ရန်ကုန်မြို့ - TopicsExpress



          

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ယခင် ဆုထူးပန်ရုပ်ရှင်ရုံ မြေနေရာဟောင်းတွင် အထပ်မြင့် ၁၂ ထပ်တိုက် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဒေါ်ဝါဝါဝင်းရွှေနှင့် Great Father Land နှစ်ဖက်လုံး မှ တရားစွဲဆိုရန် စီစဉ်နေမှုများကို အပြန်အလှန် ရုပ်သိမ်းရန် သဘောတူညီချက် ရရှိခဲ့ကြောင်း နှစ်ဖက်လုံးက ပြောကြားသည်။သီတဂူ ဆရာတော်ကြီး၏ မေတ္တာရပ်ခံချက်အရ သံအမတ်ကြီး ဦးလှမောင်က စေ့စပ် ညှိနှိုင်းခဲ့ရာ တစ်ဖက်နှင့် တစ်ဖက် အပေးအယူပြုခဲ့ကြပြီး ဒေါ်ဝါဝါဝင်းရွှေနှင့် Great Father Land ဦးကျော်မြင့်တို့ ချုပ်ဆိုထားသော စာချုပ်ကို ဖျက်သိမ်းရန်၊ တရားစွဲဆိုရန် စီစဉ်နေမှုများကို အပြန်အလှန် ရုပ်သိမ်းရန်၊ ဆုထူးပန် ရုပ်ရှင်ရုံ မြေနေရာဟောင်းကို ဦးကျော်မြင့်က ဒေါ်ဝါဝါဝင်းရွှေထံ ပြန်လည် ပေးအပ်ရန် တို့ဖြစ်ကြောင်း Great Father Land ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်က ဆိုသည်။ “မြေနေရာကတော့ ပြန်ရပါပြီ။ သိန်းကိုးထောင်က မရသေးဘူး” ဟု ဒေါ်ဝါဝါဝင်းရွှေက The Voice သို့ ပြောကြားသည်။ အဆိုပါ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာတွင် ပထမထပ်တွင် Shopping Mall၊ ဒုတိယထပ်တွင် ရုပ်ရှင်ရုံများ၊ တတိယထပ်တွင် စားသောက်ဆိုင်များ၊ ကျန်အထပ်များကို ဟိုတယ်တို့ ပါဝင်သော ၁၂ ထပ် အမြင့်ရှိသော အဆင့်မြင့် အဆောက်အအုံ ဆောက်လုပ်ရန် ကျပ် သိန်းရှစ်ထောင် ပေး၍ ၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်တွင် ချုပ်ဆိုထားသော သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ အဆောက်အုံ ဆောက်လုပ်ရမည့် မြေနေရာသည် နေရာကောင်းဖြစ်၍ ၂၁ ထပ်တိုက်အဖြစ် ပြင်ဆင် ဆောက်လုပ် ရန် နှုတ်ဖြင့် သဘောတူပြီးနောက် ကျပ် သိန်းတစ်ထောင် ထပ်ပေးခဲ့သော်လည်း ငွေပေးချေမှု ကိစ္စနှင့် လုပ်ငန်း မစတင်ခြင်း စသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရာ ဒေါ်ဝါဝါဝင်းရွှေက Shopping Mall ကုမ္ပဏီကို ထိုမြေနေရာတွင် ဆောက်လုပ်ရန် စာချုပ် ချုပ်ထား သော ကိုးလအတွင်း တစ်စုံတစ်ရာ အကောင်အထည်ဖော်ခြင်း မရှိသည့်အတွက် မယုံကြည်နိုင်တော့ သောကြောင့် ယင်းစာချုပ်ကို ဖျက်သိမ်းခဲ့သည်။ ဒေါ်ဝါဝါဝင်းရွှေဘက်မှ စာချုပ်ကို တစ်ဖက်သတ် ဖျက်သိမ်းခြင်းမှာ ပေးအပ်ထားသော စရန်ငွေများကို ဆုံးရှုံးခံသည်ဟု သတ်မှတ်၍ ၂၀၁၂ ခုနှစ် ဧပြီလ၂၃ ရက်တွင် ချုပ်ဆိုထားသော ယခင်စာချုပ်ကို ဖျက်သိမ်းကြောင်း စာချုပ် ထပ်မံ ချုပ်ဆိုရမည်ဖြစ်ပြီး ထပ်မံ စာချုပ် ချုပ်ဆိုသောနေ့တွင် ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာကို ဒေါ်ဝါဝါဝင်းရွှေထံသို့ အသိ သက်သေများရှေ့တွင် ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း၊ ယင်းမြေနေရာသည် ဆောက်လုပ်ရန် တာဝန်ယူထားသော ၎င်းတို့ဘက်မှ လက်ဝယ် ထိန်းသိမ်းထားသော မြေနေရာဖြစ်သောကြောင့် တရားရုံးက အဆုံးအဖြတ် မချခင်အထိ ထိန်းသိမ်းထားမည်ဖြစ်ပြီး ထိုအချိန်တွင်း ကျူးကျော် ဝင်ရောက်သူ မှန်သမျှကို တရားဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း Great Father Land ကုမ္ပဏီက ကြေညာခဲ့သည်။
Posted on: Fri, 05 Jul 2013 07:57:48 +0000

Trending Topics



Recently Viewed Topics




© 2015