မတော်တဆဖြစ် လေယာဉ် Black Box - TopicsExpress



          

မတော်တဆဖြစ် လေယာဉ် Black Box များ စစ်ဆေးရန် တရုတ်ကုမ္ပဏီ ကမ်းလှမ်းမှု ငြင်းဆို ......................................................................................... ရန်ကုန်၊ ဇွန်၁၆ မြန်မာ့လေကြောင်းမှ မတော်တဆမှုများ ဖြစ်ပွားခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံလုပ်MA 60 လေယာဉ်များ၏ Black Box များကို စစ်ဆေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ Xian Aircraft Manufacture ကုမ္ပဏီ၏ ကမ်းလှမ်းမှုကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာန မြန်မာ့လေယာဉ် မတော်တဆ စုံစမ်းရေးအဖွဲ့က ငြင်းဆိုထားကြောင်း ယင်းဌာနရှိ မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ရှင်းပြသည်။ Xian Aircraft Manufacture ကုမ္ပဏီသည် အဆိုပါ Ma 60 လေယာဉ်များ ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သောကြောင့် Black Box စစ်ဆေးရာတွင် ဘက်လိုက်မှုများ ရှိလာမည်ကို စိုးရိမ်သဖြင့် ငြင်းဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ Black Box တွင်ပါသော ပျံသန်းမှု မှတ်တမ်းသည် တရုတ်နိုင်ငံမှ ထုတ်လုပ်ခြင်း ဖြစ်သောကြောင့် အင်ဒိုနီးရှားနိုင်ငံတွင် စစ်ဆေးနိုင်သော် လည်း မသေချာမည်စိုး၍ ကြားခံဖြစ်သော တရုတ်နိုင်ငံ ကိုယ်စားပြုသည့် တရုတ်လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနတွင် စစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ မိုင်းဆတ်တွင် မေလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော MA 60 လေယာဉ်၏ Black Box ကို စစ်ဆေးရန် တရုတ်နိုင်ငံနှင့် ဆက်သွယ်ထားရာ ယခု ဇွန်လ ၁၀ ရက်နေ့က ကော့သောင်းတွင် ဖြစ်ပွားခဲ့သည့် MA 60 လေယာဉ်၏ Black Box ကိုပါ ယူဆောင်သွားမည်ဖြစ်ကြောင်း ၎င်းထံမှ စုံစမ်း သိရှိရသည်။ ဇွန်လ၂၃ ရက်နေ့ သွား၍ ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။ မေလ ၁၆ ရက်နေ့က မိုင်းဆတ်တွင် တစ်ကြိမ်၊ ဇွန်လ ၁၀ ရက်နေ့ က ကော့သောင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် တရုတ်နိုင်ငံလုပ် MA 60 လေယာဉ်များ မတော်တဆမှုများ ဖြစ်ပွားခဲ့သည့်အတွက် ယင်းလေယာဉ် အမျိုးအစားများကို ပြေးဆွဲခွင့် ရပ်နားထားကြောင်း မြန်မာ့လေကြောင်းက သတင်း ထုတ်ပြန်သည်။ လွန်ခဲ့သည့် ၂နှစ်ခန့်က ရပ်နားခဲ့ပြီး ပြည်သူ့ ဥယျာဉ်ဝင်းထဲတွင် အများပြည်သူများ လေ့လာနိုင်ရန် ပြသထားသည့် FOKKER-F27 လေယာဉ်အစား တရုတ်ပြည်သူ့သမ္မတနိုင်ငံလုပ် MA 60 လေယာဉ် သုံးစင်းကို ၂၀၁၀ ပြည့်နှစ်တွင် အစားထိုး ပြေးဆွဲ ခဲ့ကြောင်း မြန်မာ့လေကြောင်းက တရားဝင် ထုတ်ပြန်ခဲ့သည်။ The Voice
Posted on: Mon, 17 Jun 2013 14:22:14 +0000

Trending Topics



Recently Viewed Topics




© 2015