စိတ်ဆိုးနိုင်ပါတယ်..။ - TopicsExpress



          

စိတ်ဆိုးနိုင်ပါတယ်..။ ဒါပေမဲ့..စေတနာ..စကားပါ..။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ရေးသင့်..မရေးသင့်..ချိန်နေရင်းက.. အင်း..နားလည်မှုလွဲလို့..မုန်းသူရှိလည်း..မတတ်နိုင်.. လူငယ်တွေ..အတွက်ဘဲ..လို့..တွေးပြီး..ဒီအကြောင်းကို..ရေးရပါတယ်..။ ။။။။။။။။။။။။။။ ၂၁.၁၁.၂၀၁၃ က..ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ.. CoC သင်တန်းဖွင့်လှစ်တဲ့..ကျောင်းတွေက.. တာဝန်ခံတွေနဲ့..ရေကြောင်းဦးစီးက..တာဝန်ရှိသူများ..အစည်းအဝေး..လုပ်ခဲ့ပါတယ်..။ ရေကြောင်းပညာရေးစနစ်သစ်အတွက်..လုပ်တဲ့..အစည်းအဝေးပါ..။ နိုင်ငံတစ်ကာ..Audit အဖွဲ့တွေ..လာခဲ့ပြီး..သက်ဆိုင်ရာ..သင်တန်းတွေကို..စစ်ခဲ့ရင်.. Text Book, Lecture Notes, Syllabus, Course Outline, Quality Management System, Documentations တွေကို..ပြင်ဆင်ထားဘို့. .အသိပေးတဲ့.အစည်းအဝေး..ပါ..။ ။။။။။။။။။။။။။ MMU ကျောင်းသားများ ဖြစ်တဲ့..BE (Marine Engineering ) နဲ့..MMMC ကျောင်းသားများဖြစ်တဲ့..Dip in Marine Technology တွေ ကို..ကျောင်းမှာ..သင်တဲ့..သင်ရိုးတွေဟာ.. IMO (International Maritime Organization) က..ထုတ်ပြန်ထားတဲ့.. STCW( Manila Amendment 2010) ရယ်.. သူ့ကို..မှီပြီး..အသစ်ထုတ်ပြန်ထားတဲ့..Model Course (7.04) (2013 Edition) (Officer in Charge of an Engineering Watch) မှာ..ပါတဲ့.. Syllabus များနဲ့..ကိုက်ညီရပါ့မယ်..။ Syllabus များကို..Model Course အသစ်နဲ့..ကိုက်ညီအောင်..ပြင်ဆင်ထားပြီးကြောင်း..သက်ဆိုင်ရာ..DMA နဲ့ IMO ကိုတင်ပြထားဘို့..လိုအပ်လာ..ပါတယ်...။ ။။။။။။။။။။။။။ အဲဒီလို..ကျောင်းများဘက်က..လုပ်စရာရှိတာများကို..လုပ်ထားခဲ့မယ်..ဆိုရင်..။ MMU ကျောင်းသားများကလည်း..BoE (Written) ကို..ကျောင်းမှာ..သီးခြားစစ်နေရတာမျိုး..၊ DMA BoE ကို..၀င်ဖြေရတာမျိုး..မလိုတော့ပါဘူး..။ (ကျောင်းဘက်မှ..ဆောင်ရွက်..ဘို့..လိုအပ်နေသေးကြောင်း..လူအင်အား..မရှိကြောင်း..ME ဌာနမှူး..ဆရာဦးသိန်းထွန်း..က..အရင်အစည်းအဝေး..တစ်ခုမှာ. မေးတာ့.. .ပြောပြခဲ့ပါတယ်..။) အဲဒါဆိုရင်..ဘွဲ့လည်းရ..STCW အရ..သတ်မှတ်ထားတဲ့..OEW စာမေးပွဲရဲ့. .အစိတ်အပိုင်းတစ်ခု..လည်း..အောင်မြင်ပြီးသားဖြစ်သွားမှာပါ..။ Sea time ပြည့်တာနဲ့..Oral ၀င်ရုံပါဘဲ..။ အချိန်ကုန်..လူပန်း..သက်သာတာပေါ့..။ အခုထိတော့..အဲဒီလုပ်ငန်းစဉ်..လုပ်ဘို့..ကျန်နေသေးတဲ့အတွက်..စနစ်သစ်ပညာရေးနဲ့..ကိုက်ညီအောင်...အပတ်စဉ်(၆) (၇) က..ကျောင်းသားတွေဟာ..BoE Written ကို..ဖြေဘို့..အောင်ဘို့..လိုအပ်နေပါသေးတယ်..။ ။။။။။။။။။။။။။ MMMC မှာတော့..ဆောင်ရွက်နေပြီလို့..သိရပါတယ်.။ ။။။။။။။။။။။။ အဲဒီမှာ..အမုန်းခံ..၀င်ဆွေးနွေး..ချင်တာက.. ဌာနဆိုင်ရာ..များကြားမှာ.ရှိနေတဲ့..နားလည်မှု..လွဲနေတာလေး..တစ်ခုပါ..။ ။။။။။။။။။။။။ DMA , MMU, MMMC အကြီးအကဲများဟာ..ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့..ဌာနအကြီးအကဲများ..ဖြစ်ကြပြီး.. ရာထူး..အဆင့်..၊ နိုင်ငံတော်..သတ်မှတ်ချက်အရ..အတူတူ..ပါဘဲ..။ ။။။။။။။။။။။။ IMO ရဲ့..မြန်မာနိုင်ငံဆိုင်ရာ..Focal Point က..DMA ..ဖြစ်ပါတယ်..။ ။။။။။။။။။။။။ IMO ဟာ..International Conventions များနဲ့စပ်လျဉ်းပြီး. မြန်မာနိုင်ငံကို..ပြောလိုတဲ့..အခါ..၊ အသိပေး..လိုတဲ့..အခါ..၊ DMA ကို..ဆက်သွယ်..ညွှန်ကြားပါတယ်..။ DMA..က..IMO ကိုယ်စား.. မိမိနိုင်ငံမှာ..ရှိတဲ့..သက်ဆိုင်ရာ..ရေကြောင်းဘက်ဆိုင်ရာ.ဌာနများအဖွဲ့အစည်းများကို.. တစ်ဆင့်ခံ..တာဝန်ယူပြီး..အကြောင်းကြားပေးဘို့..။ အဲဒီ..အဖွဲ့အစည်းများရဲ့..တင်ပြချက်များကို..IMO ကို..စုစည်းပြီး..တင်ပြပေးဘို့.. တာဝန်ရှိပါတယ်..။ ။။။။။။။။။။။။ အဲဒီမှာ..ဌာနဆိုင်ရာခြင်းအတူတူ.. DMA က..ဘာလို့..တစ်ချို့ကိစ္စတွေမှာ..တို့ကို..လာခိုင်းနေရတာလဲ..လို့.. အချို့သော..အရာရှိကြီးများက.အမြင်လွဲပြီး..တစ်မျိုး..ထင်တတ်ပါတယ်..။ ဌာနဆိုင်ရာ...အနေနဲ့..မဟုတ်ပါ..။ IMO ဆိုင်ရာ..ကိစ္စများကို..IMO ကိုယ်စား..ပြောနေတာလို့. .နားလည်ပေးစေချင်ပါတယ်..။ ။။။။။။။။။။။။။ အဲဒီလို..နားလည်မှု..လွဲပြီး..ဆောင်ရွက်ရမှာလေးတွေ.. ကြန့်ကြာခဲ့ရင်..ဖြင့်. အထူးသဖြင့်..STCW နဲ့ပါတ်သက်..လာ..ရင်.. ကြားက..ခံရမှာက..ကျောင်းသား..လူငယ်တွေ..ဖြစ်ပါတယ်..။ ။။။။။။။။။။။။။ အကြံပြုတာပါ..။ တင်ပြတာပါ..။ စေတနာ..စကားပါ.. ခင်ဗျာ..။ ။။။။။။။။။။။။။။ အားလုံးကို..လေးစားလျှက် ။။။။။။။။။။။။။။ ၀င်းအောင် ရေကြောင်း..ကျောင်းဆရာ..
Posted on: Thu, 28 Nov 2013 11:08:12 +0000

Trending Topics



Recently Viewed Topics




© 2015