ဖိလစ်ပိုင်နိုင်ငံ - TopicsExpress



          

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအား ဖြတ်ကျော်ဝင်ရောက်တော့မည့် တိုင်ဖွန်း KORSA-29W ဖိလစ်ပိုင်င်လယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း KORSA(29W) သည် JTWC သတိပေးထုတ်ပြန်ချက် အမှတ်-၈ အရ ပိုမိုအားကောင်းလာကာ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအား အောက်တိုဘာလ ၃၁ ရက်(ယနေ့ည – မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီ နောက်ပိုင်း)တွင် ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တောင်တရုတ်ပင်လယ်အတွင်းသို့ ရောက်ရှိပြီးနောက် ဟိုင်နန်ကျွန်းတောင်ပိုင်းနှင့် ဗီယက်နန်နိုင်ငံတို့အား ထပ်မံ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ ဖြတ်ကျော်ဝင်ရောက်မည့် နေ့ရက်နှင့် အချိန် ကြိုတင်ခန့်မှန်းချက်များအား ပုံတွင် ဖေါ်ပြထားပါသည်။(ပုံ-၁) TSR မှ နာရီ ၁၂ဝ ကြိုတင်ခန့်မှန်းပုံတွင် မုန်တိုင်းအနောက်ဘက်(ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံ)သို့ ဆက်လက်ရွေ့လျားရောက်ရှိနိုင်မည့် အခြေအနေ၊ လေပြင်းတိုက်ခတ်ခံရမှု ဖြစ်နိုင်ခြေ(မြန်မာနိုင်ငံအတွက် ဖြစ်နိုင်ခြေ ၅% သာ ရှိပါသည်)တို့အား ဖေါ်ပြထားပါသည်။(ပုံ-၂) ဖေါ်ပြပါ ခန့်မှန်းချက်အတိုင်း ဖြစ်လာလျှင် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသအချို့တို့သို့ အစောဆုံး နိုဝင်ဘာလ ၅ ရက် နောက်ပိုင်းတွင် မုန်တိုင်းအကြွင်းအကျန်များ ရောက်ရှိပြီး အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ခြေ ရှိနိုင်မည် ဖြစ်ကြောင်း သိရှိနိုင်ကြရန် အသိပေး တင်ပြအပ်ပါသည်။(ပုံ-၂) မုန်တိုင်း ဆက်လက်ရွေ့လျှားမည့် အခြေအနေနှင့် လမ်းကြောင်းပြောင်းလဲမှု အခြေအနေတို့အား ဆက်လက်၍ စောင့်ကြည့်တင်ပြပေးသွားပါမည်။ 30/18Z (TYPHOON 29W (KROSA) WARNING NR 008- 065 knots) TYPHOON 29W (KROSA) WARNING #8 WTPN31 PGTW 302100 301800Z POSIT: NEAR 17.4N 125.4E MOVING 280 DEGREES TRUE AT 15 KNOTS MAXIMUM SIGNIFICANT WAVE HEIGHT: 18 FEET 30/18Z, WINDS 065 KTS, GUSTS TO 080 KTS 31/06Z, WINDS 090 KTS, GUSTS TO 110 KTS 31/18Z, WINDS 075 KTS, GUSTS TO 090 KTS 01/06Z, WINDS 080 KTS, GUSTS TO 100 KTS 01/18Z, WINDS 085 KTS, GUSTS TO 105 KTS 02/18Z, WINDS 090 KTS, GUSTS TO 110 KTS 03/18Z, WINDS 075 KTS, GUSTS TO 090 KTS 04/18Z, WINDS 060 KTS, GUSTS TO 075 KTS from-MMweather Page
Posted on: Thu, 31 Oct 2013 04:59:04 +0000

Trending Topics



Recently Viewed Topics




© 2015