ဗုဒ္ဓဘာသာဝင် များ - TopicsExpress



          

ဗုဒ္ဓဘာသာဝင် များ အထွတ်အမြတ် ထားရာ ဗုဒ္ဓဂါယာ ရှိ မဟာဗောဓိစေတီ တော် ကို အကြမ်းဖက်သမားများ က ဗုံးခွဲတိုက်ခိုက် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဒီနေ့ မနက် ၆နာရီ ခန့်မှာ အကြမ်းဖက်သမားတွေက ဗုဒ္ဓဂါယာ မဟာဗောဓိစေသီတော်ကို ရှစ်ကြိမ်တိတိ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွါးခဲ့ပါတယ် အဆိုပါ စေတီတော်သည် ဗုဒ္ဓမြတ်စွာဘုရားရှင် သဗ္ဗညုတ ရွှေဥာဏ်တော် ရပြီး ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ နေရာ တစ်ခုဖြစ် ကြောင်းသိရှိရပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကြောင့် စေတီတော်မှာ ထိခိုက်ပျက်စီး မှု မရှိကြောင်း နှင့် လူအများအပြား ဒဏ်ရာ ရရှိကြောင်း၊ မြန်မာသံဃာတစ်ပါးလည်း ဒဏ်ရာရရှိသူ စာရင်းထဲ တွင်ပါဝင်နေကြောင်း သတင်းရရှိပါတယ်။ အသေအပျောက်စာရင်း နှင့် ဒဏ်ရာ ရရှိသူများစာရင်း ကို စုံစမ်းစဲဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ် အိန္ဒိယ ပြည်ထဲရေး ၀န်းကြီးဌနာက အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။ သီရိလင်္ကလာအစိုးရတော့ မိနစ်ပိုင်းအတွင်း ချက်ခြင်း ပြင်းပြင်းထန်ထန် နဲ့ ဒီလုပ်ရပ်ကို ရှုပ်ချလိုက်ပါတယ်။ ဘုန်းတော် ကြီး ဒလိုင်းလားမား ကလည်း "တကယ်တော့ ဒီလို မြင့်မြတ်တဲ့ ဘာသာရေး ဆိုက်တွေမှာ လုံခြုံရေးထားဖို့ မလိုအပ်ပါဘူးတဲ့။ ဒါပေမယ့် အခုလို ဖြစ်ပေါ်လာတော့ လုံခြုံရေးတွေ မထားခဲ့တဲ့အတွက် နောင်တရမိတယ်။ စိတ်မကောင်းဖြစ်ရတယ်" လို့ ပြောဆိုပါတယ်။ အိန္ဒိယ ၀န်းကြီးချုပ် မိုဟန်ဆင်း ကလည်း "ဒီလို အထွဋ်အမြတ်ထားတဲ့ မဟာဗောဓိ စေတီတော်မြတ်ကြီးကို တိုက်ခိုက်သူတွေကို လုံးဝသည်းခံမှာ မဟုတ်ပါဘူးတဲ့။ ကျွန်တော်တို့ ယဉ်ကျေးမှု၊ ထုံးတန်းစဉ်လာတွေက ဘာသာအချင်းချင်း အပြန်အလှန်လေးစားဖို့ သင်ပေးထားပါတယ်။ အခုလို တိုက်ခိုက်တာကိုတော့ ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး" လို့ ပြောကြားခဲ့ပါတယ် သီရိလင်္ကာသမ္မတ ကလည်း အိန္ဒိယအစိုးရကိုလည်း ရှစ်ကြိမ်တိတိ ဒီလို ဆက်တိုက်ဗုံးကွဲမှု ဖြစ်စဉ်တွေနဲ့ ပါတ်သက်ပြီး အမြန်ဆုံး တရားခံတွေကို အရေးယူပေးပို့ တောင်းဆို လိုက်ပါတယ်။ မြန်မာ အစိုးရ နဲ့ ထိုင်း အစိုးရ ကတော့ အိပ်ပျော်နေစဲပါ။ ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားတဲ့ နေရာကို ဦးတည် တိုက်ခိုက်နေတာ ဘယ်သူဘယ်ဝါတွေ ဆိုတာ လောလောဆည် မပြောနိုင်ကြသေးပေမယ့်။ လက်သည်ကို အတိကျ မပြောနိုင်သေးပေမယ့် ဒါဟာ မူစလင် အစွန်းရောက်တွေ လက်ချက်လို့ အများက မှတ်ယူနေကြပါတယ်။ မြန်မာနိုင်ငံက ရွှေတိဂုံ ဘုရာတောင် သေချာကရုစိုက်သင့်နေပါပြီ။ ဗုဒ္ဓဘာသာဝင်များ အားလုံး ဘေးအန္တရာယ် ကင်းရှင်းကြစေ။ Ref : BuddhaFM [Myanmar Today News] ဗုဒ္ဓဘာသာဝင် များ အထွတ်အမြတ် ထားရာ ဗုဒ္ဓဂါယာ ရှိ မဟာဗောဓိစေတီ တော် ကို အကြမ်းဖက်သမားများ က ဗုံးခွဲတိုက်ခိုက် ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ ဒီနေ့ မနက် ၆နာရီ ခန့်မှာ အကြမ်းဖက်သမားတွေက ဗုဒ္ဓဂါယာ မဟာဗောဓိစေသီတော်ကို ရှစ်ကြိမ်တိတိ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွါးခဲ့ပါတယ် အဆိုပါ စေတီတော်သည် ဗုဒ္ဓမြတ်စွာဘုရားရှင် သဗ္ဗညုတ ရွှေဥာဏ်တော် ရပြီး ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ နေရာ တစ်ခုဖြစ် ကြောင်းသိရှိရပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုကြောင့် စေတီတော်မှာ ထိခိုက်ပျက်စီး မှု မရှိကြောင်း နှင့် လူအများအပြား ဒဏ်ရာ ရရှိကြောင်း၊ မြန်မာသံဃာတစ်ပါးလည်း ဒဏ်ရာရရှိသူ စာရင်းထဲ တွင်ပါဝင်နေကြောင်း သတင်းရရှိပါတယ်။ အသေအပျောက်စာရင်း နှင့် ဒဏ်ရာ ရရှိသူများစာရင်း ကို စုံစမ်းစဲဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ် အိန္ဒိယ ပြည်ထဲရေး ၀န်းကြီးဌနာက အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။ သီရိလင်္ကလာအစိုးရတော့ မိနစ်ပိုင်းအတွင်း ချက်ခြင်း ပြင်းပြင်းထန်ထန် နဲ့ ဒီလုပ်ရပ်ကို ရှုပ်ချလိုက်ပါတယ်။ ဘုန်းတော် ကြီး ဒလိုင်းလားမား ကလည်း "တကယ်တော့ ဒီလို မြင့်မြတ်တဲ့ ဘာသာရေး ဆိုက်တွေမှာ လုံခြုံရေးထားဖို့ မလိုအပ်ပါဘူးတဲ့။ ဒါပေမယ့် အခုလို ဖြစ်ပေါ်လာတော့ လုံခြုံရေးတွေ မထားခဲ့တဲ့အတွက် နောင်တရမိတယ်။ စိတ်မကောင်းဖြစ်ရတယ်" လို့ ပြောဆိုပါတယ်။ အိန္ဒိယ ၀န်းကြီးချုပ် မိုဟန်ဆင်း ကလည်း "ဒီလို အထွဋ်အမြတ်ထားတဲ့ မဟာဗောဓိ စေတီတော်မြတ်ကြီးကို တိုက်ခိုက်သူတွေကို လုံးဝသည်းခံမှာ မဟုတ်ပါဘူးတဲ့။ ကျွန်တော်တို့ ယဉ်ကျေးမှု၊ ထုံးတန်းစဉ်လာတွေက ဘာသာအချင်းချင်း အပြန်အလှန်လေးစားဖို့ သင်ပေးထားပါတယ်။ အခုလို တိုက်ခိုက်တာကိုတော့ ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး" လို့ ပြောကြားခဲ့ပါတယ် သီရိလင်္ကာသမ္မတ ကလည်း အိန္ဒိယအစိုးရကိုလည်း ရှစ်ကြိမ်တိတိ ဒီလို ဆက်တိုက်ဗုံးကွဲမှု ဖြစ်စဉ်တွေနဲ့ ပါတ်သက်ပြီး အမြန်ဆုံး တရားခံတွေကို အရေးယူပေးပို့ တောင်းဆို လိုက်ပါတယ်။ မြန်မာ အစိုးရ နဲ့ ထိုင်း အစိုးရ ကတော့ အိပ်ပျော်နေစဲပါ။ ဗုဒ္ဓဘာသာတွေ အထွတ်အမြတ်ထားတဲ့ နေရာကို ဦးတည် တိုက်ခိုက်နေတာ ဘယ်သူဘယ်ဝါတွေ ဆိုတာ လောလောဆည် မပြောနိုင်ကြသေးပေမယ့်။ လက်သည်ကို အတိကျ မပြောနိုင်သေးပေမယ့် ဒါဟာ မူစလင် အစွန်းရောက်တွေ လက်ချက်လို့ အများက မှတ်ယူနေကြပါတယ်။ မြန်မာနိုင်ငံက ရွှေတိဂုံ ဘုရာတောင် သေချာကရုစိုက်သင့်နေပါပြီ။ ဗုဒ္ဓဘာသာဝင်များ အားလုံး ဘေးအန္တရာယ် ကင်းရှင်းကြစေ။ Ref : BuddhaFM [Myanmar Today News]
Posted on: Sun, 07 Jul 2013 19:38:04 +0000

Trending Topics



Recently Viewed Topics




© 2015