တရုတ်နိုင်ငံက - TopicsExpress



          

တရုတ်နိုင်ငံက လင်းနို့ကနေ SARS ရောဂါဖြစ်ပွား Browse › Home › ကျန်းမာရေး » တရုတ်နိုင်ငံက လင်းနို့ကနေ SARS ရောဂါဖြစ်ပွား ဆားစ်ရောဂါဟာ တရုတ်နိုင်ငံ မြင်းခွာပုံသဏ္ဍန်ရှိတဲ့ လင်းနို့ ကနေ ဖြစ်ပွားလာတယ်လို့ သပ္ပံပညာရှင်တွေ အတည်ပြု (Credit: ABC licensed) ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ SARS ရောဂါဟာ တရုတ်နိုင်ငံက လင်းနို့တွေကနေ ပြန့်ပွားလာတာဖြစ်တယ်လို့ သြစတြေးလျသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ဆားစ် ရောဂါကြောင့် လူပေါင်း ၇၇၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဆားစ်ရောဂါဟာ လင်းနို့ကနေ ပြန့်ပွားလာတာ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင် အသိုင်းအဝိုင်းက အရင်ကတည်းက သံသယရှိခဲ့ပေမယ့် ခုအခါမှသာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရောဂါဟာ မြင်းခွာပုံသဏ္ဍာန်ရှိတဲ့ လင်းနို့ horseshoe bat ကနေ ပြန့်ပွားလာတာ ဖြစ်ပြီး လင်းနို့တွေရဲ့ မစင်ကနေ အဓိက ပြန့်ပွားလာတာ ဖြစ်ပါတယ်။ ဒီလို တွေ့ရှိချက်တွေကြောင့် ကမ္ဘာပေါ်မှာ ဆားစ်ရောဂါ ထပ်မဖြစ်ပွားတော့အောင် ကြိုတင်ကာကွယ် ထိန်းချုပ်မှုတွေ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဆားစ်ရောဂါဟာ အသက်ရှုရခက်ခဲစေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ By Cameron Best and Margaret Paul ABC Radio Australia Share on facebook Share on twitter Share on email Share on print More Sharing Services 3
Posted on: Thu, 31 Oct 2013 15:51:11 +0000

Trending Topics



Recently Viewed Topics




© 2015