မြောက်ကိုရီးယားထံမှ - TopicsExpress



          

မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူခြင်းမပြုရန် တားမြစ်ချက်ကို ချိုးဖောက်သည့် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးအား ကန်အစိုးရ ပိတ်ဆို့တားမြစ်ခံပုဂ္ဂိုလ်များ စာရင်းသွင်း မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူခြင်းမပြုရန် တားမြစ်ထား သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုကို ချိုးဖောက်သော မြန်မာ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို အမေရိကန် အစိုးရက အထူးကန့်သတ်ထားခြင်းခံ ရသူများ(သို့) ပိတ်ဆို့တားမြစ်ခံပုဂ္ဂိုလ် များ စာရင်း(Specially Designated Nationals or Blocked Persons List) စာရင်းသွင်းလိုက်ကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက မြန်မာအစိုးရသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှု ကိုထောက်ခံအားပေးသော် လည်း မြောက် ကိုရီးယားထံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် ပါဝင်ပတ်သက်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးအား ပိတ်ဆို့မှုချ မှတ်အရေးယူကြောင်း ထုတ်ပြန်ကြေ ညာခဲ့သည်။ ထုတ်ပြန်ချက်တွင် ၄င်းသည် အမေရိကန်အစိုးရ၏တားမြစ်ခံ စာရင်းဝင်ပြီး သားဖြစ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ ဒါရိုက်တာအဖွဲ့ ကိုယ်စားလုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်ဟု ဖော်ပြပါရှိသည်။ 'ဒီအရေးယူမှုဟာ မြောက်ကိုရီး ယားလက်နက်တွေကို မြန်မာနိုင်ငံထဲ တရားမဝင် ကုန်သွယ်မှုမှာ ပါဝင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးတည်း ကိုသာ ရည်ရွယ်ချမှတ်ခဲ့တာပါ'ဟုအမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက် တွင် ဖော်ပြထားကြောင်း AFP သတင်း ဌာနက ရေးသားထားသည်။ 'ဒါဟာ မြန်မာအစိုးရကို ရည်ရွယ် တာ မဟုတ်ပါဘူး။ မြန်မာအစိုးရ ဟာ မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက် ဆံမှုကို ဖြတ်တောက်ဖို့ အပြုသဘော ဆောင်တဲ့ အဆင့်တွေကို လုပ်ဆောင် နေပါတယ်' ဟု ထုတ်ပြန်ချက်တွင် ပါရှိ ကြောင်း သိရသည်။ ပိတ်ဆို့အရေးယူမှုအရ မည်သည့် အမေရိကန်နိုင်ငံသားမဆိုကို အဆိုပါ ဒုတိယဗိုလ်ချုပ်ကြီးနှင့် စီးပွားရေးလုပ်ငန်း တွဲဖက်လုပ်ကိုင်ခြင်း မပြုရန် တားမြစ် ထားကြောင်း ပါရှိသည်။ Reposted by aye aye mon Credit to Popular Myanmar Journal facebook/mmcities
Posted on: Wed, 03 Jul 2013 06:08:03 +0000

Trending Topics



Recently Viewed Topics




© 2015