စင်ကာပူနိုင်ငံမှာ - TopicsExpress



          

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ညီမလေး တယောက်က သူ့ ဘ၀ သူ့ ဒုက္စ္ခ ကို မေ့ထားပြီး ကျနော့်ထံ အခုလို အားပေး စကားလေးတွေ ပြောလာပါတယ်။ သူ့လို ရေခြား မြေခြား တိုင်းတပါးကို မသွားချင်ပဲ စွန့်စားသွားခဲ့၇တဲ့ မြန်မာ့ သမီးပျို မြန်မာ့ အနာဂတ် လေးတွေ ဘယ်လောက်တောင်များ ရှိနေပါပြီလိမ့် ............ ညီမလေးတို့လို ခေတ်တခုရဲ့ စနစ်တခုအတွက် ယာဇ်ပူဇော်ခံ ဘ၀လေးများ နောက်ထပ် ပေါ်ပေါက်မလာဖို့ အကိုကြီးသဖွယ်ဖြစ်သော ကျနော်တို့ ဘ၀ တွေ ရင်းရ ဘာပဲ ရင်းရ ရင်းရ ။ ဆက်လက် ကြိုးစားသွားပါမယ် လို့ ညီမလေး ညီလေးများကို တန်ပြန် ကတိပေး အားဆေး တိုက်ကျွေးလိုက်ပါတယ်။ အဝေးရောက် ညီမလေး တယောက်က အခုလေးတင် ပေးပို့လိုက်တဲ့ သူ့ အားပေး စကားလေးတွေက ဒီလိုဖြစ်ပါတယ်။ =========================================== အကို စိတ်ဓာတ်မကျပါနဲ့ ကိုယ့်ရဲ့စေတနာ ကိုယ်ပြန်ဟက်ပါတယ် အများအကျိုးအတွက် ကိုယ့်အသိစိတ်နဲ့ တတ်နိုင်တဲ့ဘက်က ကူညီနေတဲ့အကို့မှာ ဘာမှမဖြစ်နိုင်ပါဘူး ခုချိန်မှာဘာမှမတွေးပဲ ဘုရားတရားသာအာရုံပြုပါ စိတ်ကအဓိကပဲ ဘယ်တော့မှလက်မလျော့နဲ့ ငါပြန်ကောင်းတော့မှာဆိုပြီ ယုံကြည်ချက်ထားပါ စကားပုံရှိတာပဲ စိတ်သွားတော့ကိုယ်ပါတဲ့ ဒါကြောင့်စိတ်ကအဓိကပဲ..........စိတ်ကအဓိကပဲ ဘယ်တော့မှလက်မလျော့နဲ့ ငါပြန်ကောင်းတော့မှာဆိုပြီ ယုံကြည်ချက်ထားပါ စကားပုံ ရှိတာပဲ အခု အိမ်က လယ်ကိစ္စကိုတိုင်းမှူးကခေါ်တွေ့တယ်တဲ့ ဘာပြောကြလဲတော့မသိသေးဘူး ပိုက်ဆံမလိုချင်ပါ ဘိုးဘွားပိုင်လယ်တွေပြန်လိုချင်တယ် အကိုကိုညီမအကြောင်းပြောပြမယ် သမီးငယ်ငယ်မှာ လယ်တွေအသိမ်းခံရတယ် အဖိုးအဖွားအဖေအမေ ဘာမှမလုပ်တတ်ဘူး လယ်ပဲလုပ်တတ်တယ် အဲ့ဒီတော့ ရှိတာရောင်းစားရတော့တာပေါ့ အဖေက အစိုးရဝန်ထမ်း ဆိပ်ကမ်းအာဏာပိုင်မှာ အမေက တော့ဈေးရောင်းပေါ့ မောင် နမများတော့ ပြည့်စုံ စွာပညာမသင်နိုင်ဘူး သမီးဆယ်တန်းနဲ့ထွက်ခဲ့ရတယ် အထည်ချုပ်မှာအလုပ်ဝင်ခဲ့တယ် တစ်လ နစ်သောင်းခွဲသုံးသောင်းပါ အမေကအသဲကင် ဆာဖြစ်နေပြီ မောင် နစ်ယောက်က သုံး တန်းလေးတန်း အဲ့ဒီအချိန်မှာ အိမ်မှာသမီးလစာပဲရှိတယ် နောက်အမေဆုံးတယ် အဖေ လေဖြတ်သွားတယ် ကိုယ်တစ်ပိုင်းသေတယ် အရမ်းစိတ်ညစ်ရတယ် နောက်တော့ ဒီစင်ကာပူကို အိမ်အကူအနေနဲ့ထွက်လာတယ် အဖေကလေဖြတိပြီး စိတ်ကကလေးဆနိသွားတယ် အဖေအမြဲပြောတယ် သားသမီးတွေရှိပြီ ဒီအဖေလေးတစ်ယောက်တောင်ဝအောင်မကျွေး နိုင်ဘူးလားတဲ့ ဒါကြောင်းသမီးစွန့်စားခဲ့တယ် အဖေသမီးလုပ်စာမစားရပါဘူး စ လုံးရောက်ပြီး ခြောက်လ အကြာမှာ ပထမဆုံး လစားရပါတယ် အဖေရက်လည်တဲ့မေ့ဟာ သမီးအဖေ့အတွက်ပိုက်ဆံပို့တဲနေပါ အိမ်ကလူတွေက အဖေဆုံးတာသမီးကိုမပြောခဲ့ဘူး ခုသမီးဘာကြောင့်ပြောပြရလဲဆိုတော့ စိတ်နာလို့ပါ ငယ်ငယ်က ပြည့်ပြည့်စုံစုံ နေခဲ့ရတယ် အခုသူများနိုင်ငံမှာအိမ်ဖော်လုပ်နေရတယ် စစ်တပ်ကသာ သမီးတိုလယ်တွေမသိမ်းခဲ့ရင် သမီးတို့စီးပွားရေးမပျက်ခဲ့ဘူး အိမ်ကိုလည်း ရောင်းရမှာမဟုတ်ဘူး သမီးလည်းပညာကောင်းကောင်းသင်ရမှာ ဘာမှမဟုတ်ဘူး ဖေဖေ နှင့်မေမေ့ကိုသတိယလို့ရေးတာပါ အကိုလည်းအပြင်းပြေအောင်လိုပါ ဒါပဲနော် ၥၱၡညီမေလး တဦး
Posted on: Wed, 03 Jul 2013 10:46:15 +0000

Trending Topics



Recently Viewed Topics




© 2015