မြန်မာအစ္စလမ် ဟက်ကာ - TopicsExpress



          

မြန်မာအစ္စလမ် ဟက်ကာ တယောက်ရဲ့ ပေးဆပ်မူ့များအကြောင်း (ဖြစ်ရပ်မှန်) ============================================== ယခုရေးသားမည့်အကြောင်းအရာမှာ အမျိုးဘာသာသနာအတွက် ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ထမ်းဆောင်ပေးခဲ့သော နည်းပညာရှင် White Hat ဟက်ကာတယောက်အကြောင်းဖြစ်သဖြင့် ဦးစွာပထမ နည်းပညာ ဟက်ကာတို့၏ အခန်းကဏ္ဏ၊ မျက်မှောက်မီဒီယာ အွန်လိုင်း user တို့၏ အစ္စလာမ်ဘာသာဝင်နဲ့ လူမျိုးတို့အပေါ် ဖိနှိပ်ချုပ်ချယ်ဝါဒဖြန့်မှုများကို စာဖတ်သူများ နားလည်သဘောပေါက်စေရန် ရှင်းလင်းရန် လိုအပ်သည်ဟု ထင်ပါသည်။ အစ္စလမ်ဘာသာအား အပုပ်ချ စွပ်စွဲ ရေးသားမှုတွေကို ၂၀၀၉ အချိန်ကာလမတိုင်ခင်မှစပြီး ကြိုကြား ကြိုကြား အွန်လိုင်း မီဒီယာတွေ အသုံးပြု ရေးသား ၀ါဒဖြန့်လာသည်ကို သတိပြုမိကြမယ်ထင်ပါသည် ။ ၂၀၁၂ ဟာ ဗမာလူမျိုးတို့ အစ္စလာမ်ဘာသာအပေါ်တိုက်ခိုက်မှု အရှိန်ဟာ အပြင်းထန် ဆုံး အမိုက်ရိုင်းဆုံးအနေအထားကို ရောက်ရှိလာပါတယ် ။ ယခင်လို နာမည်တု အကောင့်တုဖြင့် ရေးသားဝါဒဖြန့်သည်သာမဟုတ်ပဲ ပေါပေါတင်တင် တိုက်ခိုက် ယုတ်မာလာတာကိုတွေ့ရပါတယ် ။ အခမဲ့ရရှိနှိင်သော blog များဖွင့် အစ္စလာမ်ဘာသာအား အခြေမမြစ်မရှိ စော်ကားသည့် အကြောင်းအရာများ သီးသန့်ရေးကြသည်သာမက နာမည်ကြီးမီဒိယာများ ၊ ဖွဘုတ်စာမျက်နှာများ အများအပြား ဖွင့်လှစ်ပြီးတဖုံ ၊ မေးလ်ဂရုများကသာမက အဆိုးဆုံးမှာအစ္စလာမ်ပိုင် website များ facebook grups , pages , account များကို တိုက်ခိုက်သိမ်းပိုက်ပြီး မဖွယ်မရာ အကြောင်းအရာများတင်၍ စော်ကားလာသည်ပင်ဖြစ်ပါသည် ။ အဆိုးဆုံးမှာ မန်းဘား သောင်းချီရှိသော ဖွဘုတ်ဂရုအကြီးကြီးများ ဖန်တီး၍ မြန်မာ အစ္စလာမ်ဘာသာဝင်များအပေါ် နည်းမျိုးစုံဖြင့် မဟုတ်မမှန်ရေးသား ၀ါဒဖြန့်ကြခြင်းအပြင် အစ္စလာမါဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ကာဗာကျောင်းတော် ၊ ဗလီ ၊ အစ္စလာမ် မိန်းမပျိုများ၏ ပုံများကို မဖွယ်မရာ ဖိုတိုရှော့ ဖြင့် ပြုပြင်စော်ကားကြခြင်းပင်ဖြစ်သည် ။ ထို့ပြင် အစ္စလာမ်ပိုင် သာသနာရေးရာ အကြောင်းများသာ ရေးသားသော ဖွဘုတ်ဂရုများအား ဟက်လုပ်ပြီး ၀က်ပုံများ ညစ်ညမ်းပုံများတင်ရုံသာမက မိုက်ရိုင်းစွာ ဆဲဆိုစော်ကားမှုများ အကြိမ်ပေါင်းစွာ မခံမရပ်နိုင်လောက်အောင် အဆင့်အတန်းမဲ့စွာ ပြုလုပ်စော်ကားခဲ့ကြပါသည် ။ အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ် ဂရုကိုပင်ဟက်၍ အထက်ပါအတိုင်း အမျိုးမျိုးစော်ကားခဲ့ကြပါသေးသည် ။ ထိုသို့ စော်ကားသူများမှာ အရွယ်ရောက်စ ကလေးမှစ၍ အစိုးရအုပ်ချုပ်ရေး အရာရှိများအထိပါဝင်ပတ်သက်နေသည်ကို လေ့လာတွေ့ရှိခဲ့ပါသည် ။ အဲ့လိုအချိန်မှာ မြန်မာအစ္စလာမ် ဘာသာဝင်တို့ ကျင်လည်ရာ social network များတွင် အစ္စလာမ်တို့ဖက်မှ ပြန်လည်ချေပမှုများနဲ့အတူ မြန်မာအစ္စလမ် ဟက်ကာတို့ အခန်းကဏ္ဍဆိုသည်မှာ စတင်ပေါ်ပေါက်လာရပါတော့သည် ။ အကျဉ်းချုပ်ဆိုရသော် ၂၀၁၁ နောက်ပိုင်းမှစ၍ Myanmar Muslim Cyber Force အမည်ဖြင့် မြန်မာနိုင်ငံ အခြေစိုက် ဟက်ကာတဖြစ်လည်း မြန်မာအစ္စလာမ်နည်းပညာရှင်များက အောင်မြင်စွာ ဖွဲ့စည်း နိုင်ခဲ့သည့်အပြင် အစ္စလာမ်အား စော်ကားဝါဒဖြန့်ကြသော သာမန်လူများရဲ့ အကောင့် မေးလ်များသာမက မြန်မာပြည်၏ ပထမတန်း မီဒီယာများရဲ့ website , facebook fan pages များအပြင် အီမေးလ်များကိုပင် ထိန်းချုပ်ဟန့်တားမှုများ ပြုလုပ်နိုင်ခဲ့ပါသည် ။ ၎င်းတို့၏ထိန်းချုပ်နိုင်ခဲ့မှုများအား Official Website (myanmarmuslimhacker/)နှင့် facebook fan page ( https://facebook/mmcf.official ) တွင် သွားရောက်လေ့လာနိုင်ပါသည် ။ အဓိက ရည်ညွန်းချင်သည်မှာ ထို MMCF မှ လူအား ၊ အချိန်အား ၊ ပညာအား စသဖြင့် မိမိတို့ကိုယ်ပိုင်အရာတွေကို ဘာအခကြေးငွေမှ မရပါပဲ အပျက်ခံပြီး မြန်မာအစ္စလာမ်ကို စော်ကားသူများအား ပြန်လည် တိုက်ခိုက်ဟန့်တားပေးနိုင်ခဲ့သော MMCF ဟက်ကာတယောက်၏အကြောင်းပင်ဖြစ်သည် ။ ဟက် လုပ်တယ် ဆိုတာကို လူတိုင်ပင်ကြားဖူးကြသည် ။ သို့သော် လူတိုင်း မဟက်တတ်ကြပါ ။ သူများ မှတ်ထားတဲ့ password ကို သိရန်လုပ်သောအလုပ်က လွယ်လွယ်နဲ့ ရတတ်လျှင် လူတွေအားလုံး တခြားအလုပ်လုပ်ကြတော့မည်မဟုတ် ။ ဘဏ်များ paypal များသာ ထိုင်ဟက်စားနေကြမှာပါ ။ ဆိုလိုချင်သည်မှာ မလွယ်ပါ ။ လုံးဝမလွယ်သောအလုပ်ပါ ။ သို့သော် IT ပညာရှင်များ program အခြေခံရှိသူများအတွက်တော့ လေ့လာပါက ဖြစ်နိုင်ပါသည် ။ မည်သို့ပင်ဖြစ်စေကာမူ တခြားသူ အကောင့်ဟက်ချင်လျင် အချိန်ပေးရပါတယ် ။ တချို့ လုံခြုံရေး နားလည်သော လူတွေရဲ့ အကောင့်များဟက်နိုင်ရန် ၆ လထိ အချိန်ပေးသည့်တိုင် ဟက်မရတတ်သည်များပင်ရှိပါတယ် ။ ဟက်ကာကျွမ်းကျင်လိမ်မာပါးနပ် ဖြတ်ထိုးညဏ်ကောင်းမှုအပေါ်မူတည်ပါတယ်။ မည်သို့ပင်ဆိုစေ MMCF မန်းဘားများအနေဖြင့် အမြင့်ဆုံးအဆင့်ထိ ကြိုးစား ပေးဆပ်နိုင်ခဲ့ကြပါတယ် ။ အစ္စလာမ်ဘာသာအား မကောင်းစွတ်ဆွဲး အပုပ်ချ ၀ါဒဖြန့်သူ ဗမာအစွန်းရောက်များ၏ ဖွဘုတ်အကောင့်ပေါင်း တစ်သောင်းကျော် ၊ website 40 ကျော် ၊ facebook group နှင့် ပေ့ခ်ျ 400 ကျော်အပြင် မြန်မာထိပ်တန်း မီဒီယာ များရဲ့ online activities များကို ထိန်းချုပ် ထားနိုင်ခဲ့ပါသည် ။ ထိုသို ပြုလုပ်နိုင်ရခြင်းမှာ MMCF မန်းဘား အနည်းငယ်၏ အချိန်များစွာ ပေးထားမှုကြောင့်သာ ဖြစ်ပါတယ် ။ MMCF မန်းဘားမှာ ၁၀ ယောက်ထက် မကျော်ပါ ။ အဲ့ဒီလို လူနည်းနည်းလေးနဲ့ မြန်မာဟက်ကာလောက ဘာသာရေးအစွန်းရောက်လောကပါမကျန် မီဒီယာလောကပါ ဖြုံသွားစေအောင်စွမ်းဆောင်နှိင်ခဲတာ တော်ရုံအချိန်ပေး၍ မရနှိင်ပါ ။ MMCF ကို တလ ဘယ်လောက်ပေးတယ် ဆိုတဲ့ ထောက်ပံမှုများ မရှိပါ ။ လိုအပ်သော official website domain အတွက် မန်းဘာထဲမှ တယောက်ကသာ ပိုက်ဆံစိုက်ပေးပါတယ် ။ ဆိုလိုချင်သည်မှာ MMCF ဟာ တခြားဘယ်အဖွဲ့အစည်းကမှ ဘာအခကြေးငွေ ရယူခဲ့ခြင်း မရှိကြောင်း အသိပေးခြင်း သက်သက်သာဖြစ်သည် ။ ၂၀၁၁ နှောင်းပိုင်း နဲ့ ၂၀၁၂-၁၃ ဟာ ကျွန်တော်တို့ အိပ်ရေးပျက်ဆုံး အပင်ပန်းဆုံးအချိန်တွေပါ။ဗမာတွေ ဟာ အဲ့အချိန်က လူတိုင်းနီပါး အွန်လိုင်းမီဒီယာပေါ်မှာ လွတ်လွတ်လပ်လပ် စော်ကားချင်တိုင်းစော်ကားနေကြသောကြောင့်ပါ။MMCF မန်းဘားတွေထည်းမှာ လူပျိုလူလွတ်တွေ ပဲ မဟုတ်ကြပါဘူး အိမ်ထောင်၇ှင် မိသာစု စားဝတ်နေရေးတဖက် ၇ှာဖွေနေရသူတွေပါ။ညဖက်တွေ အချိန်းပေးကြ၇တော့ အိပ်ရေးတွေပျက် မနက်ဖက် မထနှိင်တော့ အလုပ် ပျက်တော့တာပေါ့.အလုပ်ပျက်တာတွေများတော့ စီပွားရေးထိခိုက်လာတတ်တာ အားလုံးအသိပါ။အဲ့လို အချိန်မပေးရင် ၀ါဒဖြန့်သူ တွေအကောင့် ပိတ် ဂရုတွေ လွတ်သွားမှာပါ။ သောင်းချီနေတဲ့ ပိတ်တခု ဂရုတခုကို ထိန်းချုပ်ဟတ့်တာနှိင်လိုက်တာ ဟာ ရေ၇ှည် ဖြစ်လာမဲ့ ပြသနာအကြီးကြီးတွေကိ ဟန့်တားလိုက်သလို ထိရောက်ပါတယ်.ပြသနာတိုင်းက ၀ါဒဖြန့်သူ ၀ါဒတူသူတွေ ရှိနေလို့ပါ။အဲ့လိုနဲ့ MMCF ရဲ့ ထိပ်တန်းဟက်ကာတယောက်ဟာ သူအလုပ်ပါ အနားပေးခံခဲ့ရတဲ့အပြင် 969 ဘက်က သူဖုန်းနံပတ်ကို ခြေယာခံလိုက်မိသွာပြီး.ဗမာတွေဟက်တာ တွေ သူတို့ပိတ်ကြီးကြီးတွေ ဟက်ပြီး တန်ပြန် ပိုစ်တင်ဝါဒပြန်ဖြန့်တာတွေ မရပ်ရင်အပြင်ထွက်တာနဲ့ ၀ိုင်းရိုက်သတ်မယ် ၊ရဲတိုင်မယ်၊ စသဖြင့်ချိန်းခြောက်ခံရနေရပါတယ်။ခုထိပဲဆိုပါတော့။ သူရဲ့ အလုပ်ထိခိုက်တာ ဟာ သူသားသမီးတွေရဲ့ ရှေ့ရေးထိခိုက်တာနဲ့အတူတူပါပဲ။ဒါတွေကို ဘယ်သူမှမသိကြပါဘူး ကျွန်တော်တို့လူရင်းတွေက လွဲးရင်ပါ။ခုခောတ် လူတွေ ၀ိုင်း ပြီ ချီးမွန်ထေားပနာ ပြုခြင်းခံနေရတဲ့သူတွေက သူတို့ တပြားလောက် အစ္စလမ်အတွက်ပေးဆပ်ရင် တကျပ်လောက်ပေးဆပ်တယ်လို့ လူတွေသိသွားအောင်ပြတတ်သူအများစု တွေဆိုတာ ကြည့်တတ်ရင်မြင်နိင်ပါတယ်။တကယ် အောလ္လဟ် အစားပေးမှာပဲဆိုတဲ့ မျော်လင့်ချက်လေးနဲ့ ဘ၀ါထိအောင်လုပ်ကြသူတွေကျတော့ ချီးမွန်းဖို့နေနေသာသာ စော်ကားပါခံရတတ်ပါတယ်။ကျွန်တော် ဒီစာကိုရေးတာ MMCF ချီးမွမ်း ခံစေချင်၍ မဟုတ်ပါ။တကယ် လေးစားထိုက် ချီးမွန်းခံထိုက်သူအစစ် တယောက်ကို အားလုံးသိစေရန်သာ ရည်ရွယ်ပါတယ်။အားပေးမူ့ဆိုတာအရေးကြီးပါတယ်။အဲ့လို အစ္စလမ်အတွက် နီယဒ်နဲ့ လုပ်ရင်း ထိခိုက်သွားသူ ဖြေသိမ့်နှိင်စေရန်သာရည်ရွယ်ပါသည်။တကယ် ဟီးရိုး အဖြစ် သိက္ခာပေးခံထိုက်သူတွေ လူတွေမသိလိုက်လို့ ထောင်ထည်းမှာ တေားထည်းမှာ စသဖြင့် ဘ၀အဆုံးသတ်သွားသူတွေ ကြားဖူးမှာပါ။ကျွန်တော် နဲ့ တကွ ကျန် MMCF မန်းဘားအားလုံးမှ ထို တယောက်သော ဟက်ကာ အား MMCF ဂုဏ်ထူးဆောင်ဆုကို ဒီဆောင်းပါနဲ့အတူ ပေးအပ်ပါတယ်။တခြားသေား ညီနောင်များလည်း ၀ိုင်းဝန်းချီးကြူး အားပေးကြဖို့နဲ့ သူရဲ့ ထိခိုက်သွားတဲ့ ပြသနာအခက်အခဲးတွေကို အမြန်ဆုံးအဆင်ပြေစေဖို့ ဒိုအာလုပ်ပေးကြဖို့ အထူးပင် မေတ္တာရပ်ခံပါသည်။ကံယကံ၇ှင်ကိုယ်တိုင်း မှာ ဒီအကြောင်းကို တခြားသူများအားအသိမပေးဖို့ အတန်တန် ပြေားသော်လည်း ကျွန်တော် လေးစားအားကျလွန်းသဖြင့်သာ ရေမိလိုက်ခြင်းဖြစ်ပါတယ်။ ထို ညီနောင်ရဲ့ နာမည်အရင်းအား သူရဲ့ privacy အရဖော်မပြနှိင်သော်လည်း သူ သုံးသွာသော ဟက်ကာ ID များ ကို အသိပေးလိုပါတယ်။ကျွန်တော်တို့ MMCF မှ ဂုဏ်ထူးဆောင် HERO လက်မှတ် ပေးခံရသော ဟက်ကာသုံးတတ်သော ID မှာ Bo Tin Hla ဖြစ်ပါကြောင်း တခြားသောညီနောင်များ ခွဲးခြား နားလည်သဘေားပေါက်စေရန် ရည်ရွယ်ချက်သက်သက်ဖြင့် ဒီဆောင်းပါးဖြင့် ရေးသား ဂုဏ်ပြုလိုက်ပါသည်။ ညီနောင် ဘိုတင်လှ ၏ အစ္စလမ် အတွက် ပေးဆပ်မူ့များမှာ ဟက်ကင်း အပိုင်းတခုထည်း မဟုတ်ပါ။ အစ္စလမ် အတွက် ဆောင်းပါးများ ရေးခြင်း, အရေးပေါ်သတင်းများ ဖုန်းဆက်စုံးစမ်းပေးခြင်း၊အစ္စလမ်အဖွဲ့အစည်းများ အတွက် ကိုယ်တိုင် ပူပေါင်းပါဝင် ခြင်းအပြင် သူ၏ ငွေအား လူအား အချိန်အား များကို တောင်ဂုတ် ကိစ္စ မတိုင်ကပင် အခုချိန်ထိ တတ်နှိင်သမျ ထမ်းရွက်လျက်ရှိကြောင်း ပါ။ညီနောင် ဘိုတင်လှ အစ္စလမ်အတွက် ပေးဆပ်နေမူ့ များကို အောလ္လာ ဘက်မှ အစာပေးသနားတော်မူပါစေ..အာမီးန်..။
Posted on: Sun, 02 Feb 2014 06:59:33 +0000

Trending Topics



Recently Viewed Topics




© 2015