ကျောက်ဖြူတွင် - TopicsExpress



          

ကျောက်ဖြူတွင် မူးယစ်ရမ်းကားသူလူတစ်စု ဗလီတစ်လုံးအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့ ရန်ကုန် နိုဝင်ဘာ ၁၉ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့ သူခိုးကြီးများည ၈နာရီခွဲ အချိန် ခန့်က မူးယစ်နေကြသော လူ ၃၀ ကျော်ခန့်သည် သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ဗလီတစ်လုံးအား ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြပြီး ရဲတပ်ဖွဲ့က ည ၉နာရီခွဲခန့် အချိန်တွင် ရောက်သွားပြီး ထိမ်းသိမ်းနိုင်ခဲ့သည်ဟု ကျောက်ဖြူရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။ မဟုတ်ပါဘူး လူလေး ငါးရာဆိုတာ လုံးဝ မဟုတ်ပါဘူး မူးရူးနေတဲ့ လူ ၃၀ ကျော်ကသာ ဗလီကို ဖြိုဖို့ ကြိုးစားခဲ့တာပါ ည ၈နာရီခွဲမှာ စဖြစ်တယ် သတင်းကြားတာနဲ့ ရဲတပ်ဖွဲ့က ၉နာရီစွန်းစွန်းလေးလောက်မှာ ရောက်သွားပြီး လူစူခွဲ ထိမ်းသိမ်းနိုင်ခဲ့တယ် လူတစ်ချို့ကတော့ ဗလီထဲရောက်ခဲ့ကြတယ် ဒါပေမဲ့ ပျက်စီးတာကတော့ ဗလီဝင်း ခြံစည်းရိုး နည်းနည်းပါးပါးပါ ဟု ပေါ်ပြူလာနယူးစ်၏ ဖုန်းဖြင့်မေးမြန်းမှုကို ၄င်းက ဖြေကြားခဲ့သည်။ စတင်ဖြစ်ပွားရသည့် အကြောင်းအရာကို တိကျသေချာစွာ မသိ ရသေးသော်လည်း ရိုးရာတစ်ခုဖြစ်နေသော သူခိုးကြီးများညတွင် သောက်စားမူးယစ်နေကြခြင်းက အဓိက အကြောင်းရင်ဒပင် ဖြစ်မည်ဟု သိရသည်။ သိတဲ့အတိုင်းပဲလေ ဒီညမှာ အားလုံးလိုလိုက မူးနေကြတာဆိုတော့ အကြောင်းရင်း မယ်မယ်ရရမလိုဘူးလိုဖြစ်နေတာပေါ့ ဟေ့ဆိုတာနဲ့ ပါလာတဲ့ သဘောပဲ ဖြစ်မယ် ထင်တယ် ဟု ၄င်းကပြောသည် ယမန်နေ့ည အဖြစ်အပျက်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသလို မည်သူ့ကိုမျှ ဖမ်းဆီးထိမ်းသိမ်းထားခြင်းလည်း မရှိကြောင်း သိရသည် ။ Popular Myanmar News Journal
Posted on: Tue, 19 Nov 2013 13:43:51 +0000

Trending Topics



Recently Viewed Topics




© 2015