တရုတ်စာသင်ကျောင်း - TopicsExpress



          

တရုတ်စာသင်ကျောင်း ပေါက်ကွဲမှု နှစ်ဦးသေ ၄၄ ဦးဒဏ်ရာရ တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ Guilin မြို့ မူလတန်း ကျောင်းပြင်ပမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် လူနှစ်ဦး သေဆုံးပြီး ၄၄ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကလေးတွေ ကျောင်းတက်ဖို့ ကျောင်းဝင်းနား ရောက်ရှိလာချိန်မှာ ဆိုင်ကယ်သမားတစ်ဦး စီးလာတဲ့ ဆိုင်ကယ် မီးလောင်ပြီး ပေါက်ကွဲသံ ထွက်ပေါ်လာပြီးတော့ သေဆုံး ဒဏ်ရာရမှုတွေ ဖြစ်ပေါ်တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆိုင်ကယ် ဘာကြောင့် မီးလောင်သွားသလဲဆိုတာတော့ မသိရသေးပါဘူး။ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ၄၄ ဦးဒဏ်ရာရတဲ့အထဲက ၁၁ ဦးကတော့ အသည်းအသန်အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။ https://facebook/pages/%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%80%E1%80%B9/360143974090944?ref=notif¬if_t=page_new_likes
Posted on: Tue, 10 Sep 2013 06:18:13 +0000

Trending Topics



Recently Viewed Topics




© 2015