ကုလားဂုတ် - TopicsExpress



          

ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာမှု ပြုလုပ်ရန် ထိုင်းနိုင်ငံမှ Emerald Grand Hotel Group နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်၊ သြဂုတ် ၉ ရက်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရုံးချုပ်တွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် Emerald Grand Hotel Group တို့သည် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှု ပြုလုပ်ရန် သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောတူလက်မှတ် ရေးထိုးမှုအရ ကုလားဂုတ် ရေနက်စီမံကိန်း တည်ဆောက်ရန် ကုလားဂုတ်ဒေသတွင် ဖြစ်နိုင်ခြေ လေ့လာမှုများအား တစ်နှစ်ကြာ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ လေ့လာတွက်ချက်မှုများ ပြီးဆုံးပါက Emerald Grand Hotel Group သည် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား တည်ဆောက်ရန် စီစဉ်နေပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ကုလားဂုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းအား BOT စနစ် (သို့မဟုတ်) Joint Venture စနစ်ဖြင့် တည်ဆောက်ရန် ဆက်လက်ဆုံးဖြတ် သွားမည်ဟု သိရသည်။ ခန့်မှန်းခြေအားဖြင့် ကုလားဂုတ် ရေနက်ဆိပ်ကမ်းသည် တန်ချိန်ငါးသောင်းခန့်ရှိ နိုင်ငံတကာ ပင်လယ်ကူးသင်္ဘော အစီး ၃၀ တစ်ပြိုင်နက် ဆိုက်ကပ်နိုင်မည့် ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ဆိုသည်။ "ကုလားဂုတ် ရေနက်ဆိပ်ကမ်းက တန်ချိန်ငါးသောင်းခန့်ရှိတဲ့ ပင်လယ်ကူးသင်္ဘော အစီး ၃၀ ခန့် တစ်ပြိုင်နက် ဆိုက်ကပ်ရပ်နားနိုင်တဲ့ ရေနက်ဆိပ်ကမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ အင်ဂျင်နီယာ လုပ်ငန်းပိုင်းသာမက စီးပွားရေးပိုင်းအရ ပါဖြစ်နိုင်မှု ရှိမရှိ လေ့လာမှု ပြုလုပ်ရဦးမှာပါ" ဟု ဦးမြသန်းက ပြောကြားသည်။ ထိုင်းနိုင်ငံ အခြေစိုက် Emerald Grand Hotel Group သည် ကုလားဂုတ်ဒေသတွင် ရေနက်ဆိပ်ကမ်း စီမံကိန်းအပြင် စက်မှုဇုန် စီမံကိန်း တစ်ခုကိုပါ တည်ဆောက်ရန် စီစဉ်နေပြီး အဆိုပါ စက်မှုဇုန် စီမံကိန်းအား မွန်ပြည်နယ် အစိုးရအဖွဲ့၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနများနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဟု သိရသည်။ Credit to: Eleven Media Group
Posted on: Mon, 19 Aug 2013 01:17:49 +0000

Trending Topics



Recently Viewed Topics




© 2015