မြန်မာနိုင်ငံ၏ - TopicsExpress



          

မြန်မာနိုင်ငံ၏ အခွန်ရရှိမှု တစ်နှစ်လျှင် ကျပ် ၄ ထရီလီယံနှင့် ၅ ထရီလီယံ ကြားသာရှိ၊ အသုံးစရိတ် ဖြတ်တောက်နိုင်ပြီး အခွန်ပိုမို ရရှိပါက ဘတ်ဂျက်လိုငွေကို လျှော့ချနိုင်မည်ဟုဆို Created on Sunday, 06 October 2013 19:18 မြန်မာနိုင်ငံ၏ အခွန်ငွေ ရရှိမှုမှာ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာလျော့နည်းနေကြောင်း၊ တစ်နှစ်လျှင် အခွန်မှရရှိသည့် ငွေကျပ် ၄ ထရီလီယံနှင့် ၅ ထရီလီယံ ကြားတွင်သာ ရှိကြောင်းနှင့် အသုံးစရိတ်အား ဖြတ်တောက်နိုင်ပြီး အခွန်ပိုမို ရရှိပါက မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေအား လျှော့ချနိုင်မည်ဖြစ်ကြောင်း အောက်တိုဘာ ၅ ရက်တွင် ပြုလုပ်သော ငွေကြေးအဖွဲ့ အစည်းများဆိုင်ရာ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြားခဲ့သည်။ "မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေက ပြီးခဲ့တဲ့နှစ်က ၄ ဒသမ ၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒီနှစ်မှာတော့ ငါးရာခိုင်နှုန်းလို့ သိရတယ်။ အမှန်တော့ ဘတ်ဂျက်လိုငွေ မရှိအောင် လုပ်ရမှာပါ။ ဒါကြောင့် ထုတ်လုပ်မှု အပိုင်းမှာလည်း အားကောင်းဖို့ လိုပါတယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေလည်း လျှော့ချနိုင်ဖို့ လိုပါတယ်" ဟု The Daily Eleven Newspaper မှ ယခုနှစ် ဘတ်ဂျက်လိုငွေ ငါးရာခိုင်နှုန်း ရှိနေသည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် ပြန်လည်၍ ဖြေကြားခဲ့သည်။ ဆက်လက်၍ ၎င်းက "ကျွန်တော်တို့ အခွန်ရတာ သူများနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းပါတယ်။ တစ်နှစ်ကို ၄ ထရီလီယံနဲ့ ၅ ထရီလီယံကြားပဲ ရပါတယ်။ သူများနိုင်ငံတွေ ဥပမာ အိမ်နီးချင်း နိုင်ငံတွေတောင် ၁၀ ကျော်လောက် ရပါတယ်။ တကယ်လို့ အဲဒီလို ရခဲ့ရင် ကျွန်တော်တို့မှာ ဘတ်ဂျက်လိုငွေ မရှိတော့ပါဘူး" ဟု ဆိုသည်။ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေက ပြီးခဲ့တဲ့နှစ်က ၄ ဒသမ ၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒီနှစ်မှာတော့ ငါးရာခိုင်နှုန်းလို့ သိရတယ်။ အမှန်တော့ ဘတ်ဂျက်လိုငွေ မရှိအောင် လုပ်ရမှာပါ။ ဒါကြောင့် ထုတ်လုပ်မှု အပိုင်းမှာလည်း အားကောင်းဖို့ လိုပါတယ်။ မလိုအပ်တဲ့ အသုံးစရိတ်တွေလည်း လျှော့ချနိုင်ဖို့ လိုပါတယ် . . . . . မကြာခင်က ထုတ်ပြန်ခဲ့သော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ နှစ်လည်ပိုင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ GDP မှာ ၄၅ ဒသမ ၉ ဘီလျံရှိကြောင်း၊ ယခုနှစ်အတွက် GDP အား ကြိုတင်တွက်ချက်ထားခြင်း မရှိသေးသော်လည်း ဘတ်ဂျက်လိုငွေ ၅ ရာခိုင်နှုန်း လောက်အထိ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၇ ခုနှစ်မှစ၍ ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်နှစ်လောက်မှစ၍ လိုငွေပြမှုပို၍ သိသာလာကြောင်း၊ ဘတ်ဂျက်လိုငွေ၏ ဆိုးကျိုးကို ရေတိုတွင် သိရှိနိုင်မှု နည်းပါးသော်လည်း ရေရှည်တွင် တိုင်းပြည်စီးပွားရေးအတွက် ထိခိုက်မှုများရှိကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။ အေးချမ်းမွန် Credit To >Eleven Media Group
Posted on: Mon, 07 Oct 2013 01:28:46 +0000

Trending Topics



Recently Viewed Topics




© 2015