တစ်ပြိုင်တည်းမှာပဲ - TopicsExpress



          

ATK

တစ်ပြိုင်တည်းမှာပဲ ဘဏ္ဍာရေး ထောက်လှမ်းမှုအဖွဲ့ငယ်နဲ့အတူ ပွင့်ပွင့်လင်းလင်း အရေးယူ ဆောင်ရွက်မှုကို အလေးထားရင်း အစိုးရဟာ အကျင့်ပျက်ခြစားမှုကို ဆက်လက် တိုက်ဖျက်သွားမယ်လို့ ကျွန်မ အတည်ပြု ပြောကြားအပ်ပါတယ်။ ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေကို မပြတ်ပြုလုပ်သွားမှာ ဖြစ်သလို ပြင်းပြင်းထန်ထန်လည်း ဆောင်ရွက်သွားမှာပါ။ သြဇာညောင်းတဲ့သူ ဘယ်သူကြီးပဲ ဖြစ်နေနေ အကျင့်ပျက်ခြစားမှုကို ကျူးလွန်လိုက်တာနဲ့ အစိုးရက ဥပဒေကို မျက်ကွယ်မပြုဘူးလို့ ကျွန်မနဲ့ အစိုးရတို့က ရဲရဲကြီး ပြောလိုက်ချင်ပါတယ်။ အစိုးရမှာ သည်ရည်မှန်းချက်ရှိပါတယ်။ ဒါပေသည့် အစိုးရနဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ ပူးပေါင်းပါဝင်မှု မရှိဘဲနဲ့တော့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် အစိုးရ အကြီးအကဲရယ်၊ အစိုးရ စီးပွားရေး လုပ်ငန်းတွေရယ်နဲ့ အစိုးရဌာနတွေရဲ့ ပူးပေါင်းပါဝင်မှုကို ပြောတာပါ။ နိုင်ငံလူ့ဘောင်ရဲ့ ကဏ္ဍပေါင်းစုံက လူတိုင်းနဲ့ အစိုးရက ပူးပေါင်းဆောင်ရွက်ချင်သလို ကျွန်မတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်နေကြတဲ့ ကဏ္ဍအားလုံးကိုလည်း ဖိတ်ကြားလိုက်ပါတယ်။ "I hereby confirm that the Government will continue the fight against corruption at the same time, with an emphasis on action (Action) to the FIU (Financial Intelligence Unit), and concrete actions will be ongoing and serious. This is I and the Government contend that, regardless of who is influential, if the corruption is made, the Government will not ignore the law. The Government has the ambition, but it probably will not succeed without the cooperation of the Government and Government officials, especially the head of the Government and State enterprises as well as public sector agencies. The Government is willing to cooperate with all parties in all sectors in the society to oppose corruption and invite all sectors involved in the development of our nation."
Posted on: Tue, 02 Jul 2013 10:23:08 +0000

Trending Topics



Recently Viewed Topics




© 2015