ဂျပန်နှင့် အမေရိကန် - TopicsExpress



          

ဂျပန်နှင့် အမေရိကန် ဆက်ဆံရေး ပိုမိုခိုင်မာရန် လိုအပ်လာ Friday, Jul 12 2013 Written by စကားဝါ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရ လက်ထက်တွင် ဂျပန်နိုင်ငံက ထုတ်ပြန်သော ပထမဆုံး ကာကွယ်ရေး စက္ကူဖြူ စာတမ်းတွင် ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေးမှာ အကြီးအကျယ် ခြိမ်းခြောက်ခံ ရမည်ဟု မျှော်မှန်းထားသဖြင့် စစ်ရေး စွမ်းရည် မြှင့်တင်ရန် လိုအပ်ကြောင်းပါရှိ သည်။ ဂျပန် အစိုးရသည် တရုတ်နိုင်ငံနှင့် တင်းမာသော နယ်မြေပိုင်နက် အငြင်းပွားမှု ပေါ်ပေါက်လာပြီး မြောက်ကိုရီးယား၏ ရန်လိုမှုက တိုးလာရာ အမေရိကန်နှင့် ဂျပန် ဆက်ဆံရေး ပိုမိုခိုင်မာ ရှင်သန်ရေးမှာ လိုအပ်လျက်ရှိသည်။ ယခုထုတ်သော ကာကွယ်ရေး စက္ကူဖြူ စာတမ်းတွင် အမျိုးသားရေး လေသံများပို၍ ပါလာသည်။ ဂျပန်နိုင်ငံအနေ ဖြင့် ရင်ဆိုင်နေရသော ဒေသဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများကို ဖော်ပြလျက် ယခင်နှစ်များကထက်ပို၍ နိုးနိုးကြား ကြားတက်တက် ကြွကြွရှိရန် တိုက်တွန်း ထားသည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အနေဖြင့် လွန်ခဲ့သည့် ဒီဇင်ဘာလတွင် ပြန်လည် အာဏာ ရလာခဲ့ရာတွင် ဒေသဆိုင်ရာ ရန်စလာခြင်းများကို မားမားမတ်မတ် ရပ်တည်ကာ ဆန့်ကျင်သွားမည်ဟု ကတိ ပြုထားသူဖြစ်သည်။ အထူးသဖြင့် အရှေ့ တရုတ်ပင်လယ်ရှိ လူမနေသော ကျွန်းဆွယ်များနှင့် ပတ်သက်၍ တရုတ်တို့နှင့် ပိုင်ဆိုင်မှု အငြင်းပွားမှု ပြင်းထန် လာခြင်း နှင့်မြောက်ကို ရီးယား၏ နျူကလီးယား လက်နက် အစီအစဉ်ဆိုင်ရာ တိုး၍ခြိမ်း ခြောက်လာခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရ၏ စက္ကူဖြူစာတမ်း ကို စက္ကူဆိုဒ် ကြီးဖြင့် ရေးသားထားပြီး ဒေသဆိုင်ရာ လုံခြုံရေးဆိုင်ရာ ပြဿနာ နှင့်ပတ်သက်၍ အသေးစိတ် သုံးသပ်ချက်များလည်း ပါရှိသည်။ ဂျပန်နိုင်ငံ၏ မိမိကိုယ်ကို ကာကွယ်ရေး စွမ်းရည်နှင့် မဟာ ဗျူဟာများကို ဓာတ်ပုံများ၊ မြေပုံများနှင့် ကားချပ်များ အမျိုးအစားဝေဝေ ဆာဆာ အသုံးပြုထားသည်။ ရှင်ဇိုအာဘေး အစိုးရသည် (၁၁) နှစ် အတွင်း ဂျပန်နိုင်ငံ၏ ကာကွယ်ရေး ဘတ်ဂျက်ကို ပထမအကြိမ် တိုးမြှင့်ပေး ခဲ့ပြီး တစ်နှစ်ပတ်လုံး အသုံးစရိတ် သုည ဒသမ ၇ ရာခိုင်နှုန်းတိုး၍ ယန်း ၄ ဒသမ ၆၈ ထရီလီယံ သို့မဟုတ် ၄၆ ဘီလီယံ အထိပေးခဲ့သည်။ ဂျပန်နိုင်ငံ၏ ရေရှည်အမျိုးသား ကာကွယ်ရေး မဟာဗျူဟာ မူဝါဒလမ်းညွှန် ချက်များ ပြန်လည် သုံးသပ်လုပ်ဆောင် လျက်ရှိပြီး နောက်ဆယ်စုနှစ် အတွက် အမျိုးသား ကာကွယ်ရေး မဟာဗျူဟာ ကို သတ်မှတ်မည် ဖြစ်ကြောင်း စက္ကူဖြူ စာတမ်းတွင် ဖော်ပြထားသည်။ စက္ကူဖြူ စာတမ်းတွင် မူဝါဒလမ်း ညွှန်ချက်များတွင် မည်သည့်အရာများ ပါဝင်မည်ကို အသေးစိတ်အချက် အနည်းအကျဉ်းကို ဖော်ပြထားပြီး ဂျပန်နိုင်ငံ၏ မိမိကိုယ်ကို ခုခံကာကွယ် ရေးအနေဖြင့် တည်ထောင်ထားခဲ့သော ဂျပန်စစ်တပ်၏ အခန်းကဏ္ဍသဘော သဘာဝမှာ သိသိသာသာပြောင်းလဲ သွားနိုင်ကြောင်း ဆွေးနွေးချက်တွင် နယ်မြေ(၂)ခုကို မီးမောင်း ထိုးပြထား သည်။ နိုင်ငံရပ်ခြားရှိ ရန်သူအခြေစိုက် စခန်းများကို ကြိုတင်ပြင်ဆင်သော တိုက်စစ်ဖြင့် စတင်တိုက်နိုင်ရေး စွမ်းရည်ကို တိုးတက်ဖွံ့ဖြိုး လာစေခြင်းနှင့် အမေရိကန် မရိမ်းတပ်ဖွဲ့ကဲ့သို့ အလားတူသော ကြည်း/ရေနှစ်သွယ် တပ်ဖွဲ့ တစ်ခုကို တီထွင် ဖန်တီး တည်ထောင် ခြင်းများလည်း လုပ်ဆောင်သွားမည် ဖြစ်သည်။ စက္ကူဖြူ စာတမ်းတွင် အရေးပါဆုံးမှာ လေသံပြောင်းလာခြင်းပင် ဖြစ်သည်။ ယင်းမှာ တရုတ်တို့၏ စစ်ရေးသြဇာ လွှမ်းမိုးမှုများ လာခြင်းနှင့် ပိုင်နက်နယ် မြေနှင့်ပတ်သက် ၍ ပြင်းပြင်း ထန်ထန် ပြောဆိုမှု များပြားလာခြင်းတို့ကို ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇန်နဝါရီလက အရှေ့ပိုင်း တရုတ်ပင်လယ်ပြင် အငြင်းပွားနေသည့် နေရာအနီး တရုတ်သင်္ဘောများက ဂျပန် မိမိကိုယ်ကို ခုခံ ကာကွယ်ရေးတပ်များ ကို ပစ်မှတ်များအဖြစ် ပဲ့ထိန်းလက်နက် ရေဒါများဖြင့် ပစ်ခတ်ရန် ထိန်းချုပ်ချိန် ရွယ်ခဲ့သည်အထိ ထိပ်တိုက် ရင်ဆိုင်မှုများ ပြုလုပ်ခဲ့သည်။ ယခင်က စကားလုံးများကို ရှင်းရှင်း လင်းလင်းဆိုခဲ့သည်မှာ တရုတ်တို့သည် အပေါ်စီးကနေ ရှုမြင်သော နည်းပရိယာယ်များ အသုံးပြုပြီး ဂျပန်နိုင်ငံကို ဦးတည်ထားသည်ဖြစ်ရာ တစ်နည်း တစ်လမ်းအားဖြင့် မိမိတို့ကို စိုးရိမ်မကင်း ဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုထားသည်။ မိမိတို့၏ ပိုင်နက်မှတ်ယူထားသော ရေပြင်နှင့် ဝေဟင်အတွင်းသို့ တရုတ် နိုင်ငံသင်္ဘောများနှင့် လေယာဉ်များက ကျူးကျော် ဝင်ရောက်ခြင်းကို ကန့်ကွက် ခဲ့ရပြီး အလွန်တရာမှ ဝမ်းနည်းဖွယ်ရာ ဖြစ်ပြီး တရုတ်အစိုးရအား နိုင်ငံတကာ ဥပဒေများကို အတူအမျှလိုက်နာ ဆောင်ရွက်ရန် တောင်းဆိုခဲ့ရသည်။ မြောက်ကိုရီးယား အတွက် Ballistic Missile များ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုး တက်လာကြောင်း ဖော်ပြထားသည်။ ထို့အတူ နျူကလီးယား လက်နက်ထုတ် လုပ်မှုစွမ်းရည်လည်း တိုးတက် လာခဲ့သည်။ ကျယ်ပြန့်သော နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပို၍ယုတ္တိကျ အစစ်အမှန် ဖြစ်ပြီး တိုးလာသည့် ပြဿနာဖြစ်လာ၍ အလွန်တရာမှ စိုးရိမ်ရသော အရေးကြီး ကိစ္စဖြစ်လာခဲ့ သည်ဟု ဖော်ပြထားသည်။ ဒေသဆိုင်ရာ စိုးရိမ်ရသော အခြေအနေများ ပိုမိုတိုးပွားလာသည့် အလျောက် ဂျပန်နိုင်ငံ အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် အမြန်ဆုံးလို အပ်ချက်ဖြစ်လာခဲ့သည်။ တစ်နိုင်ငံလုံး ခြုံငုံပါဝင်သော အမျိုးသား လုံခြုံရေး မူဘောင် လုပ်ငန်းအတွင်း နှစ်နိုင်ငံ အပြန်အလှန် မဟာမိတ်စာချုပ်၏ အရေးပါပုံကို စက္ကူဖြူစာတမ်းက ထောက်ပြထားသည်။ အမေရိကန်နှင့် ဂျပန်တို့သည် မကြာသေးမီက နှစ်နိုင်ငံအပြန်အလှန် ကာကွယ်ရေး မူဝါဒ လမ်းညွှန်ချက်များကို ပြန်လည် သုံးသပ်မှုများ စတင်ပြုလုပ်ခဲ့သည်။ ယင်းသို့ ပြန်လည် သုံးသပ်ရာ တွင် ဂျပန်နိုင်င အနေဖြင့် မိမိတို့နိုင်ငံ လုံခြုံရေးနှင့် ဒေသဆိုင်ရာ လုံခြုံရေးတို့ ဆိုင်ရာ ကာကွယ်ရေးတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နိုင်အောင် အခွင့်အရေး ပေးရေးကို ရည်မှန်းချက် ပန်းတိုင်အဖြစ်ထားရန် လိုအပ်ချက် အဖြစ် လက်ခံ လာခဲ့ကြသည်။ မြောက်ကိုရီးယားနှင့် တင်းမာမှု တိုး၍ဖြစ်လာရာ ၁၉၉၃ ခုနှစ်တွင် နိုဒေါင်း-၁ဒုံးပျံ ၁၉၉၈ ခုနှစ် တေပိုဒေါင်း -၁ဒုံးပျံများကို ဂျပန်နိုင်ငံမြောက်ပိုင်း ကိုကျော်၍ စမ်းသပ် ပစ်လွှတ်ခြင်းကြောင့် ဂျပန်သည် လေကြောင်းရန် ကာကွယ်ရေးတို့ကို တိုးမြှင့်လုပ်ဆောင်ခဲ့ရာ သင်္ဘောအခြေစိုက် anti-ballistic-system ဒုံးပျံ တိုက်ခိုက်ရေး စနစ်ကို ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် နိုင်ခဲ့သည်။ ယင်းစနစ်ကို အေးဂျီးစ်အတန်း အစားဖျက် သင်္ဘောများတွင် တပ်ဆင်ထားသည်။ ၂ဝဝ၁ ခုနှစ် ဒီဇင်ဘာတွင် မြောက်ကိုရီးယား စိမ့်ဝင်မှုကို ကာကွယ်ရန် တာဝန်ထမ်းဆောင်နေစဉ် မြောက်ကိုရီးယား သူလျှို သင်္ဘောတစ်စင်းကို ပစ်ခတ် နစ်မြှုပ်ပစ်ခဲ့သည်။ ၂ဝဝ၃ ခုနှစ် သြဂုတ်လတွင် ဟယူဂါ အတန်းအစား ရဟတ်ယာဉ်တင်ဖျက် သင်္ဘောအသစ် တစ်စင်း မှာထားခဲ့သည်။ HMS Occean နှင့် အလားတူကြည်း ရေနှစ်သွယ် ချေမှုန်းရေး သင်္ဘော သို့မဟုတ် ရဟတ်ယာဉ် သင်္ဘောဖြစ်သည်။ ဂျပန်ဖွဲ့စည်းပုံ ဥပဒေပုဒ်မ (၉) အရ လေယာဉ်တင် သင်္ဘောကို ထိုးစစ် လက်နက်ထဲတွင် စာရင်းထည့်ထား၍ တိုက်ချင်းပစ် ဒုံးပျံတို့၊ မဟာဗျူဟာ ဗုံးကြဲလေ ယာဉ်တို့၊ လေယာဉ်တင် စစ်သင်္ဘော တို့ကို ဂျပန်တပ်အတွက် ခွင့်မပြုပါ။ သို့သော် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ်တင် သင်္ဘောငယ်များကိုမူ ခွင့်ပြုသည်။ ၂ဝဝ၉ ခုနှစ်တွင် ကြီးမားသော ရဟတ်ယာဉ်တင် သင်္ဘောများ ကို စီမံချက်ကြေညာခဲ့ပြီး ပထမဆုံး ရဟတ်ယာဉ်တင် သင်္ဘောအကြီးစား ကို ၂ဝ၁၂ ခုနှစ်တွင် ချမှတ်ပေးခဲ့ သည်။ ဂျပန်ရေငုပ်သင်္ဘော အုပ်စုတွင်ခေတ် မီဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘောများ ပါဝင်သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ဂျပန်ရေငုပ်သင်္ဘော အုပ်စုကို တိုးချဲ့ခဲ့ရာ (၃၆) နှစ်အတွင်း ပထမဆုံး ဖြစ်သည်။ ၂ဝ၁ဝ မေလတွင် ဆိုမာလီ ဓားပြများရန်မှ ကာကွယ်ရန် Djibouti တွင် အမြဲတမ်း ရေတပ် စခန်းဌာနချုပ် တစ်ခု တည်ဆောက်ရန် ကြေညာခဲ့သည်။ သို့ဖြစ်၍ ဂျပန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးတို့ အတွက် အမေရိကန် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှသာ ပြီးပြည့်စုံမည့် အနေအထား တွင် ရှိနေပါသဖြင့် ဂျပန်နိုင်ငံသည် အမေရိကန် နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုခိုင်မာမှုရှိ မှသာ အမျိုးသား လုံခြုံရေးနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို အာမခံနိုင်မည့် အနေအထားဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။ ကိုကိုဟန်
Posted on: Thu, 18 Jul 2013 02:23:44 +0000

Trending Topics



Recently Viewed Topics




© 2015