ဖိလစ်ပိုင်နိုင်ငံသို့ - TopicsExpress



          

ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားကောင်းလှသော စူပါတိုင်ဖွန်းမုန်တိုင်း Haiyan ကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးဖွယ်ရှိသည်ဟု ခန့်မှန်းရကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။ တိုင်ဖွန်းမုန်တိုင်း Haiyan သည် ဖိလစ်ပိုင်အလယ်ပိုင်းရှိ Leyte ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကို လုံးဝပျက်စီးသွားစေခဲ့ပြီး အဆိုပါ ပြည်နယ်တစ်ခုတည်း၌ပင် သေဆုံးသူ ၁၀,၀၀၀ ခန်ရှိနိုင်သည်ဟု ဒေသခံတာဝန်ရှိသူများက ခန့်မှန်းထားသည်။ သေဆုံးသူ အများစုမှာ အဆောက်အအုံများ ပြိုကျမှုကြောင့်ဖြစ်ကြောင်းနှင့် သေဆုံးသူအရေအတွက်မှာ ဆက်လက် မြင့်တက်လာနိုင်ကြောင်းလည်း Leyte ပြည်နယ် အာဏာပိုင်များက ပြောကြားသည်။ via Planet Myanmar
Posted on: Sun, 10 Nov 2013 06:31:22 +0000

Trending Topics



Recently Viewed Topics




© 2015