[ပေးလို့ယူသည် - TopicsExpress



          

[ပေးလို့ယူသည် ယူလို့ပေးသည် သံသရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာ နှင့် ကြည့်မည်ဆိုလျှင် ကမ္ဘာနှင့် အ၀န်း လာဘ်ပေးလာဘ် ယူမှု ငွေကြေး ပမာဏသည် အမေရိကန် ဒေါ်လာတစ်ထရီလီယံ (ပေါင်စတာလင် အားဖြင့် ၄၉၄ ဘီလီယံ) ရှိသည်ဟုဆိုသည်] သတင်းအချက်အလက်များ အားနည်းလျော့ရဲခြင်း Information Deficits ၁။ သတင်းအချက်အလက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွင် လွတ်လပ်မှုမရှိခြင်း (သို့) သတင်းလွတ်လပ်ခွင့် မရှိခြင်း (Lacking Freedom of Imformation Legislation) ၂။ ပြည်တွင်းသတင်းမီဒီယာများ တွင် စုံစမ်းစစ်ဆေးချက် အစီရင်ခံစာများ ကို တားမြစ်ခြင်း (Investigative reporting in the local media are barred) ၃။ ပြည်တွင်းမီဒီယာများတွင် စုံစမ်း စစ်ဆေးချက် အစီရင်ခံစာများ ချို့တဲ့ခြင်း (Lack of Investigative reports in the local media) ၄။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ဖော်ပြခွင့် အလေ့အကျင့်အား အရေးယူဂရုစိုက်မှုမရှိခြင်း (သို့) ယင်း အလေ့အကျင့်အား ဥပေက္ခာပြုခြင်း (သို့) တားမြစ်ခြင်း … (Contempt for or negligence of or disallow the freedom of speech and freedom of the press) ၅။ အချိန်နှင့် တစ်ပြေးညီ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုအားနည်းခြင်းနှင့် အတူ စာရင်းအင်းထားရှိသည့် အလေ့ အကျင့် အားနည်းခြင်း (Weak in accounting Practices, including lack of timely financial management) ၆။ အဂတိလိုက်စားအကျင့်ပျက် ခြစားမှုအပေါ် အရေးယူ ဆောင်ရွက်ချက် ချို့တဲ့ခြင်း (Lack of measurement on corruption) ၇။ အခွန်အရပ်ရပ်နှင့်တကွ လုပ်သား ခများ သက်သာမှုကြောင့် အခြားနိုင်ငံများ မှ လုပ်ငန်းရှင်များ ၀င်ရောက်ခို လှုံရာနိုင်ငံဖြစ်ခြင်း (Tax-haven) အစိုးရထိန်းချုပ်မှုမရှိခြင်း (Lacking Control of goverment) ၁။ အချိန်နှင့် တစ်ပြေးညီ (သို့) အချိန်ကာလတစ်ခုအတွင်း အစိုးရသို့ စောင့်ကြည့်မှတ်သား တင်ပြအစီရင်ခံမည့် လူမှုအသင်းအဖွဲ့များနှင့် အစိုးရမဟုတ် သော အဖွဲ့အစည်းများမရှိခြင်း (Lacking Civic Society and non- governmental Organizations which monitor the government) ၂။ အားနည်းသော အစိုးရဌာနများ နှင့်အတူ ပြန်လည်ပြုပြင်ရေးအရှိန်အဟုန် နှေးကွေးခြင်း (Weak civil service and slow pace of reform) ၃။ တရားဥပဒေစိုးမိုးမှု အားနည်း ခြင်း (Weak in Rule of law) ၄။ အဆင့်မြင့် ပညာရေးနှင့် ကျွမ်းကျင်မှု လိုအပ်သော တရားဝင်အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ အားနည်းခြင်း (Weak in Legal profession) ၅။ လွတ်လပ်သော တရားစီရင်မှု အားနည်းခြင်း (Weak in judicial Independence) ၆။ အဖြစ်မှန်ရှာဖွေသတင်းပေး ဖော်ထုတ်သူများအား ကာကွယ်စောင့်ရှောက်မှု မရှိခြင်း (lacking protection of whistle blowers) ၇။ အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး အစိုးရတာဝန်ယူမှု အစီစဉ်မရှိခြင်း (Lack of government Accounta-bility project) ၈။ ဌာနဆိုင်ရာ အဂတိလိုက်စားမှု နှင့်ပတ်သက်ပြီး ပြည်သူတွေ၏ တိုင်ကြား စာအပေါ်အရေးယူဆောင်ရွက်မှု မရှိခြင်း (Ignoring the public submission relating the official corruption) ၉။ အစိုးရတာဝန်ရှိပုဂိ္ဂုလ်များပိုင် ဥစ်္စာဓနများ တရားဝင်ဖော်ပြမှုမရှိခြင်း (Lack of the expose of the assets owned by governmental officials) အခွင့်အလမ်းများနှင့်ဆွဲဆောင်မှုများ Opportunities incentives ၁။အစိုးရဌာနဆိုင်ရာ တာဝန်ရှိပုဂိ္ဂုလ် များသည် ငွေကြေးကို ယေဘုယျအားဖြင့် ပုံမှန်ထိန်းသိမ်းကြသည်။ သို့ရာတွင် အရေး ပေါ်အခြေအနေ လတ်တလောအခြေ အနေနှင့် အပူတပြင်းအခြေအနေများကြောင့် ဘဏ်ငွေစာရင်း တစ်ခုမှ အခြားဘဏ်ငွေ စာရင်းတစ်ခုသို့ တိုက်ရိုက်ငွေကြေး အပြောင်းအလဲပြုလုပ်သည့် စနစ် (သို့) Giro System ကို ခေါ်အားလျော်စွာ အသုံးပြုမှု အားနည်းခြင်း (Lack of practicing giro system) ၂။ အများပြည်သူဆိုင်ရာ ငွေကြေး ရန်ပုံငွေများကို ဗဟိုမှ ချုပ်ကိုင်ခြင်းကြောင့် အလုံးအရင်းနှင့် ထုတ်ယူနိုင်သည်။ High amount money withdrawing via centralization of public fund ၃။ အစိုးရပိုင်မြေ၊ အိမ်ရာ၊ အဆောက်အဦ ပစ္စည်းများ ရောင်းချမှုနှင့် ပုဂ္ဂလိကသို့ လွှဲပြောင်းပေးမှုများ Sale and handover of state owned property and privatization ၄။ အစိုးရ၀န်ထမ်းများ၏ နည်းပါး သောလစာငွေ (PoorlyPaid government officials) ၅။ အစိုးရက ခွင့်ပြုသောလုပ်ငန်း လိုင်စင်များဖြင့် အမှန်တကယ် လုပ်ငန်း လုပ်ကိုင်ဖို့လိုသည် (government Licenses needed to conduct business) သာဓကအားဖြင့် သွင်းကုန်လိုင်စင် များသည် လာဘ်စားမှု၊ မသမာမှုနှင့်ဖြတ် စားလှုပ်ရှားမှုများ ဖြစ်ပေါ်စေသည်။ ၆။ အထက်အောက်ဆက်ဆံရေးကို ဖန်တီးပေးနိုင်သည့်အလားတူ ရာထူးတွင် အချိန်အတော်ကြာအောင် တာဝန်ထမ်း ဆောင်ရခြင်း၊ ရာထူးနေရာတစ်ခုတည်း မှာအချိန်ကြာရှည်စွာမထားခြင်း၊ အဆင့် ဆင့် ပြောင်းလဲ ပေးခြင်း ဒေသတစ်ခုမှာ အခြား ဒေသတစ်ခုသို့ ပြောင်းရွှေ့ခန့်ထား ခြင်းသည် အဂတိလိုက်စားမှုကို အထိုက် အလျောက် ကာကွယ်နိုင်သည်၊ တစ်နေရာ တည်းတွင် အချိန်ကြာရှည်စွာမနေဘဲ အလှည့် ကျကာလ သတ်မှတ်ချက်နှင့် အညီ ပြောင်းရွှေ့တာဝန်ပေးရမည်။ (Timely affrontment shuffles reshuffles and transfers tendency to reduce corruption) ၇။ အထက်အောက်ပုဂိ္ဂုလ်များနှင့် အပြန်အလှန်ဆက်သွယ်တုံ့ပြန်မှု (Interaction) အထက်အောက်ပုဂိ္ဂုလ်များနှင့် အပြန်အလှန်အကျိုးဆက်နှင့် တုံ့ပြန်မှုနည်းပါး ခြင်းသည် အဂတိလိုက်စားမှုကို လျော့ နည်းစေသည် (Less Interaction with officials reduces theopportunities for corruption) အင်တာနက်ကို အသုံးပြုခြင်း (သို့) အီလက်ထရောနစ်နည်းဖြင့် ရုံးလုပ်ငန်း ဆောင်ရွက်ခြင်း (သို့) ကွန်ပျူတာ စနစ်ကို တွင်ကျယ်စွာ အသုံးပြုခြင်းများဖြစ်သည်၊ ယင်းနည်းသည်လုပ်ငန်းစဉ်တစ်ခုလုံးလျင် မြန်သွက်လက် စေပြီး မရည်ရွယ်ဘဲ လူ တွေကျူးလွန်သည့်အမှား (human errors) ကိုလည်း လျော့နည်းစေနိုင်သည်။ ၉။ များပြားလှသည့် သဘာဝအရင်း အမြစ်များကို ပြည်ပသို့ တင်ပို့ခြင်းဖြင့် ရရှိသည့် ပွပေါက် (Windfall) များသည်လည်း အကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေသည်။ (Windfall from exporting abundant natural resources occurs bribery and corruption) ၁၀။ စစ်မက်သော်လည်းကောင်း၊ အခြားနည်းဖြင့်ဖြစ်ပွားသော ပဋိပက္ခ(သို့) တိုက်ပွဲများသည်လည်းကောင်း အများ ပြည်သူအသက် အိုးအိမ်စည်းစိမ် လုံခြုံမှု ယိုယွင်းမှုနှင့် အပြန်အလှန်ဆက်စပ်နေ သည်၊ စစ်မက်ကြောင့် လုံခြုံစိတ်ချရမှု မရှိ၊ ပြည်သူတွေ၏အသက်အိုးအိမ် စည်း စိမ် စိတ်မချရ စသည့် အညမညသဘော တရားဖြစ်စဉ် ဖြစ်သည်။ (War and other forms of conflict correlate the breakdown of public security) လူမှုရေးအခြေအနေများ Social Conditions ၁။ ကိုယ်ကျိုးရှာ အနီးကပ်လက်ပါး စေအုပ်စုနှင့် ဇာတိ၊ ချက်မြှုပ်၊ ဒေသချင်း သင်ယူခဲ့သည့် ကျောခင်းချင်း တူနှင့် အဖွဲ့ အစည်းအတူတူလုပ်ကိုင်နေသူ၊ လုပ်ကိုင်ဖူးသူ လုပ်ကိုင်ခဲ့သူအချင်းချင်း ကူညီရိုင်း ပင်းကြသည့် ဓလေ့ (Self Interested closed cliques and good ol’ boy networks) မိသားစု၊ မျိုးရိုးနှင့် ရိုးရာတူ လူမှုအဖွဲ့အစည်း အဓိကထားသော လူမှု အဆောက်အအုံ (Family and clan centered social structure) ၃။ လက်ဆောင်ပေး စီးပွားရေး ချူဆီထည့်သည်ဟု လူသိများသည် (Gift Economy aka oiling the palm) ၄။ ပညာရေးအဆင့်နိမ့်ကျပြီး စာမတတ်သူဦးရေများပြားလာခြင်း (Lacking Literacy and education among the population) ၅။ တစ်ဖက်ကိုသော်လည်းကောင်း အခြားလူမျိုးတစ်စုကိုသော်လည်းကောင်း မကြာခဏ နှိမ့်ချခွဲခြား ဆက်ဆံမှုများနှင့် ပြည်သူလူထုကို ကြီးနိုင်ငယ်ညှဉ်းမှုများ ကျူးလွန်လေ့ရှိသည်။ (Frequent discrimination and bullying among the population) ၆။ စီးပွားရေးအခွင့်ထူးခံများ တန်ခိုးထွားလာခြင်း (Rise of the chronics) ပုဂ်္ဂလိကပိုင်ကဏ္ဍများသို့ အစိုးရပိုင် ကဏ္ဍများ လွှဲပြောင်းပေး/ ရောင်းချခဲ့ရာတွင် ပမာဏကြီးမားသော အဂတိ လိုက် စားမှုများ တွေ့ရှိရသည်။ ယခင်က တစ်စွန်းတစ်စရှိခဲ့သည့် နိုင်ငံရေးအဆက် အသွယ်များနှင့် ရောယှက်ပြီး Chronics တံခိုးထွားလာသည်၊ ရရှိလာသောတရား မ၀င် အကျိုးအမြတ်များစွာနှင့်အတူ ခေတ်ပျက် သူဌေး၊ ဘီလျံနာများ ပေါ် ပေါကခဲ့သည်။ ဒီမိုကရေစီနည်းကျဖွဲ့စည်း ထားသည့် အစိုးရများ သည်ပင်လျှင် ပုဂ္ဂလိကပိုင်ကဏ္ဍသို့ အလုံးအရင်းနှင့် လွှဲပြောင်းပေးသည့် အခြေအနေတွင် Corruption ပမာဏ ကြီးမား လေ့ရှိရာ ဒီမိုကရေစီ ကူးပြောင်းစ အခြေအနေရှိနေဆဲ နိုင်ငံမျိုးတွင် တရားဥပဒေစိုးမိုးရေး (the Rule of law) ကလည်း မထိရောက်၊ စည်းကမ်းဥပဒေများကလည်း အစိတ်ပိုင်း များစွာဖြင့် ပါဝင်ယှက်ခတ်နေ (Complicated Rules and Regulations) သည် အခြေအနေမျိုးတွင် Privatization သည် သက်ဆိုင်ရာ Junta, Regime စသည့်အဖွဲ့အစည်းတွင် Chronics များ တန်ခိုးထွားလာတော့သည်။ အားကောင်း လာသည့် Chronics များသည် ဈေးကွက် ဝေစုပမာဏကြီး တစ်ခုလုံးနီးပါးကို (manipulate) ခြယ်လှယ်လာတော့သည်။ ကုန်ဈေးနှုန်းများ တရိတ်ရိတ်တက်လာပြီး daily corruption များနေရာတိုင်းတွင် ဖြစ် ပေါ်လျက် ရှိသည်။ ဆွေးနွေးချက်တစ်ရပ်အရဆိုလျှင် Privatization မရှိခင်ကတည်း Public sector များတွင် အကျင့်ပျက် ကတိလိုက်စားမှုများ အချိန်နှင့် အမျှ ပေါ်ပေါက်နေသည်ဟု ဆိုသည်။ တစ်ဆက်တည်းမှာပဲ ပုဂ္ဂလိက လွှဲပြောင်းမှု မလုပ်သည့်ဌာန၊ မရှိသည့်ဌာနတွင် Corrupt: သည် ပိုမိုတွင် ကျယ်ပျံ့နှံ့သည်ဟု ဆိုသည်။ ဤသို့သော အခြေအနေမျိုးတွင် extra legal and unofficial activities ဟုခေါ်သည့် ပုံမှန် ထက်ပိုမိုသော ဥပဒေက ခွင့်ပြုချက်များ နှင့်တရားမ၀င်သော ဆောင်ရွက်ချက်များ သည်နေရာအနှံ့ပျံ့နှံ့လျက်ရှိတော့သည်။ ဌာနဆိုင်ရာ အဂတိလိုက်စားမှု Governmental Corruption အစိုးရဌာန ၀န်ထမ်းအဆင့်ဆင့် (သို့) ၀န်ထမ်းကြီးငယ်မဟူ အစိုးရဘဏ္ဍာ ငွေအသီးသီးမှ အလွဲသုံးစား လုပ်သည်ဆိုသည်မှာ ဆင်းရဲချမ်းသာ မရွေးသော နိုင်ငံတိုင်းတွင်မဆို ကျူးလွန်လျက်ရှိသည်၊ ဤသို့သော လက်ရဲဇက်ရဲလုပ်သူများကို လက်မရဲ့စောရန်တတ်များ (Kleptocracy) ဟုခေါ်ကြသည်။ အစိုးရ၀န်ကြီးဌာန အသီးသီးမှ ၀န်ထမ်းအဆင့်ဆင့် ကြီးငယ်မဟူတို့သည် တိုင်းပြည်၏ သဘာဝအရင်းအမြစ်များမှ ခိုးနည်းမျိုး စုံဖြင့် ခိုးယူချမ်းသာ ကြွယ်ဝလျက်ရှိကြသည်။ Kleptocracy တွေဖြစ်သည်။ အချို့သည် မိမိတိုင်းပြည် အတွက် ပြည်ပ နိုင်ငံများမှ ကူညီထောက်ပံ့သော နိုင်ငံခြားအကူအညီများကို အလွဲသုံးစားပြုလုပ်ပြီး ချမ်းသာကြွယ်ဝ လျက်ရှိ ကြသည်။ အကျင့်ပျက် အဂတိလိုက်စားသည့် အာဏာရှင်ကြောင့် ပြည်သူလူထုတွေနှင့် ပရိဝေဒကြာရှည်စွာ အထွေထွေ အကျပ်အတည်း၊ ခက်ခဲချွတ်ခြုံကျမှု မျိုးစုံကို ခံစားခဲ့ရသည်။ လူမှုအဖွဲ့အစည်းအတွင်း ““တရားဥပဒေ စိုးမိုးရေး”” (the rule of law) သည်လည်း တစ်စစီဖြစ်လျက်ရှိနေသည်။ အဂတိလိုက်စားသည့် အာဏာရှင် သည် ဓနဥစ္စာပိုမိုကြွယ်ဝပြီး အာဏာတည်မြဲရေးကိုသာ အာရုံစိုက်လျက်ရှိရာ တိုင်း ပြည်တွင် ဖြစ်ပျက်နေသည့် စီးပွားရေး၊ လူမှုရေးပြဿနာများကို လျစ်လျူရှုလျက် ရှိတော့သည်။ ရဲအဂတိ လိုက်စားမှုသည် အခြား အစိုးရဌာန၀န်ကြီးများအသီးသီး၏ အဂတိ လိုက်စားမှုနှင့် ယှဉ်သည့်အခါ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြောက် လှန့်ရာ၊ တိုင်းပြည်စီးပွားရေး လူမှုရေး၊ နိုင်ငံရေး မတည်မငြိမ်ဖြစ်ရာ နိုင်ငံတကာ၏ ယုံကြည်အားကိုးမှုလျော့ကျရာ ဖြစ်နေ သဖြင့် ရဲအဂတိလိုက်စားမှုသည် အဆိုး ဆုံးဖြစ်သည်။ အဂတိလိုက်စားမှု၏ဆိုးကျိုး Impact of Corruption အဂတိလိုက်စားမှုသည် ကမ္ဘာ့အနာ၊ ကမ္ဘာ့ကပ်ရောဂါကြီးအဖြစ် ကမ္ဘာနှင့်အ၀န်း နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ပျံ့နှံ့နေသည်။ မြန်မာနိုင်ငံသည် ဆိုးဝါးသောရလဒ်များနှင့် အတူ ရှင်သန်လျက်ရှိနေဆဲဖြစ်သည်။ အဂတိ လိုက်စားမှုကြောင့် သာမန်ပြည်သူများ အခြေခံလူတန်းစားများကို အထိနာ စေပါသည်။ အဂတိလိုက်စားမှုနှင့် သာမန် ပြည်သူအများစု၏ ဆင်းရဲမွဲတေမှုသည် ထပ်တူကျိုးကျနေကြောင်း ပညာရှင်တွေ က သုံးသပ်ကြသည်။ မြန်မာနိုင်ငံထဲသို့ အဂတိလိုက်စားမှု များပြားပြီးပြီး ထုထယ် ကြီးမားသည့်နိုင်ငံတွင် သာမန်ပြည်သူတွေ ဆင်းရဲ မွဲတေမှု ပမာဏ၊ ထုထည်အရေ အတွက် စသည်တို့သည် မတန်တဆကြီး မားသည်ဟု ခန့်မှန်း သုံးသပ် ကြသည်။
Posted on: Sat, 01 Feb 2014 06:32:26 +0000

Trending Topics



Recently Viewed Topics




© 2015