ဇွန်လ ၊ ၁၈ ရက် - TopicsExpress



          

ဇွန်လ ၊ ၁၈ ရက် (အင်္ဂါ)နေ့ထုတ် TRUE NEWS WEEKLY မှ ဆောင်းပါးရှင် အောင်သာ (ပီသုံးလုံး)၏ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံနဲ့ လူထုတိုက်ပွဲ ရဲ့ အခန်း ------------------------------------------------------------ အောင်သာ (ပီသုံးလုံး) -------------------------------- မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံဟာ ၁၉၆၂ခုနှစ်ကစရင် နှစ်ပေါင်း (၅၀) ကျော်ခဲ့ပါပြီ။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးက စရင် နှစ်ပေါင်း (၂၅)နှစ်ရှိခဲ့ပါပြီ။ ဒါပေ မယ့် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ ဘာလဲ၊ ဘယ်လဲဆိုတဲ့မေးခွန်းဟာ ပြေလည်သွားပြီလားလို့ အမေးရှိတယ်ဆိုရင် ဖြစ်တည်နေတဲ့အကြောင်း အချက်များအရ ခေါင်းညိတ်သဘောတူဖို့ အခက်အခဲများရှိနေတယ်လို့ပဲ ဆိုချင်ပါတယ်။ နိုင်ငံရေးမှာ မဟာ ဗျူဟာ၊ နည်းဗျူဟာများ ရှိပါတယ်။ မြန်မာ့လူအဖွဲ့အစည်းကို ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ် ထူထောင် မယ်။ ဒါ မဟာဗျူဟာပေါ့။ မဟာဗျူ ဟာ တစ်ရပ်အကောင်အထည် ဖြစ်ဖို့ နည်းဗျူဟာခြေလှမ်းတွေ အများကြီး လှမ်းရပါတယ်။ မြန်မာနိုင်ငံလွတ်လပ် ရေးရရှိရေး မဟာဗျူဟာအတွက် ၀ံသာနုအရေးတော်ပုံ၊ ဆရာစံသူပုန် ကြီး ၁၃၀၀ ပြည့် အရေးတော်ပုံကြီး၊ ဂျပန်တော်လှန်ရေး၊ စစ်ပြီးခေတ် လွတ်လပ်ရေး လှုပ်ရှားမှုစတဲ့ (နည်း ဗျူဟာ ခြေလှမ်းများ) လှမ်းခဲ့ရပါတယ်။ အဖွဲ့အစည်းအဖြစ် ပြောရရင် (၁) ဂျီစီဘီအေအဖွဲ့ချုပ်ကြီး (၂) ဒို့ဗမာ အစည်းအရုံးကြီး (၃) ဆရာစံ သူပုန်အဖွဲ့ကြီး (၄) ပဖပလအဖွဲ့ချုပ် ကြီး၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၊ အတွင်းရေးမှူး သခင်သန်းထွန်း၊ တိုက်ပွဲပုံစံများအဖြစ် (၁) မြေအောက် လျှို့ဝှက်လုပ်ငန်းများ၊ (၂) တရားဝင် လုပ်ငန်းများ (၃) ဂျပန်တော်လှန်ရေး စစ်ပွဲ (ဆင်နွှဲခြင်း)၊ (၄) စစ်ပြီးခေတ်၊ လွတ်လပ်ရေးအတွက် လူထုတိုက်ပွဲ များ ဆင်နွှဲခြင်းနဲ့ (၅) နယ်ချဲ့ဂိုဏ်းနဲ့ စားပွဲဝိုင်းတိုက်ပွဲများ ဆင်နွှဲခြင်းစတဲ့ တိုက်ပွဲပုံသဏ္ဌာန်အမျိုးမျိုး ဆင်နွှဲခဲ့ ကြရပါတယ်။ “မူ”ပေါ်မှာ ခိုင်မြဲပြီး လုပ်နည်းကိုင်နည်းက ပျော့ပျောင်း ရပါမယ်။ (စေ့စပ် ဆွေးနွေးခြင်း) တစ်ဖက်က ကျင့်သုံးပြီး၊ တစ်ဖက်က အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများနဲ့ မြို့နေအတန်းအစား အလွှာ အသီးသီးနဲ့ စုဖွဲ့ထားတဲ့ “လူထုတိုက် ပွဲများ” ကို အားကိုးရပါမယ်။ လူထု တိုက်ပွဲနည်းကို အချောင် သမားများ၊ အလိုတော်ရိ၊ နိုင်ငံရေး ခရိုနီများက မကြိုက်ကြပါ။ မျက်မှောက်ခေတ် နိုင်ငံရေး ခေါင်းဆောင်မှုက လည်း “လူထုတိုက်ပွဲနည်းကို ကြိုက်ပုံမရ ပါ”” ယုံကြည်ပုံလည်းမရပါ။ လူထုတိုက်ပွဲကို စစ်အုပ်စုနဲ့ စစ်အာဏာရှင် များကလည်း ကြောက်ကြပါတယ်။ (ခရိုနီများနဲ့ လူထုတိုက်ပွဲကိုကြောက်တဲ့ ခေါင်းဆောင်မှုက “နောက်ဖေးပေါက်တိုက်ပွဲ” ဆင်ချင်ကြပါတယ်။) စစ်ပြီးခေတ်မှာ လွတ်လပ်ရေးရခဲ့ ကြတဲ့ ဗမာပြည်လို နိုင်ငံမျိုးနဲ့ ပြည် တွင်းစစ်နဲ့ စစ်အာဏာရှင် စနစ်နှစ်ရှည် ကြီးစိုးထားတဲ့ မဗာပြည်လို နိုင်ငံမျိုး မှာ ပါတီစုံစနစ်ထဲမှာ ပါတီ အဖွဲ့အစည်းတွေ များနေလေ့ ရှိပါတယ်။ ၈၉ ခုနှစ်မှာ ၂၂၃ ပါတီရှိပါတယ်။ အခု ၂၀၁၃ မှာ ပါတီ ၆၀ နီးပါးရှိပါ တယ်။ ၈၉ ခုနှစ်မှာ (ဒမဖ) တပ် ပေါင်းစု၊ လူမျိုးစုတပ် ပေါင်းစု ၄၁ ပါတီ၊ မဟာမိတ် အဖွဲ့အပါအ၀င်ပါတီ စုကြီး (၁၁) စု ရှိခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်အာဏာဖီဆန်ရေး လှုပ်ရှားမှု ကို (န၀တ) စစ်အစိုးရက ချေမှုန်းခဲ့ပါ တယ်။ လက်ရှိပါတီစုံ စနစ်ထဲမှာ ပါတီ ၆၀ နီးပါးပဲရှိပါတယ်။ ဒါပေမယ့် စိတ်တူကိုယ်တူ Front/ JAC/ Joint Action Committeမျိုး စုဖွဲ့တာမျိုး မရှိပါဘူး။ ဒီချုပ်ကိုယ်တိုင်ကလည်း ခေါင်းဆောင်မှုယူပြီး Front/ JAC အစုများ စုဖွဲ့ဖို့ ကြိုးစားတာမျိုးလည်း မရှိပါဘူး။ ဒီချုပ်၊ ကြံ့ဖွံ့၊ တစညနဲ့ SNLD လို ရှမ်းမျိုးနွယ်စု၊ ရခိုင်နဲ့မွန် မျိုးနွယ်စုပါတီများကလွဲရင် မြန်မာ ဓနရှင် ပေါက်စ ခေတ်ပညာတတ်များ ကိုယ်စားပြုတဲ့ ပါတီငယ်ကလေး တချို့ဟာ လက်ရှိနိုင်ငံရေးနဲ့အနာဂတ် မြန်မာ့နိုင်ငံရေး ထိထိရောက်ရောက် ကိုယ်စားပြုမယ်လို့ မျှော်လင့်နိုင်တဲ့ အထောက်အထား မရှိသလောက်ပါပဲ။ မြန်မာ့ပစ္စက္ခပါတီစုံ စနစ်ဖြစ်တည်မှုဟာ အင်မတန်အားနည်းပါတယ်။ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ခေါင်းဆောင်မှု၊ ခေါင်းဆောင်မှု Body ၊ မဟာဗျူဟာနည်းဗျူဟာ၊ စည်းရုံးရေး ခွန်အား၊ လူထုကြီးအပေါ် သြဇာသက်မှု အတွေ့ အကြုံစတဲ့ အချက်အလက်လိုအပ်ချက် ရှုထောင့်အမြင်ကနေပြောရရင် မြန်မာ့ပါတီစုံစနစ်ဆိုတာဘုရား စူးမိုးကြိုးပစ်ပါတီစုံလို့ ဆိုရပါမယ်။ ၁၉၈၉ ဇွန် အာဏာဖီဆန်ရေးလှုပ်ရှားမှုကို နှိပ်ကွပ်သလို နှိပ်ကွပ်လာမယ်ဆို ရင် What is to be done! ဘယ်လို ရပ်တည်ကြမှာပါလဲ။ ဒီမေးခွန်းကို ဖြေကြည့်ရပါလိမ့်မယ်။ ဒီကနေ့ခေတ် နိုင်ငံရေးကို ပါတီစုံ စနစ် ခေတ်နိုင်ငံရေးလို့ မှတ်ယူကြရ မှာပါ။ ဒါပေမယ့် လက်တွေ့မြင်ရ တွေ့ရ တွေ့ရသလောက် ပြောရရင်တော့ Growing Poletics ပါ။ အုပ်စုနိုင်ငံရေးပါပဲ။ ဒါဘာကြောင့်လဲ ဆိုတော့ ဒီနေ့ခေတ်မှာ ဒီမိုကရေစီ ပါတီတစ်ခုခုဆိုတာ ကိုယ်၌က စိတ်တူကိုယ်တူ ဖြစ်တဲ့သူများစုဖွဲ့ထားတဲ့ A Social Grouping တစ်ခုအဆင့်ပဲ ရှိတာပါ။ ဦးကျော်သူတို့ ဒေါ်သန်းမြင့်အောင်တို့ရဲ့ နာရေးကူညီမှုအသင်း လောက် လူထုကိုယ်စားပြုမှု မရှိပါ ဘူး။ ပါတီအနေနဲ့ ဆိုရင်လည်းပါတီ အင်္ဂါမြောက်တဲ့ အကြောင်းအချက်များ ရှိရပါတယ်။ နှိုင်းယှဉ်ချက်အရ ကျိုး ကြောင်းရှိတဲ့ Leadership Body ရှိရပါမယ်။ (အနိမ့်ဆုံးဖြစ်တဲ့ Popu-larity ရှိတဲ့) ပေါ်ပြူလာခေါင်းဆောင် ရှိရပါမယ်။ ဗဟိုအဖွဲ့အင်္ဂါစုံတဲ့ PHQ တစ်ခုရှိရပါမယ်။ ပေါ်ပြူလာဖြစ်တဲ့ နိုင်ငံရေး၊ စည်းရုံးရေး ပေါ်လစီများ ရှိရပါမယ်။ Political Manifesto တစ်ခု ရှိရပါမယ်။ တပ်ပေါင်းစုအလုပ် သမား၊ လယ်သမား၊ အမျိုးသမီး၊ တတ်သိ၊ လူမျိုးစု၊ လူငယ်ကျောင်းသား စတဲ့ လူထုလူတန်းစား အဖွဲ့အစည်းနဲ့ လုပ်ငန်းပေါ်လစီရှိရပါမယ်။ Ranks- in - files လို့ဆိုရမယ့် ပါတီအောက် ခြေအဖွဲ့အစည်း အဆင့်ဆင့်ရှိရပါ မယ်။ ကာလလိုက်ထူးခြားတဲ့လုပ်ငန်း ပေါ်လစီများရှိရပါမယ်။ (ဥပမာ- ၂၀၀၈ ခု၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တိုင်းရင်းသား ASF များနဲ့ စစ်ရပ်စဲ ရေးပြဿနာ။ ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ် သဘောထား။ ၂၀၁၅ ရွေး ကောက်ပွဲပေါ် သဘောထား။) ဒီကနေ့ခေတ်ကို မြန်မာ့စတုတ်္ထမျိုး ဆက်များ ခေတ်လို့ ပြောဆိုရေးသားမှုများ ရှိနေတာကို သတိပြုမိပါ တယ်။ ဒီကနေ့ခေတ်ရဲ့ ရှိရှိသမျှ ဘ၀လုပ်ငန်း နယ်ပယ်အသီးသီးမှာ စတုတ္ထမျိုးဆက် ပညာတတ်များက နေရာယူထားကြပါတယ်။ သူတို့ဟာ အမျိုးမျိုးသော NGO အဖွဲ့အစည်းများမှာ နေရာယူ ထားကြပါတယ်။ တချို့ကပညာရေးနဲ့ ကျန်းမာရေး နယ်ပယ်အမျိုးမျိုးမှာ နေရာယူထားကြပါတယ်။ တချို့က ပရဟိတလုပ်ငန်း နယ်ပယ်အမျိုးမျိုးမှာ နေရာယူထားကြပါတယ်။ တချို့က စာနယ်ဇင်းနဲ့ မီဒီယာလုပ်ငန်းနယ်ပယ်များမှာ နေရာယူထားကြပါ တယ်။ ဒီနယ်ပယ်က လူတောင်ပိုများ နေမလားလို့ တွေးကြည့်မိပါတယ်။ အထူးသဖြင့် မိန်း ကလေးငယ်များ၊ ဒီစာနယ်ဇင်းနဲ့ မီဒီယာလုပ်ငန်း နယ် ပယ်များမှာ တက်တက်ကြွကြွ၊ထက် ထက်သန်သန် ပါဝင် လှုပ်ရှားနေကြ တာကို ကြည့်ပြီး ကျေနပ်မိရပါတယ်။ ပိုမို သတိပြုမိတဲ့အချက်ကတော့ လူ့သက်တမ်း သုံးလေးငါးဆယ်တန်း၊ ပညာတတ် ကျားမလူငယ်များ ပါဝင် လှုပ်ရှားနေကြတဲ့ Galhering တွေ့ဆုံ ပွဲအမျိုးမျိုး ဖြစ်ပေါ်နေတာပဲ ဖြစ်ပါ တယ်။ ဒီအထဲမှာ နိုင်ငံရေး၊ ပညာရေးနဲ့ စာပေအနုပညာစတဲ့ ဘ၀လုပ်ငန်း နယ်ပယ် များ အကျုံးဝင်ပါတယ်။ အမှန်စင်စစ် လုပ်ငန်းဘ၀နယ်ပယ် အမျိုးမျိုးကို ကိုယ်စားပြုတဲ့ မျိုးဆက်များဟာ ပြောင်းလဲသွားပါပြီ။ သမိုင်း ခေတ်ဟာ မျိုးဆက်သစ်များရဲ့ စီမံခန့် ခွဲမှုအောက်ကို တဖြည်းဖြည်း ကူးပြောင်း ရောက်ရှိလာနေခဲ့ပြီလို့ဆိုချင်ပါတယ်။ ဒီမိုကရေစီပါတီ အသင်းအဖွဲ့အမျိုးမျိုးအတွင်းကို အကြောင်း မျိုးစုံနဲ့ စတင်အခြေချ ရောက်ရှိနေကြ တဲ့ စတုတ္ထမျိုးဆက်၊ ဓနရှင်ပေါက်စ ပညာတတ်လူမှု အစုများထဲကအမြော် အမြင်လည်းရှိ၊ အနစ်နာလည်းခံနိုင်၊ ကျယ်ပြန့်တဲ့ လူထုကြီးအကျိုးကို လည်း ဆောင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်း ရဲ့ မူရာမာယာများမှုကိုလည်း ဖောက်ထွက်နိုင်တဲ့ ဒေါင်ဒေါင်မြည် မျိုးဆက် တစ်ဆက်ကို မိမိတို့မြန်မာ လူ့အဖွဲ့အစည်းက ရနိုင်၊ မရနိုင်ဆိုတဲ့ မေးခွန်းကို ဘယ်သူကများ အဖြေပေးနိုင်ပါ့မလဲ။ လူပုဂ္ဂိုလ်အရ အဖြေပေး ဖို့ကတော့ ခက်ခဲမှာ အမှန်ပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူမှုစနစ် ဖွဲ့စည်းပုံများဟာ ရှုပ်ထွေးပါ တယ်။ ဗမာပြည်မှာ ပဒေသရာဇ် မြေယာကုန် ထုတ်စနစ်ဟာ ခိုင်မြဲတည်ရှိနေဆဲဖြစ်သာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အရင်းရှင် ကုန်ထုတ်စနစ်ဟာလည်း ခေတ်နောက်ကျနေဆဲသာ ဖြစ်ပါတယ်။ ဒီစီးပွားရေး စနစ်များအပေါ်မှာ စစ်ဗျူရိုကရက် အရင်းရှင်စနစ်ကို ထပ်ဆင့်ထူထောင်ထားတာ ဖြစ်ပါတယ်။ “ဗျူရိုကရက် အရင်း” ဆိုတာ အာဏာနဲ့ လက်ဝါးကြီးအုပ်ထားတဲ့ အရင်းဖြစ်ပါတယ်။ အာဏာဆိုတာ စစ်အာဏာကို ဆိုတာပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းကို အမှန်တကယ်စစ်မှန်တဲ့ လစ်ဘရယ်ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်း အဖြစ် တည်ဆောက်မယ်ဆိုရင် လူ့အဖွဲ့အစည်းအတွင်းက အာဏာနဲ့ ဥစ္စာပိုင်ဆိုင်မှုနဲ့ ခွဲဝေမှု Distribution Of Power and Wealth ပြဿနာကို ဒီမိုကရေစီနည်းကျ ဖြေ ရှင်းရပါမယ်။ အာဏာနဲ့ ဥစ္စာဓနခွဲဝေမှုဒီိမိုကရေစီ ကျဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်နဲ့ အာမခံချက် ပေးရမှာဖြစ်ပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ၊ စစ်အာဏာရှင်နဲ့ စစ်ဗျူရိုကရက် အရင်းရှင်စနစ်ကိုသာ ကာ ကွယ်ထားတဲ့ ဥပဒေဆိုတာကို လစ်ဘရယ်ကမ္ဘာကြီးက ကောင်းကောင်းသိပါတယ်။ ဒီချုပ်ကလည်း ကောင်း ကောင်းသိပါတယ်။ သူတို့က ဗမာ ပြည်မှာ Arab Spring ဖြစ်လာမှာကို ကြောက်ကြပါတယ်။ ဒါကြောင့်သူတို့ က ၂၀၁၅ ရွေးကောက်ပွဲမှာ (၁) ပြည်ခိုင်ဖြိုး (၂) ဒီချုပ်နဲ့ (၃) လူမျိုး စုံတိုင်းရင်းသားလစ်ဘရယ် ဒီမိုကရေ စီအင်အားစုများ ပါဝင်ကြပြီး ညွန့်ပေါင်းအစိုးရပုံစံနဲ့ အာဏာခွဲဝေကြရန် ဒီနည်းနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ Political Blockade ကို ချိုးဖောက် ကျော်လွန်ချင်ကြပုံ ရပါတယ်။ ဒီချုပ်နဲ့ ကြံ့ဖွံ့က ကြည်စေအေးစေ ဖြစ်ကြမယ့်ပုံရှိပါတယ်။ ပြဿနာက တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီက တောင်းဆိုထားတဲ့စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ် အကောင်အထည်ဖြစ်ရေး တောင်းဆို ချက်ကို ပြည်ခိုင်ဖြိုးပါတီနဲ့ ဒီချုပ် တို့က သဘောတူ ထောက်ခံနိုင်တဲ့ အခြေအနေမျိုးမရှိကြောင်း မြန်မာ့အရေးစောင့်ကြည့်သူများက ယုံကြည် နေကြပါတယ်။ ဗမာပြည်ဓနရှင် လူတန်းစား အုပ်စုများဖြစ်ကြတဲ့ သန့်ရှင်း/ တည်မြဲအုပ်စုများ၊ ပမညတများ အားလုံးဟာ တိုင်းရင်းသား လူမျိုးစုများရဲ့ အမျိုးသားတန်းတူရေးတောင်း ဆိုချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင် စုစနစ်ကို (ဟိုစဉ်ကတည်းက) လက်မခံခဲ့ကြပါဘူး။ ဒီချုပ်နဲ့ ဒီချုပ်ဥက်္ကဋ္ဌ ကိုယ်တိုင်လည်း လူမျိုးစုများ ပြဿနာမှာ ဖဆပလဂိုဏ်းကွဲများနဲ့ တစ်သဘော တည်းဖြစ်ကြောင်း ၁၉၉၂/၉၃ ခုနှစ် မှာ ကြားသိခဲ့ရဖူးပါတယ်။ (အခု ပစ္စက္ခကာလမှာ ဒီချုပ်ရဲ့ တိုင်းရင်းသား အမျိုးသားများရဲ့ အမျိုးသားတန်းတူရေး ပြဿနာအပေါ် ဘယ်လို သဘောထားမျိုးရှိတယ်ဆိုတာ သဲသဲ ကွဲကွဲတော့ မကြားရသေးပါဘူး။) မြုံထားပုံလည်း ရပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ၊ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေး ကောက်ပွဲဟာ ဒုတိယအကြိမ် အထွေ ထွေ ရွေးကောက်ပွဲ ဖြစ်ပါမယ်။အာဏာရ ကြံ့ဖွံ့အစိုးရနဲ့ ပါတီက ၂၀၁၅ နှစ်မှာ ကျင်းပမယ့် ရွေး ကောက်ပွဲကို မဟာဗျူဟာမြောက် ရွေးကောက်ပွဲ တစ်ခုအဖြစ် ကျင်းပ ဖို့ ကြံရွယ်ထားတဲ့ ကြံရွယ်ချက်ရှိ ကြောင်း အကြမ်းတော့ ခန့်မှန်းနိုင်ပါ တယ်။ (ဒီကြံရွယ်ချက်ကို ဒီဆောင်း ပါးရဲ့ အစပိုင်း တစ်နေရာမှာ မိတ် ဆက်ခဲ့ပြီး ဖြစ်ပါတယ်) ဒီနေ့ခေတ်မှာ စတုတ္ထမျိုးဆက် ဓနရှင်ပေါက်စ ပညာတတ် လူမှုအစုများဟာ လူထုလူတန်းစား၊ လူမှု အစုအဝေး အမျိုးမျိုးအကြားမှာ ပုံစံ အမျိုးမျိုးနဲ့ ပျံ့နှံ့ရောက်ရှိကြပုံကို အကြမ်းမိတ်ဆက်ပေးခဲ့ပါတယ်။ အရေအတွက်အားဖြင့် (၆၀) နီးပါး ခန့်ရှိတဲ့ပါတီများအနက် တစ်ဝက်လောက်ဟာ တိုင်းရင်းသား မျိုးနွယ်စု များနဲ့ စုဖွဲ့ထားတဲ့ ပါတီငယ်များဖြစ်ကြောင်း တွေရှိပါတယ်။ ကြံ့ဖွံ့၊ ဒီချုပ်၊ တညစနဲ့ ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ စတဲ့ စတဲ့ ပြည်မပါတီကြီးများနဲ့ Major Enthinc အဓိက တိုင်းရင်းသား မျိုးနွယ်စုပါတီများက လွဲရင် ကျန်ပါတီငယ်ကလေးအများစု ဟာ ရှိနေတဲ့ ဥပဒေတွင်းပါတီစုံစနစ် ကြံ့ခိုင်ရေးနဲ့ ပတ်သက်ရင် ထူးထူး ခြားခြား အားထားရမယ့် အခြေအနေ မျိုး မျှော်လင့်စရာ မရှိလှပါဘူး။ (အကယ်၍များ) ၁၉၈၉ ခုနှစ်၊ ဇွန် အာဏာဖီဆန်ရေး လှုပ်ရှားမှုကာလကလို (Reign Of Terror) အကြမ်း ဖက်ဖိနှိပ်ချေမှုန်းမှုများ ဖြစ်ပေါ်လာခဲ့ရင် ဘယ်လိုများ ခုခံရပ်တည်ကြမှာလဲ ဆိုတာကို တွေးကြည်မိပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရက အခုသူတို့ခန့်ခွဲနေတဲ့ Democratic Reform ဆိုတာ အပေါ်မှာ ပြည်တွင်း၊ ပြည်ပကထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ယုံကြည်စိတ်ချရမှုများ လုံလုံ လောက်လောက် ရရှိနေသမျှ ကြည် စေအေးစေ အခြေအနေများ ဖြစ်တည် နေမှာ ဖြစ်ပါတယ်”” လစ်ဘရယ်နိုင်ငံရေး သီဝရီမှာ (၁) လူထု (၂) လူတန်းစား (၃) ပါတီ (၄) ပါတီခေါင်းဆောင်မှု စတဲ့ မေဂျာဖက်တာကြီး (၄) ပါးရှိပါ တယ်။ ဒီဖက်တာကြီး ၄ ပါးဟာ တစ်ခုကို တစ်ခုက ထောက်ကူပြီး တစ်ခုကို တစ်ခုကကြံ့ခိုင်အောင် အကျိုးဆောင် ပါတယ်။ တစ်ခုမရှိရင် တစ်ခုမရနိုင် ပါဘူး။ တစ်ခုအားကောင်းမှလည်း တစ်ခုအားကောင်းမှာ ဖြစ်ပါတယ်။ ဒီဖက်တာကြီးများရဲ့ (ပထမ) ပြဿ နာဖြစ်တဲ့ လူထုဆိုတာဟာ စင်စစ် လူတန်းစားအမျိုးမျိုးနဲ့ စုဖွဲ့ထားတာ ဖြစ်တယ်ဆိုတာ နားလည်ရပါမယ်။ လူထုဆိုတာထဲမှာ အလုပ်သမား လူတန်းစား လူမှုအစုကြီး ပါပါ မယ်။ လယ်သမားလူတန်းစား လူမှု အစုကြီးပါပါမယ်။ ဓနရှင်ပေါက် စ လူမှုအစုအမျိုးမျိုး ပါပါမယ်။ ဓနရှင် လူတန်းစား လူမှုအစုအမျိုးမျိး ပါပါ မယ်။ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ပအိုးဝ်၊ ပလောင်၊ ရခိုင်စတဲ့ လူမျိုးနွယ်စု မျိုးစုံပါပါမယ်။ လူတန်းစားဆိုတာများကိုလည်း (သူ့လူတန်းစားအရ) ကိုယ်စားပြုထားတဲ့ နိုင်ငံရေးပါတီများက ကိုယ်စားပြုထားကြပါတယ်။ ဒီနိုင်ငံရေး ပါတီဆိုတာများကိုလည်း သူ့လူတန်းစား ခေါင်းဆောင်မှု (အစု)များက ကိုယ်စားပြုထားကြတာ ချည်းပါပဲ။ ဒီတော့ လူထု၊ လူတန်း စား၊ ပါတီ၊ ပါတီခေါင်းဆောင်များ ဆိုတာဟာ ဘယ်ဟာမှ Abstract မဟုတ်ပါဘူး။ အားလုံးဟာ Concrete Factorချည်းပဲ ဖြစ်ပါတယ်။ မာ့က်စ်ဝါဒယုံကြည်သူ လက်ဝဲ ဂိုဏ်းများက သူတို့ပါတီကို အလုပ် သမားလူတန်းစား ပါတီလို့ ကြေ ညာထားပါတယ်။ ပစ်္စည်းမဲ့လူတန်း စားပါတီလို့ မှတ်ယူထားကြတာပါ။ ဒီချုပ်ဆိုတာဟာ လူဆိုတာကို အခြေခံထားတဲ့ လစ်ဘရယ် ဒီမိုကရေစီပါတီပါ။ ကြံ့ဖွံ့ပါတီနဲ့ တစည ပါတီဆိုတာဟာ စစ်ပြန်စစ်မှုထမ်းများကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ ပါတီပါ။ ဒီချုပ်ပါတီဆိုတာဟာ မြို့နေ ဓနရှင်ပေါက်စ ပညာတတ်များနဲ့ စုစည်းထားတဲ့ ပါတီမျိုးပါ။ ကျန်အတန်းအစား အမျိုးမျိုးလည်း ပါဝင်ခွင့်ပြု ထားတဲ့ ပါတီမျိုးပါ။ ဒီချုပ်ကို လစ်ဘရယ် ဒီမိုကရေစီပါတီလို့ သိမှတ်ထားကြပါတယ်။ ဒီနေရာမှာ သမိုင်းသီဝရီ (၂) ပါးအကြောင်း မိတ်ဆက်ချင်ပါ တယ်။ အဲဒီ သမိုင်းသီဝရီ (၂) ပါးဆိုတာက (၁) သမိုင်းကို ဖန်တီးတဲ့သူဟာ လူထုကြီးဖြစ်တယ်ဆိုတဲ့ သမိုင်းဝါဒ နဲ့ (၂) သမိုင်းဆိုတာကို လူပြိန်းကြိုက် Popular Figure တစ်စုံတစ် ယောက်က ဖန်တီးတယ်ဆိုတဲ့ သမိုင်းဝါဒ (၂) မျိုးပါပဲ။ လူ့အဖွဲ့အစည်း ဆိုတာ လူတန်းစားများနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်ဆိုတဲ့ အမြင်အယူကို သမိုင်းဆိုင်ရာ ပကတိ အမြင်ရှိသူ များက ယုံကြည်ကြပါ တယ်။ ပုဂံနိုင်ငံသား လူထုကြီးဆိုတာမရှိရင် ပုဂံလက်နက်နိုင်ငံတော်ဆိုတာ မရှိနိုင်ပါဘူး။ အနုရုဒ္ဓဒေ၀ ဆိုတာရှိမှာ မဟုတ်ပါဘူး။ အပြန်အလှန်ပါပဲ။ အနုရုဒ္ဓဒေ၀သာ မရှိရင် ပုဂံမရှိ နိုင်ပါဘူး။ လောကမှာ နေ့နဲ့ည ဖြစ်တည်နေသလိုပါပဲ။ သီးခြားအမြင်အယူဝါဒနဲ့ တစည်းတပေါင်းတည်း ဖြစ်မှုအယူဝါဒ (၂) ပါးရှိတာကို နားလည်ရပါမယ်။ Popular Figure နဲ့ လူထုကြီးရဲ့ အခန်းကဏ္ဍ တစည်းတပေါင်းတည်းရှိမှုကို နားလည်ရ ပါမယ်။ ၈၈ အရေးတော်ပုံကြီး ပေါ်ထွန်းခဲ့သလို ကျန်တဲ့အကြောင်းအချက်များ ပေါ်ထွန်းခဲ့တာပါ။ (၁) ဂဏန်း ပေါင်းများစွာက သိန်းသန်းကုဋေကို ဖန်တီးခဲ့တာပါ။ ဒီကနေ့ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးစမှာ လူထုကြီးဟာအရေးပါတဲ့ နေရာမှာရှိနေပါတာပါ။ လူထုဆိုတာ လူထုတိုက်ပွဲနဲ့အတူ ရှိနေတာပါ။ လူထု တိုက်ပွဲမရှိရင် လူထုမရှိပါဘူး။
Posted on: Wed, 26 Jun 2013 12:14:22 +0000

Trending Topics



Recently Viewed Topics




© 2015