လှိုင်သာယာမြို့နယ်တွင် - TopicsExpress



          

လှိုင်သာယာမြို့နယ်တွင် လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှုကြောင့် ယာဉ်တိုက်မှုလျော့ကျဟု ဆို Thursday, August 22, 2013 ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို အရှိန်မြှင့်ဖမ်းဆီး အရေးယူ မှုများ ပြုလုပ်လျက်ရှိရာ ယာဉ်တိုက်မှုများ လျော့ကျလာသည်ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးက သြဂုတ် ၂၀ ရက်တွင် မဇ္ဈိမသို့ ပြောသည်။ အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှုးက “ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ဆိုင်ကယ်စီးခွင့် ပေးမထား ပါဘူး။ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို သိမ်းတယ်။ လိုင်စင်ရှိတဲ့ ဆိုင်ကယ်တွေကို ဖမ်းပြီး ၅၁ လမ်းရုံးမှာ ဒဏ်ငွေငါးသောင်း ပေးဆောင်ပြီး ပြန်ရွေးရတယ်။ ဒီလို ဆိုင်ကယ်တွေကို အရေးယူပေးတဲ့အတွက် ယာဉ်တိုက်မှု တွေ သိသိသာသာ လျော့ကျသွားတယ်”ဟု ပြောသည်။ လှိုင်သာယာမြို့နယ်အတွင်းတွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများအပါအ၀င် ဆိုင်ကယ်စီးသူ အများအပြား ရှိနေပြီး ယင်းသို့ ဖမ်းဆီးမှုများကြောင့် ဆိုင်ကယ်ကယ်ရီသမားများ၏ မိသားစု စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းလည်း လှိုင်သာယာဒေသခံများက ဆိုသည်။ လှိုင်သာယာနယ်ခံ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးက “ဆိုင်ကယ်ဖမ်းရင် ငွေဒဏ် ဆောင်ရတာတို့၊ ဆိုင်ကယ် သိမ်းခံရတာ တို့ အရင်ကတည်းက ရှိတယ်။ အခု ဆိုင်ကယ်ဖမ်းရင် လူကို ထောင်ချလို့ရတယ်လို့ပါပြောတာတွေ ရှိလာတယ်။ အဲတော့ ဆိုင်ကယ်တွေ မစီးရဲကြတော့ဘူး”ဟု ဆိုသည်။ ဆိုင်ကယ် ကယ်ရီသမားများကို ဖမ်းဆီးသောနေရာတွင် ကယ်ရီသမားများသည် ခရီးသည်အပါဝင် သုံးယောက် တင်ခြင်း၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းမထားခြင်း အစရှိသော စည်းကမ်း ဖောက်ဖျက်မှုများကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ ၎င်းက “ကယ်ရီသမားတွေက စည်းကမ်းမရှိကြဘူး။ ဒါကြောင့်ဖမ်းတာ။ ထောင်ချလို့ ရတယ်ဆိုတာက လိုင်စင်မဲ့ ဆိုင်ကယ်ကို စီးတာဖြစ်တဲ့အတွက် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ ထောင်ဒဏ်ချမှတ်လို့ ရတယ်ဆိုတာကို ပြောတာပါ။ လှိုင်သာယာမှာက ထန်းတစ်ပင်၊ ဒလ၊ တွံတေးနယ်ဘက်က ဆိုင်ကယ်တွေ နယ်ကျွံပြီး စီးနင်းတာတွေ ရှိနေတဲ့အတွက် လွန်ခဲ့တဲ့ သုံးလလောက်ကစပြီး အရှိန်မြှင့် အရေးယူနေ ရခြင်းဖြစ်တယ်”ဟု ဆိုသည်။ ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်း တရားမ၀င် စီးနင်းနေသော ဆိုင်ကယ်များကို ပြီးခဲ့သည့် ဇူလိုင် လဆန်းပိုင်းက မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့ရပ်ကွက်တွင် ဖမ်းဆီးခဲ့ပြီး အငှားဆိုင်ကယ်များကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ လှိုင်သာယာတွင် ဖမ်းဆီးခြင်းအပြင် အခြားဆင်ခြေဖုံးရပ်ကွက် အချို့တွင်လည်း ဖမ်းဆီးမှုများ ရှိနေသည် ကို ယင်းရပ်ကွက်ရှိ ဒေသခံများက ဆိုသည်။ Reposted by pyae phyo Credit to myawady news in burmese facebook/MMcities
Posted on: Thu, 22 Aug 2013 04:36:39 +0000

Trending Topics



Recently Viewed Topics




© 2015