ပျင်းလို့ - TopicsExpress



          

ပျင်းလို့ တွေ့ကရာရေးထားတာ မဖတ်ကြနဲ့... ----------------------------------------------------------------------------------------- Audio Tour Guide ဆိုတာက အသံနဲ့ ဧည့်လမ်းညွှန် လုပ်တာပေါ့... အလွယ်ဆုံး ဥပမာပေးရရင် ပြတိုက်တစ်ခုမှာ ပြတိုက်က တာဝန်ရှိတဲ့သူက လေ့လာသူတွေကို ကိုယ်တိုင်လိုက်ပြီး ရှင်းပြစရာ မလိုတော့ပဲနဲ့ နားကျပ်ပါတဲ့ Audio Device လေးကို တပ်ဆင်အသုံးပြုဖို့ပါ... ပြခန်းပြကွတ် တစ်ခုချင်းစီမှာ မတူညီတဲ့ Radio Frequency Signal တွေ ထုတ်ပေးနိုင်တဲ့ Transmitter တွေ တပ်ထားပြီးတော့ Audio Tour Guide မှာပါဝင်တဲ့ Receiver ကနေပြီး ကိုယ်ဘယ်နေရာ ဘယ်ပြခန်းကို ရောက်နေပြီလဲဆိုတာ ခွဲခြားသတ်မှတ် ပေးနိုင်အောင် စီမံထားတာမျိုးပါ... မတူညီတဲ့ နေရာကို လိုက်ပြီးတော့ သက်ဆိုင်ရာ ကြိုတင်သွင်းယူထားတဲ့ ရှင်းပြချက် Sound Track တွေ လွှင့်ပေးအောင် လုပ်ထားတာမို့ ဘယ်ပြခန်းကိုသွားသွား ပြခန်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို အလွယ်တကူ ရှင်းလင်းသိနိုင်မှာပါ... ပြခန်းတာဝန်ရှိသူတွေ ရှင်းပြသလို Video Display ကနေ ရှင်းပြသလို လူအများကို စောင့်ဆိုင်းစရာ မလိုအပ်တဲ့အပြင် သက်ဆိုင်ရာ သူအတွက် Individual ရှင်းပြနိုင်တာမို့ အရမ်းကို အသုံးဝင်တာမျိုးပါ... အားသာချက် နောက်တစ်ခုက တူရိယာ ပြခန်းမျိုးဆိုရင် သက်ဆိုင်ရာ တီးမှုတ်ကခုန်နေသံတွေကို ကြားရအောင် ဖန်တီးထားနိုင်ပါတယ်... စစ်ရေးပြခန်း ဆိုရင်လဲ တိုက်ခိုက်နေသံတွေ ထည့်ထားနိုင်သလို... သဘာဝပြခန်းတွေအတွက် တိရိစ္ဆာန်အသံတွေလဲ ထည့်သွင်းထားနိုင် ပါသေးတယ်... တခြားသူတွေကို အနှောင့်အယှက် မပေးနိုင်တော့ပါဘူး... ပြတိုက်တွေမှာတင် သုံးလို့ရတာ မဟုတ်ပါဘူး... ပန်ချီပြခန်းလို... Activities ပြခန်းလို... နေရာမျိုးတွေမှာလဲ သုံးနိုင်ပါသေးတယ်... ဒါ့အပြင် Historical Town တွေလိုမျိုးမှာလဲ သုံးနိုင်ပါသေးတယ်... ဥာဏ်ရှိသလို ချဲ့ထွင်လို့ရပါသေးတယ်... GPS System မျိုးနဲ့ တွဲသုံးဖို့တော့ လိုပါမယ်... ကိုယ်ရှိနေမယ့် နေရာကို Base ကနေ သိနိုင်တာမို့ Manual Instruction လဲ ပေးနိုင်သေးလို့ လုံခြုံရေးအပိုင်းကိုလဲ တာဝန်ယူနိုင်ပါသေးတယ်... မြန်မာပြည်က ပြတိုက်လိုမျိုးတွေမှာ ဒါမျိုးလေးတွေ သုံးနိုင်ရင် အတော့်ကို တာသွားမယ် ထင်မိလို့...
Posted on: Mon, 02 Sep 2013 03:06:40 +0000

Trending Topics



Recently Viewed Topics




© 2015