ရိုဟင်ဂျာအရေးအတွက် - TopicsExpress



          

ရိုဟင်ဂျာအရေးအတွက် မြန်မာနိုင်ငံကို တိုက်ခိုက်မဲ့ အကြမ်းဖက်စခန်း ဘင်္ဂလားဒက်ရှ် နယ်စပ်မှာဖွင့်ထားပြီ • ရိုဟင်ဂျာ အကြမ်းဖက်စခန်းတွေ မြန်မာနိုင်ငံနဲ့ နယ်စပ်နေရာ စစ်တကောင်း တောင်တန်းဒေသမှာ ရှိနိုင်ကြောင်း အိန္ဒိယကနေ ဘင်္ဂလားဒက်ရှ်အစိုးရကို သတိပေးလိုက်ပါတယ်။ • ထောက်လှမ်းရေး သတင်းဖယ်မှုအရ အခုလိုအကြောင်းကြားလိုက်တာပါ။ မြေပေါ်ရ သတင်းအချက်အလက် အမျိုးအစား ဖြစ်တယ်။ • အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနကနေ ပါကစ္စတန်အခြေစိုက် Lashker-e-Taiba (LeT) အဖွဲ့ နဲ့ဆက်နေတာဖြစ်ပြီး မြန်မာရိုဟင်ဂျာတွေအတွက် လက်စားချေဘို့လို့ ယူဆကြောင်း ပြောလိုက်ပါတယ်။ • မကြာသေးခင်က လုပ်ခဲ့တဲ့ အိန္ဒိယ-ဘင်္ဂလားဒက်ရှ် ပြည်ထဲရေးဝန်ကြီးဌာနတွေအစည်းအဝေးမှာ LeT/Jamaat-ud-Dawah (JuD) တို့ပူးတွဲပြီး ရိုဟင်ဂျာအရေးကို အခွင့်ကောင်းယူပြီး ဘင်္ဂလားဒက်ရှ်-မြန်မာ နယ်စပ်မှာ ရှေ့တန်း စခန်းသစ် ဖွင့်မယ်လို့ အသိပေးလိုက်တာဖြစ်ပါတယ်။ ဒီနေရာဟာ သူပုန်ထူထပ်ရာ အိန္ဒိယ အရှေ့မြောက်ဒေသနဲ့လဲ နီးပါတယ်။ • အိန္ဒိယ ပြည်ထဲရေးအတွင်းဝန် Anil Goswami ကနေ လွန်ခဲ့တဲ့ ၆-၇ လ ကတည်းကနေ ဒီလှို့ဝှက်လုပ်ငန်းတွေ ရှိနေခဲ့တယ်လို့ ပြောလိုက်တာပါ။ • LeT နဲ့ Jaish ကွန်မင်ဒါတွေကနေ ဒေသခံ Jamaat-ul-Mujahideen Bangladesh (JMB) အကူအညီနဲ့ စစ်သင်တန်းတွေ ပေးနေတာလို့လဲ ဆိုပါတယ်။ (JMB) အဖွဲ့ဟာ NGO လိုဖွဲ့ထားတဲ့ Rohingya Solidarity Organisation (RSO) နဲ့ ဆက်နေတာလဲဖြစ်ပါတယ်။ လက်နက်ကိုက်တွယ် ပစ်ခတ်၊ ဖြုတ်တပ်နည်းနဲ့ ဗုံးလုပ်နည်း-ဗုံခွဲနည်းတွေကို သင်ပေးနေပါတယ်။ • Lashker/JuD အဖွဲ့ကae ၂ဝ၁၂ နှစ်လည်က အဖွဲ့သစ်တခုဖြစ်တဲ့ Difa-e-Musalman Arakan (Burma) Conference (Defence of Muslims in Myanmar) ကို ဖွဲ့ခဲ့ပါတယ်။ မြန်မာအစိုးရဆန့်ကျင်ရေး ရိုဟင်ဂျာအဖွဲ့ ဖြစ်ပါတယ်။ • JuD ပြောရေးဆိုခွင့်ရှိသူ Nadeem Awan နဲ့ JuD ထုတ်ဝေဖြန့်ချိရေးအဖွဲ့ဝင် Shahid Mahmood Rehmatullah တို့ကို သြဂုတ်လထဲမှာ လှို့ဝှက်ပြီး ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာနိုင်ငံက အလားတူအကြံတူအဖွဲ့တွေနဲ့ ဆက်သွယ်ဘို့ တာဝန်ပေးခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့တွေဖြစ်ကြတဲ့ Harkat-ul-Jihadi Islami, Jaish-e-Mohammed နဲ့ JMB တို့ဟာ ရိုဟင်ဂျာ အကျိုးစီးပွါးအတွက် ဘင်္ဂလားဒက်ရှ်မှာ စခန်းသစ်တည်နေကြပါတယ်။ • အဖွဲ့သစ် Jammat-ul-Arakan ထဲမှာ JMB နဲ့ အစွန်းရောက် ရိုဟင်ဂျာတွေ ပါဝင်နေပါတယ်။ ဒေါက်တာတင့်ဆွေ ၂၅-၇-၂ဝ၁
Posted on: Mon, 29 Jul 2013 06:14:06 +0000

Trending Topics



Recently Viewed Topics




© 2015