ဒေါ်အောင်ဆန်းစုကြည် - TopicsExpress



          

ဒေါ်အောင်ဆန်းစုကြည် ဘာလို့ နိုဘယ်ငြိမ်းချမ်းရေးဆု ကို ရ. . . လူ့ဂုဏ် ကို လူပီသစွာ ဖေါ်ကျူးကိုယ်စားပြုခဲ့လို့. . . ငြိမ်းချမ်းရေးနိုဘယ်ဆု ကို ရတာပေါ့။ လူ့သမိုင်းမှာ လူအများစု ဟာ လူပီသစွာ လူ့အခွင့်အရေး ကို လူတန်းစေ့ ရကြဖို့ ခေတ်အဆက်ဆက် ရုန်းကန်လာခဲ့ကြရပါတယ်။ ခုချိန်ထိ ကို ရုန်းကန်နေကြဆဲပါ။ လူတစု က အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ အဲဒီ လူအများစု ရဲ့ လူတန်းစေ့ လူ့အခွင့်အရေးတွေကို ပိတ်ပင်ဖို့၊ ဖိနှိပ်ဖို့၊ ချုပ်ချယ်ဖို့ အားထုတ်နေလေရဲ့.. .. .. ကိုယ်လူဖြစ်တုန်းခဏ ကိုယ်ဟာ ဘယ်လိုလူ ဘယ်ဘက်က ပါ ခဲ့တယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် ကွဲပြား၊ ခြားနား ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ မျိုးချစ်လှ တိုင်းပြည်အကျိုးသယ်ပိုးလှ အောင့်မေ့နေ ကိုယ်လုပ်နေတာ လူ့ဂုဏ်ညှိုးရာ လူလူချင်း ဖိနှိပ်ရာ လူလူချင်း ချုပ်ချယ်ကန့်သတ်ရာတွေ လုပ်ဆောင်နေသလား သိဖို့လိုပါသလေ။ အထူးသဖြင့် ဘုမသိ၊ ဘမသိ၊ စစ်ဗိုလ်ကလေးတွေနဲ့ ဘုမသိ၊ ဘ မသိ အမျိုးဘာသာ သာသနာသမားတွေ ကို ရည်ရွယ်ပါတယ်။ အထူးသဖြင့် အမျိုးဘာသာ သာသနာသမားတွေ မသိတာ အ၀ိဇ္ဇာ နော့ အပါယ် ကို တန်းနေလေရဲ့. . .။ ချိုတူးဇော် Aung Zin Latt ဆီက စာ ကလေး ရှယ်ပြီး၊ အတွေးဆင့်ပွားမိ၊ ရေးမိပါတယ်။
Posted on: Wed, 22 Jan 2014 17:31:46 +0000

Trending Topics



Recently Viewed Topics




© 2015