုပါ ရယူသွားနိုင်ကြောင်း ၄င်းအရာရှိကြီးကပင် အကြံပြုပါသည် ။ အဆိုပါ သတင်းနှင့် ပတ်သက်၍ဖြစ်စေ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ပတ်သက်သော အခြားသိလိုသည့် အကြောင်းအရာ များရှိလျင်ဖြစ်စေ ဖုန်းနံပါတ် 1346 သို့ဆက်သွယ်နိုင်ကြောင်း မြန်မာဘာသာဖြင့် ပြောဆိုလိုသူများအနေဖြင့် လိုင်းခွဲ (extension) 15 သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည် ။ ထို့ပြင် အင်တာနက်စာမျက်နှာ hikotra.go.kr နှင့် immigration.go.kr တို့တွင်လည်း ဝင်ရောက် ကြည့်ရှု ဆက်သွယ်နိုင်ကြောင်း ၊ အဆိုပါ လူဝင်မှု ကြီးကြပ်ရေး အရာရှိကြီးက ကိုရီးယား အလုပ်သမားငှားရပ်းခွင့်စနစ် အလုပ်သမားလောင်းများအတွက် နာရီ၂၀ ကြာ အလုပ်ခွင် အကြိုသင်တန်း အစီအစဉ် တွင် ထိုသို့ ထည့်သွင်း ပြောကြားသွားခြင်းဖြစ်ကြောင်း သိရသည် ။ Ref : ဟန်းဂုရွာ By Admin KYA
Posted on: Wed, 07 Aug 2013 12:12:11 +0000

Trending Topics



Recently Viewed Topics




© 2015