ချင်းပြည်နယ်အမှတ်အသား - TopicsExpress



          

ချင်းပြည်နယ်အမှတ်အသား ရိဒ်ရေကန်၏ သဘာဝအလှ တည်တံ့ရေး ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမည် ချင်းပြည်နယ်၏အဓိက အထင်ကရ အမှတ်အသားဖြစ်သော ရိဒ်ရေ ကန်၏ သဘာဝအလှတရားများ တည် တံ့ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုယ်တိုင် ဦးဆောင် လုပ်ပေးမည်ဖြစ်ကြောင်း ¤င်းကိုယ်တိုင် လူထုတွေ့ဆုံပွဲတွင် ကတိပေးလိုက် ကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။ အဆိုပါ ကိစ္စအား ဖလမ်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဖလမ်း မြို့နယ်ဥက္ကဋ္ဌ)မှ ”ပြည်နယ်ဝန်ကြီးချုပ် ရုံးကနေ မြေကွက်ဖော်ဖို့ သဘာဝ သစ် တောတွေကို ခုတ် ထွင်ပြီးမှ မြေကွက် ဖော်ဖို့ လုပ်ထားလို့ ကန့်ကွက်စာ တင် ထားခဲ့ဖူးပါတယ်။ အခုနောက်ပိုင်းလည်း ရွာသူရွာသားတွေကို စည်းရုံးပြီးမှ သစ် တောတွေကိုခုတ် မြေ ကွက်ဖော်ဖို့ လုပ် နေတော့ ရိဒ်ရေကန်ရဲ့ အလှကိုပျက်စီးမှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု ပြောသည်။ ၄င်းရိဒ်ရေကန် သဘာဝအလှ ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဒီချုပ်အဖွဲ့ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှ ”ကျွန်မ က ရိဒ်ရေကန်ကို တစ်ခါမှမမြင်ဖူးပေမယ့် ကျွန်မ အကြောင်းကြောင်းကြောင့် ဒီရေကန်ကို အင်မတန်မှတန်ဖိုးထားပါတယ်။ အခု ဒီလို ပြောလိုက်တယ်ဆို တော့ ကျွန်မ စိတ်ကူးတစ်ခုပေါက်ပါတယ်။ ဒီရိဒ်ရေကန်ရဲ့ သဘာဝအလှ ထိန်းသိမ်းရေးကိစ္စကို ကျွန်မကိုယ်တိုင် ဦးဆောင်ပြီးမှ လုပ်ပေးပါ့မယ်။ ကျွန်မ ပြန်ရောက်တာနဲ့စပြီးတော့ ကြိုးစားပေးပါမယ်”ဟုကတိပေးစကားပြောကြားခဲ့သည်။ ရိဒ်ရေကန်သည် ချင်းပြည်နယ်တစ်ခုလုံး၏ အထင်ရှားဆုံး ကမ္ဘာသိ အမှတ်အသားတစ်ခုဖြစ်ပြီး ရေကန်နှင့် ပတ်သက်၍ နှစ်စဉ် နိုင်ငံခြားသား လေ့လာရေးခရီးသည် များလည်း အများအ ပြားလာရောက်ကြပြီး ရေကန်အနီးတွင် အပန်းဖြေစခန်းများတည်ဆောက်နေ ကြောင်းလည်း သိရသည်။ Popular Myanmar News Journal
Posted on: Fri, 17 Jan 2014 06:13:15 +0000

Trending Topics



Recently Viewed Topics




© 2015