ဖွံ့ဖြိုးဆဲနိုင်ငံက - TopicsExpress



          

ဖွံ့ဖြိုးဆဲနိုင်ငံက အမျိုးသမီးများလျှောက်ထားနိုင်သည့် စကောလားရှစ် ************************************************ ဖွံ့ဖြိုးဆဲနိုင်ငံများကအမျိုးသမီးများလျှောက်ထားနိုင်သည့် Global Water Partnership Ken Thiess Memorial Scholarship ကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့နောက်ဆုံးထားပြီးလျှောက်ထား နိုင်ကြောင်း သိရသည်။ ၎င်းပညာသင်ဆုကိုဖွံ့ဖြိုးဆဲနိုင်ငံများမှ အရည်အချင်းပြည့်မီ သောအမျိုးသမီး စွမ်းဆောင်ရှင်များ ပေါ်ထွက်လာစေရန်နှင့် Intergrated Water Resource Management ၏ စိတ်ကူးအစီအစဉ်သစ်များ အကောင်ထည်ဖော်နိုင်စေရန် ရည်ရွယ်ကြောင်းသိရသည်။ Master of Intergrated Water Manage-mentဘာသာရပ်များတက်ရောက်လို သည့် မြန်မာအမျိုးသမီးများကိုရာနှုန်းပြည့်ပညာသင်ဆု သြစတြေးလျ ဒေါ်လာ ၈၃,၃၆၈ ပေးမည်ဖြစ်သည်။ပညာသင်ဆုရရှိသူများကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့၌စာရင်းထုတ်ပြန်ပြီး ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ စာသင်နှစ်တွင်တက်ရောက်ရမည်ဖြစ်သည်။ ပညာသင်ဆုလျှောက်ထား သူများအနေဖြင့် ၎င်း ဘာသာရပ်နှင့် ဆက်စပ်သည့် ဘွဲ့တစ်ခုရရှိရမည်ဖြစ်ပြီးလုပ်ငန်းအတွေ့အကြုံ ငါးနှစ်ရှိရမည် ဖြစ်ကြောင်း IELTS overall 6.5(individual 6)ရရှိရမည် ဖြစ်ကြောင်းသိရသည်။ပညာသင် ဆုရရှိသူသည် ကျောင်းလခတစ်နှစ်ခွဲစာကင်းလွတ်ခွင့်ရရှိမည် ဖြစ်သည့်အပြင်နေစားစရိတ်၊ အသွားအပြန် လေယာဉ်ခ၊ ကျောင်းသားဗီဇာကြေး၊ Overseas Student Health Cover တို့အပြင် 17 thInterna-tional River Symposium Conference in 2014 ကိုတက်ရောက်ခွင့် ရရှိမည်ဟု သိရှိရသည်။ အသေးစိတ်သိရှိလိုပါကAustralian Visa and Student Service ကိုဆက်သွယ် နိုင်ကြောင်း သိရသည်။ Reposted by Su Credit to Skynet TV Browser facebook/MMcities
Posted on: Sat, 07 Sep 2013 07:43:09 +0000

Trending Topics



Recently Viewed Topics




© 2015