ဒီနှစ်တော့ အကယ်ဒမီရပြီ - TopicsExpress



          

ဒီနှစ်တော့ အကယ်ဒမီရပြီ ၂၀၁၃မှာ ကျင်းပမည့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆု က ဒုတိယအဆင့် ကြည့်နေကြတုံးပါ၊၂၀၁၂ ခုနှစ်အတွင်းက ရုံတင်ပြခဲ့တဲ့ ကားတွေ ထဲကရွေးချယ်ရမှာပါ၊ ဒုတိယအဆင့် ဆန်ကာတင် (၇)ကား ထဲမှ ထွက်ပေါ်လာပါတော့မယ်၊ဒီနှစ်က ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ ရုပ်ရှင်လုပ်ငန်းက Admin ပဲ ကူညီပြီး မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက အဓိက ဦးဆောင်သွား မှာပါ၊ နောက်နှစ်ဆိုရင်တော့၊ မြန်မာ့ ရုပ်ရှင်လောကသား ပညာရှင် တွေ လောကသား အချင်းချင်း ရွေးချယ် ကျင်းပတဲ့ အကယ်ဒမီဖြစ်ပြီပေါ့၊ ဒီနှစ်လည်း အစည်းအရုံးက စတင်ဦးစီးပြီးဆောင်ရွက်ပါ၊နောက်နှစ်အတွက် လေ့ကျင့်ပြီးသားဖြစ်စေချင်တာပေါ၊့ ဥက္ကဌ ဦးလူမင်း က တော့ ဒီတနှစ်ကူပေးပါ အဖွဲ့တွေ ကော်မတီတွေထဲမှာပဲထည့် ဖွဲ့ပေးရန် ညှိနှိုင်းခဲ့ပါတယ်၊ကျွန်တော်တို့လည်း လုပ်ရ မည့်အတူတူကူုမယ်ပေါ့၊ ဇာတ်လမ်းက ဒီမှာစတာပါ၊လုပ်ငန်းကော်မတီ (၁၃) ခု ဖွဲ့အတွက် အမည်စာရင်းတောင်းတော့ ဦးလူမင်းက လောကသား တွေ နာယကတွေနဲ့တိုင်ပင်ပြီးပေးမယ်ပြောပါတယ်၊ ဥက္ကဌ လည်း ဥက္ကဌ ဒုက္ခ ပေါ့လေ ဗိုလ်တစ်ထောင် ငယ်သား မရှိ လောက ဆိုတော့ ဒီနေ့ထိ စာရင်းကမလာ ကော်မတီလည်း မဖွဲ့နှိုင် စီမံချက်လည်း မတင်နှိုင် အချိန်က ကပ်လာ နောက်နှစ်လည်းမကူးချင် တဲ့ လောကရဲ့ဆန္ဒ၊ မတတ်နှိုင်ဘူး Open tenderလုပ်ထုံးလုပ်နည်း တွေ လုပ်ရမည့်အဆင့်တွေကို လောကသား ကိုယ်စားလှည်တွေ နာယကတွေ ရှင်းပြ သူတို့ဘက်က လိုအပ်ချက်တွေ ဖြည့်စွက်တာတွေ နဲ့ သတင်းစာထဲ တင်ဒါ ခေါ်စာထည့်၊ ဒါတောင် နိုဝင်ဘာလကုန်မှ တင်ဒါဖေါက် နှိုင်မှာ၊ အဆင်ပြေအောင် ဆိုပြီး အစွမ်းကုန် ကြိုးစားတဲ့ ရလာဒ်က ကိုယ်နဲ့ ကိုသိန်းထွန်းအောင် ရုးံတက်ရတယ်၊ စီမံချက် မတင်ပြဘဲ၊ ခွင့်ပြုချက် မရှိဘဲ သတင်းစာထဲတင်ဒါခေါ်လို့၊ ဒါကြောင့် ရှေးစကားမှာ နားရွက်တိုလည်း မကယ်နဲ့ မင်းလှေမျော လည်း မဆယ်နဲ့တဲ့ ရှေးလူကြီးတွေ ပြောစကားများ တယ်မှန်၊ လူကယ်တော့ အမှုရှုပ်တာပေါ့၊ မျောပါတဲ့ မင်းလှေ မျက်နှာကောင်းရမလားလို့ ဆယ်မိပါတယ် ယိုးစွပ်ခံရပေါ့၊ သူခိုးတဲ့ ငတုံးတဲ့ အဲဒီနံမည် သေသွားတဲ့ အဖေ အမေ သိမသွားရတာ ရင်နာ စရာ၊ ရုံးတက်တာ ဆိုလို့ ဗိုလ်လောင်းဘဝက တပ်ခွဲရုံးပဲ တစ်ခါတက်ဖူးပါတယ် combat slipper တိုက်ပွဲဝင် ကွင်းထိုးဖိနပ် မဟုတ်ပါဘူး၊ combat boot အသစ်တစ်ရံ ပေးရင် အဲဒီ combat bootကို အအက(အုပ်ချုပ်မှုအကူအတတ်သင်ကျောင်း) စစ်သည် သင်တန်းသားများ၊ လက်စွမ်းပြထားတဲ့ ကွင်းထိုးဖိနပ် လုပ်တဲ့သူ အများအပြား၊ မိတော့ အီစကို သိတယ် မဟုတ်လား၊ စစ်တက္ကသိုလ် ဗိုလ်လောင်းNo complain ပါ၊အဲဒီ ကတည်းက မလို ရင် ဘာမှပြောလေ့ မရှိပါ၊ ဒါပေမဲ့ CAD တလ ပြေးရတယ်၊အခုဒွန္နရာလိုမျိုး မှုံတဲ့အမှုထင်ရှားအောင်၊ သင့်တင့် အမှု သေဒဏ် ဆိုရင် စစ်ပစ္စည်း ဖျက်ဆီးမှု၊ တလွဲ အသုံးချမှု သေဒဏ်တောင် ဆယ်ခါပြန်ကျလောက်ရဲ့၊ အချက်အလက် မပြည့်စုံ လို့ စီမံချက် မတင် နှိုင်သေးခင်၊ ပြီး ခဲ့တဲ့ လ(၁၅)ရက်ကတည်းကလက်ရှိဆောင်ရွက်ပြီးစီးမှု ဆက်လုပ်မည့် အစီအမံ အကြမ်းတင်ပြတာထားကြောင်းကိုသိန်းထွန်းအောင် တင်ပြတော့ လည်း ဆင်ခြေများပြန်ရော၊ ကိုယ်ကတော့ ပြောချင်စိတ် မရှိလို့် စိန်အောင်မင်း ငယ်ငယ်က ကခဲ့တဲ့ ချင်းဖဝေး ဇာတ်ထုပ်ထဲက ယာတောလယ်မှာလေ ငါပြောမယ် ရွှေ ရှင်ဘုရင်ရဲ့ နင်ဆင်ခြင်ဦး ငိုချင်းကို စဉ်းစားနေ မိရင်းက မင်းဆိုတာ လက်ရုံးတော် တွေဘာ လုပ်လုပ် ချစ်စိတ်ကြောင့် မမြင်ကွယ်ပေမဲ့ အသည်သား မင်းမှုထမ်းကတော့ လေလယ်မိရင်တောင်သေဖွယ် ရှိတယ်၊ ဆိုတဲ့အတွေးရောက်ပြန်ရော၊ အဲဒီအချိန် ခေတ္တ တန်းဖြုတ် ဆိုတော့ ၊ကိုယ်တို့ နှစ်ယောက် အခန်းပြင်ထွက်၊ ကျန်အဖွဲ့ဝင်တွေ အကယ်ဒမီ အမှတ်ပေါင်း နေတုံး အပြင်ကစောင့်နေရင်း ရုးံတက်ဖို့ နေရာယူတော့ အူလယ်လယ် ဖြစ်ပုံများတွေးမိသေး၊ ဗိုလ်လောင်းတုံးက ရုံးတက် ရင် ခါးပတ်ချွတ် ဒေါက်ဖြုတ် အစောင့်တပ်ရဲ က ဘယ်ညာ မောင်းသွင်း၊ ခုပုံက တပ်ရဲ မပါ ခါးပတ် မရှိ တိုက်ပုံ ပဲ ချွတ်ရ မလား ၊အူလယ်လယ် ရယ်မှ တကယ့် အူလယ်လယ်၊ အမှတ်ပေါင်းပြီးလို့ ပြန် ဝင်ဆိုတော့ ပြုတ်တော့ မပြုတ်သေး၊ကိုယ်က အုပ်ချုပ်မှု အကယ်ဒမီဆု၊ ကိုသိန်းထွန်းအောင်က စီမံမှု အကယ်ဒမီဆု၊ ဆု တစ်ဆုစီ ပိုက်လျှက် ပြုံးပြုံးကြီး ဓါတ်ပုံ ရိုက်ဦးမှ။ ( ဥဿာ မြေ သစ္စာ ) With >> ဖွဘုတ်သတင်းစုံ၊ကိုအောင်မိုးနိုင်၊ကိုသိန်းထွန်းအောင်
Posted on: Sat, 26 Oct 2013 16:40:41 +0000

Trending Topics



Recently Viewed Topics




© 2015