စီမံမှု နှင့်  - TopicsExpress



          

စီမံမှု နှင့်  မျှော်မြင်ကြီးမှု Manage & Vision တာဝန်ကြီးတဲ့ နေရာ တစ်နေရာကို ရလာရင် ကိုယ်မရှိရင် မဖြစ်ဘူးဆိုပြီး မသိမသာ ဖြစ်တတ်ကြပါတယ်။ ဒါဟာ သဘာဝသဘောတရားပါ။ သူမရှိတော့လဲ နောက်လူတက်အုပ်ချုပ်တာရပြန်ရော။ ဟုတ်ဟုတ်မဟုတ်ဟုတ် အချိန်တန်ရင် လုပ်စရာတွေ လုပ်ပြီးသွားတာပါပဲ (သပ်ရပ်တာ မသပ်ရပ်တာ အသာထား)။ စီမံခန့် ခွဲမှုဆိုတာ သူဟာနဲ့ သူဖြစ်သွားတာပါပဲ။ စီမံမှုတော်ရင် အောင်မြင်မယ်၊ လူသက်သာမယ်။ မတော်ရင် တဖြည်းဖြည်းနဲ့ ကျသွားမှာပါ။ အမျှော်အမြင်ကြီးတယ်ဆိုတာကတော့ စီမံမှုထက်ပိုပြီး မြင့်သွားပါတယ်။ စီမံတယ်ဆိုတာ လူ ၁၀ ယောက်စာ အတွက် ဆန်တစ်ပြည်ချက်ပြီး ဝေစားဖို့  စီမံပေးလိုက်သလိုပါ။ အမျှော်အမြင် (Vision) ဆိုတာကတော့ တွေးခေါ်မျှော်မြင်မှုကောင်းလို့ လူသားအကျိုးဖြစ်ထွန်းတာပါ။ ၁။ Apple ရဲ့  Steve Jobs ၂။ Microsoft ရဲ့  Bill Gates ၃။ Facebook ရဲ့  Mark Zuckerberg တရုတ်ပြည်ရဲ့ တံခါးဖွင့်ဝါဒ ကို ချမှတ်ပေးခဲ့သော တိန့် ရှောင်ဖိန် စင်ကာပူကို ဘာသဟံဇာတမှ မရှိပေမဲ့ လူသားအရင်းအမြစ် (Human Resources) ဖြင့် ရပ်တည်စေခဲ့သော လီကွမ်းယု အမေရိကန်ပြည်ကို နိုင်ငံရေးစနစ်မှန်ပေါ်ရပ်တည်စေခဲ့သော George Washington မိမိတို့ ရှုံးနိမ့် ပါက ကိုယ့်ကိုကိုယ်သတ်သေပြီး သူရဲကောင်းစိတ်ဓာတ် ကို အသက်တမျှ မြတ်နိုးသော ဂျပန်ပြည်သားများအား ရေရှည်ကို မျှော်တွေးကာ ရေဒီယိုမှနေပြီး စစ်ရှုံးသွားပြီ ဖြစ်သဖြင့် လက်နက်ချကြရန် " To Endure the most unendurable" "လုံးဝမရင်ဆိုင်နိုင်သော ခါးသီးသော ခံစားမှုများကို သည်းခံဖြေရှင်းကြရန်" ဟု ပြောကြားခဲ့သော ဂျပန် ဧကရဇ် Hirohito မြန်မာနိုင်ငံတွင် Buddhism အခြေတည်တံ့ ထွန်းကားရန် ရည်ရွယ်ရ်ျ ပုဂံပြည့်ရှင် အနော်ရထာအား တရားပြခဲ့သော ရှင်အရဟံ India ၏ အာသောကမင်းကြီးအား အလားတူ တရားပြခဲ့သော ကိုရင်လေး (young novice named Nigrodha who converted Asoka) သာသနာတော်ရေရှည် တည်တံ့ရေးအတွက် ကိုးတိုင်းကိုးဌာနသို့ သာသနာပြု ရဟန်းများစေလွှတ်ခဲ့သော အာသောကမင်းကြီး စီမံမှုကတော့ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း ဆက်လက် ချီတက်မြဲပါ။ မျှော်မြင်မှုကတော့ လူသားတစ်မျိုးနွယ်လုံး၊ တိုင်းပြည်တစ်ပြည်လုံး အကျိုးခံစားကြရမှာပါ။
Posted on: Thu, 25 Jul 2013 16:55:07 +0000

Trending Topics



Recently Viewed Topics




© 2015