ဒီမှာ - TopicsExpress



          

ဒီမှာ မိန်းကလေး..... ငါဆိုတဲ့ကောင်က လီဗာပူးလ်လို နာမည်ကြီး ထမင်းငတ် ဖြစ်နေတဲ့ ကောင် မဟုတ်ရပါဘူး...။ ချယ်လ်ဆီးလို ငွေမရှိပေမယ့် အောင်မြင်မှုတော့ ရအောင် ရှာတတ်ပါတယ်။ သူဌေးအားကိုးပြီးမှ လူအထင်ကြီးမှုရအောင်လုပ်မယ့်အစား ကိုယ့်ဒူးကိုယ်ချွန်ပြီးဘလက်ဘန်းလို တစ်ခါလောက် အောင်မြင်မှုရရင်တောင် မင်း ကျေနပ်သင့်ပါတယ်။ အာစင်နယ်လို ကပ်စေးနည်းပြီး အသုံးချွေတာတယ်လို့ မင်းထင်သလား..။ လိုအပ်ရင်လိုအပ်သလို အချိန်အခါအလိုက် ငွေသုံးပြီး လိုချင်တာကို မရရအောင် ယူတတ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းလို စိတ်ဓာတ်မျိုးနဲ့ ကောင်ပါ...။ ၁၀၀ လောက်ရင်းပြီးခါမှ ၁ကျပ်လောက် မြတ်တာကို ပီတိဖြစ်နေတဲ့ မန်စီးတီးလိုမျိုးလည်း မဟုတ်ရပါဘူး။ ၁၀၀ရင်းရင် ရင်းသလောက် ၁၀၀မြတ်မှ ကျေနပ်တတ်တဲ့ယူနိုက်တက်ဖန်ဆိုတာ သိထားလိုက်ပါ။ ဘာကွာ.. တောရက်စ်လို တန်ဖိုးရှိမှ ဟုတ်သလား...။ ကိုယ်က တောရက်စ်လို တန်ဖိုးမရှိပေမယ့် ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲတော့ ဂိုးသွင်းနိုင်ပါသေးတယ်ကွာ။အရည်အချင်းကသာ အဓိကပါ....။ ဆွာရက်ဇ်လို ဖက်ကိုက်ပြမှ အသားနာတယ် ထမအော်ပါနဲ့..။ ကြည့်နေတာကြာပြီ...ကိုယ်က ခံစစ်အားပြုပြီး အသာတကြည်စောင့်ကြည့်နေလို့ တိုက်စစ်ကို မတရားဖွင့်ပြီး မဖိနှိပ်ချင်ပါနဲ့။ ကောင်တာနဲ့ ပြန်ဆော့နေတာကို စိတ်မရှည်တော့ရင် တိုက်စစ်ပြန်ဆင်ပြီးလမ်းကြောင်းတွေပွင့်အောင် လုပ်ပလိုက်မယ်နော်..။ သိပ်ပြီးတော့ အချိန်မဆွဲပါနဲ့တော့...လီဗာပူးလ်လို နှစ် ၂၀ကျော်ကြာအောင်ထိတော့ မစောင့်ချင်တာကို နားလည်ပါ.....။ ဒါပဲ....... (ကဲ... ခင်ညားတို့လည်း ကောင်မလေးကို ရည်းစားစာပေးရင် ဒီတိုင်းပေးလိုက်ဗျာ..။ ဘောဝါသနာရှင်တွေဆိုတော့ ဘောနဲ့ပတ်သက်ပြီးပေးလိုက်ကြ.. နည်းနည်းတော့ ပေါသွားရင် ခွင့်လွှတ်ပါ.. ) A Nge Kg
Posted on: Tue, 19 Nov 2013 03:20:44 +0000

Trending Topics



Recently Viewed Topics




© 2015