လားရှိုးမြို့သတင်းစာ - TopicsExpress



          

လားရှိုးမြို့သတင်းစာ ဆရာများကွန်ယက် (ယာယီ) ဖွဲ့စည်း ခြင်းအခမ်းအနား လင်းလင်း(လားရှိုး) လားရှိုး ၁၇-၈-၂၀၁၃ လားရှိုးမြို့သတင်းစာ ဆရာများကွန်ယက်(ယာယီ)ဖွဲ့စည်း ခြင်းအခမ်းအနား ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင်ရှိနေကြသော သတင်းမီဒီယာအသီးသီးမှ လားရှိုးမြို့ နယ်မြေ ခံ သတင်းထောက်များသည် (၁၇-၈-၂၀၁၃)ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန်တွင် လားရှိုး သတင်းစာ ဆရာ များ ကွန်ယက် (Lashio Journalist network ) ဖွဲ့ စည်းခြင်းအခမ်းအနားကို လားရှိုးမြို့လယ် ရွှေဖူးစာခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သတင်းစာ ဆရာများကွန်ယက်ဖွဲ့စည်းခြင်းမှာ ယာယီဖွဲ့စည်းခြင်းဖြစ်ပြီး ယင်း ယာယီဖွဲ့စည်း ပြီး အဖွဲ့အစည်းမှထိုအခမ်းနားတက်ရောက်၍ကွန်ယက်ဖွဲ့ စည်းခြင်းတွင်ပါဝင်သည့် သတင်းထောက်များမှ စုပေါင်းသဘောဆန္ဒနှင့်အညီ ဥက္ကဋ္ဌ အဖြစ် မှုခင်းသတင်းဂျာနယ်မှသတင်းထောက် ဦးစံဇာဏီအောင် (စံဇာဏီအောင်-လားရှိုး)၊ အတွင်းရေးမှူးအဖြစ် ရတနာပုံနေ့စဉ်သတင်းစာမှ သတင်း ထောက် ဦးအောင်ကောင်းမွန် (လင်းလင်း-လားရှိုး)၊ တွဲဖက်အတွင်းရေး မှူးအဖြစ် အလွတ်သတင်းထောက် ဦးကောင်းမြတ်ဇော်(ခွန်ဇော်ဦး-လားရှိုး)၊ အဖွဲ့ဝင်နှစ်ဦးအဖြစ်မှုခင်း သတင်းဂျာနယ်မှသတင်းထောက် ဦးသောင်းလွင် (နေမျိုးနွယ်)၊ Hot News ဂျာနယ်မှသတင်းထောက် ဦးတင်သန်း (ထက်နိုင်လူ-လားရှိုး) အား ရွေးချယ် တင်မြောက်ခဲ့ပြီး ဘဏ္ဍာရှာဖွေရေး တာဝန်ခံအဖြစ် ဦးဘိုဘိုအောင် တို့အား အများသဘောတူ သတ်မှတ်အတည်ပြုခဲ့ကြောင်းသိရှိရသည်။ ဖော်ပြပါသတင်းစာဆရာများကွန်ယက်ဖွဲ့စည်းခြင်းအခမ်းအနားအား ဧည့်သည်တော်များအဖြစ် လားရှိုးမြို့ရှိ ဖိတ်ကြားထားသောပြည်နယ်/ခရို/မြို့နယ်ဌာနဆိုင်ရာများမှ အရာရှိကြီးများနှင့်တာဝန်ရှိသူများ၊၊စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှတာဝန်၇ှိသူများ၊ လားရှိုးသတင်းတပ်ဖွဲ့မှတာဝန်၇ှိသူများ၊မြန်မာနိုင်ငံရဲမှဖိတ်ကြားထား သောရဲအရာရှိကြီးများ နှင့်တာဝန်ရှိသူများ၊မြို့မိမြို့ဖများတက်ရောက် ခဲ့ကြောင်း လည်းသိရှိရသည်။ ယခုဖွဲ့စည်းခဲ့သောလား၇ှိုးသတင်းစာဆရာများကွန်ယက်မှာ (ယာယီ)ဖွဲ့စည်းခဲ့ပြီး အမှုဆောင်များသည် လားရှိုးမြို့သတင်းစာ ဆရာများကွန်ယက်၏လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ် စည်းမျဉ်းစည်းကမ်းမူကြမ်းရေးဆွဲပြီး ယင်းကွန်ယက်တွင် ပါဝင်သော သတင်းထောက်များမှဆုံးဖြတ်စုပေါင်းအတည်ပြုနိုင်ရေးဆောင်ရွက်ခြင်း၊ ယခု ယာယီဖွဲ့စည်းထားခြင်းမှသည် နိုင်ငံတော် အစိုးရ ထံသို့ တရား ၀င်မှတ်ပုံ တင်လျှောက်ထားပြီးမှတ်ပုံတင်ပြီးသတင်းစာ ဆရာများ ကွန်ယက်တစ်ခုဖြစ်လာနိုင်ရန် ဆောင်ရွက်ခြင်း၊ ရှမ်းမြောက်သတင်းစာ ဆရာများ ကွန်ယက် ထပ်မံဖွဲ့စည်းနိုင်ရန် အတွက် ရှမ်းပြည်(မြောက်ပိုင်း)ရှိ မြို့နယ် အသီးသီးသို့ သွားရောက်ကွင်းဆင်း၍ ယင်းမြို့နယ်များမှ လက်ရှိ သတင်းရေးသားလျှက်ရှိသော သတင်း ထောက်များနှင့် ညှိနှိုင်းဆွေးနွေး၍ ရှမ်းပြည်မြောက်ပိုင်း သတင်းစာဆရာများ ကွန်ယက် ထပ်မံဖွဲ့စည်းနိုင်ရန် စည်းရုံးပြုလုပ် ဆောင်ရွက်ခြင်းများလုပ်ဆောင်ပြီးလျှင် ရှမ်းပြည်မြောက်ပိုင်း တရားဝင် သတင်းစာ ဆရာများကွန်ယက်အဖြစ် ဖွဲ့စည်းပြီးအမှုဆောင်သစ်များကိုဒီမိုကရေစီစည်းမျဉ်းစည်းကမ်းများ အညီကွန်ယက်ဖွဲ့စည်းမှုတွင်ပါဝင်ထားပါ သောသတင်းစာဆရာသတင်းထောက်များမှအများ သဘောတူ ရွေးချယ် တင် မြှောက်ကာ ထိုအမှုဆောင်သစ်များ ထံသို့ လက်ရှိတာဝန်များ လွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရှိရပါသည်။ လင်းလင်း(လားရှိုး) mediagrouplashio.blogspot/2013/08/blog-post_17.html
Posted on: Sun, 01 Sep 2013 08:35:48 +0000

Trending Topics



icsexpress.com/Excellent-by-Lord-Daniel-Finkelstein-dannythefink-on-twitter-topic-10151983798455849">Excellent by (Lord) Daniel Finkelstein (@dannythefink on twitter)
Those dam mosquitoes. During Primary School days in Grenada, a
On DCMTA: Audience Member Barbara Bear Awarded the ‘Gary Lee
Morning my friends!! Three days until party time. Im calling on

Recently Viewed Topics




© 2015