ဒီကနေ့ဟာ ဘရာဇီး - TopicsExpress



          

ဒီကနေ့ဟာ ဘရာဇီး ကမ္ဘာ့ဖလားပွဲ ကျင်းပဖို့အတွက် ရက်ပေါင်း ၉၉ ရက်သာ လိုတော့တဲ့ နေ့ ဖြစ်ပါတယ်။ ယခင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေက ထူးခြားအဖြစ်အပျက် ၁၀၀ ကို ရွေးထုတ်ပြီး တစ်ရက်စီမှာ တစ်ခုစီကို ဘီဘီစီ အားကစား အစီအစဉ်က မတ်လ ၄ ရက်နေ့က စလို့ နေ့စဉ် တင်ဆက်နေရာမှာ ဒီကနေ့မှာ ၉၉ ခုမြောက် မှတ်တမ်းအဖြစ် မာရာဒိုနာ ဂိုးသွင်းအပြီး အောင်ပွဲခံပုံကို ဖော်ပြထားပါတယ်။ ၁၉၉၄ ကမ္ဘာ့ဖလားပွဲစဉ် အာဂျင်တီးနားနဲ့ ဂရိတို့ရဲ့ အုပ်စုပွဲမှာ အာဂျင်တီးနားက ကမ္ဘာကျော် ဘောလုံးသမား မာရာဒိုနာက ဂရိဘက်ကို ဂိုးသွင်းအပြီး ကြမ်းကြမ်းတမ်းတမ်း အောင်ပွဲခံပုံကို တင်ဆက်ထားပါတယ်။ အဲဒီပွဲအပြီးမှာပဲ မာရာဒိုနာဟာ တားမြစ်ဆေး သုံးစွဲမှုနဲ့ ကစားခွင့် ပိတ်ပင်ခံလိုက်ရပြီး ပြိုင်ပွဲမှာ ဆက်လက် ကစားခွင့် မရတော့ဘဲ မာရာဒိုနာ မပါတော့တဲ့ အာဂျင်တီးနား အသင်းဟာ အုပ်စုကနေ မတက်နိုင်ခဲ့ပါဘူး။
Posted on: Wed, 05 Mar 2014 17:20:07 +0000

Trending Topics



Recently Viewed Topics




© 2015